Sunday, June 20, 2021

#ထူးဆန်းတဲ့လူ့စိတ်

         တနေ့တော့ တောင်ခြေနားကရွာကလေးက ရွာသားတွေ တောင်ပေါ်ကိုထင်းခုတ် သွားရင်း ရွာသားတစ်ယောက် ကျားဆွဲခံလိုက်ရတယ်။ 
                   ထင်းခုတ်တဲ့ရွာသားတွေ အားလုံးလည်း ပြန်ပြေးလာခဲ့ရတယ်။ရွာသားတစ်ယောက် ကျားဆွဲခံရကြောင်း ရွာလူကြီးကတဆင့် မြို့ပေါ်က အာဏာပိုင်တွေကို အကြောင်းကြားလိုက်တယ်။ ကျားကိုရှာဖွေနှိမ်နှင်းဖို့ အာဏာပိုင်တွေနဲ့ ရွာသားတွေ ပူးပေါင်းပီး တောထဲမှာလိုက်ရှာကြတယ်။ ရွာသားအလောင်းနားမှာပဲကျားကိုတွေ့တော့ အာဏာပိုင်တွေက သေနတ်နဲ့ပစ်လိုက်တယ်။ သေနတ်မှန်တာနဲ့ကျားက ချက်ချင်းလှည့်ပြေးတော့တာပဲ။ လူအားလုံး ညာသံပေးပီး ကျားနောက်ကို လိုက်ခဲ့ကြတယ်။ ကျားကပြေးရင်း ဂူတစ်ခုရဲ့အပေါက်ဝနားမှာ လဲကျသွားတယ်။ သေတာ့မသေသေးဘူး။ လူတွေကလည်း ကျားနာကိုဝိုင်းမိနေပီ။ ကျားနာက ဂူထဲကိုအသံပေးလိုက်တယ်ဆိုရင်ပဲ ကျားပေါက်စလေးနှစ်ကောင် ထွက်လာတယ်။ ဒဏ်ရာတွေနဲ့ကျားက အမ ဖြစ်နေတယ်။ မသေခင်အချိန်မှာပဲ သားသမီးတွေဖြစ်တဲ့ကျားပေါက်စ လေးနှစ်ကောင်ကို နို့တိုက်နေသေးတာပေါ့။ ကျားကို နှိမ်နှင်းခဲ့ကြတဲ့ မြို့ကအာဏာပိုင်တွေနဲ့ ရွာသားတွေလည်း ကျားမကြီးရဲ့ မိခင်မေတ္တာကို မြင်လိုက်ရတော့ အလွန်အင်မတန်ကို  စိတ်မကောင်း ဖြစ်ခဲ့ကြရတယ်။ ခဏကြာတော့ ကျားမကြီးလည်း သေဆုံးသွားတယ်။ ကျားပေါက်လေးတွေလည်း တအီအီနဲ့ အသံပေးပီး မိခင်ကျားမကြီးကို နှိုးနေကြလေရဲ့။ အာဏာပိုင်တွေထဲက တိရစ္ဆာန်ချစ်မြတ်နိုးတဲ့သူ အချို့က ကျားပေါက်စလေးတွေကို မြို့ပေါ်သယ်ယူခဲ့ပီး ကျားမိသားစုရဲ့ အဖြစ်အပျက်ကို ဖော်ပြပီး မိဘမဲ့ဖြစ်နေတဲ့ ကျားပေါက်စလေးတွေကို ကျွေးမွေးပြုစု စောင့်ရှောက်ဖို့ အလှူငွေကောက်ခံပါတယ်။ ကျားမကြီးရဲ့ မိခင်မေတ္တာတရား ကျားပေါက်စလေးတွေရဲ့ မိခင်မဲ့တဲ့အခြေအနေတွေကို လူအများကသိရှိသနားကရုဏာသက်ပီး အလှူငွေတွေ ထည့်လိုက်ကြတာ ပိုက်ဆံတွေအများကြီးရပီး ဘဏ္ဍာရေး အဖွဲ့တွေ စာရင်းကိုင်တွေ စီမံခန့်ခွဲရေး ကော်မတီတွေပါဖွဲ့လိုက်ရတယ်။ တနေ့တနေ့ ကျားပေါက်စလေးနှစ်ကောင်ကို သနားလို့လာကြည့်ပီး အလှူငွေထည့်ကြတဲ့လူတွေကလည်း ပြတ်တယ်လို့ကိုမရှိဘူးတဲ့။ ပိုက်ဆံတွေအများကြီးရလို့ ဘဏ်မှာအပ်ထားရသတဲ့။ ကျားပေါက်စလေးတွေအတွက် အနာဂါတ်အစီအမံတွေပါ ရေးဆွဲ ထားရတဲ့အခြေအနေ အထိကို အောင်မြင်ခဲ့ပါတယ်။
                             အဲဒီလို ကျားပေါက်လေးတွေ အောင်မြင်နေတာကိုကြည့်ပီး မြို့ပေါ်က လူတစ်ယောက်က အတွေးတစ်ခုရလာတယ်။ ကျားကိုက်လို့သေဆုံးသွားတဲ့သူမှာ ဘာတွေကျန်နေခဲ့သလဲဆိုပီးတော့ပေါ့။ သူစုံစမ်းလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျားကိုက်ခံရတဲ့သူက မုဆိုးဖိုတစ်ယောက်တဲ့။ သူ့မှာလည်း  ၃ နှစ်အရွယ် သားတစ်ယောက်နဲ့ ၅ နှစ်အရွယ် သမီးတစ်ယောက်ကျန်နေခဲ့တယ်။ ဒါနဲ့မြို့သားလည်း မုဆိုးဖိုတစ်ယောက်က သားသမီးငယ်တွေကို ရှာဖွေကျွေးမွေးရင်း ကျားကိုက်ခံရပီးသေဆုံးကြောင်း ကလေးတွေမှာ ခိုကိုးရာမဲ့ပီး ဒုက္ခရောက်နေပါကြောင်း အများသိအောင် ကြေငြာပီး အလှူငွေကောက်ခံပါတယ်။ ဒါပေမဲ့ ကျားပေါက်စလေးနှစ်ကောင်လောက် လူတွေက စိတ်မဝင်စားကြဘူး။ အလှူငွေ လေးမဖြစ်စလောက်ပဲရခဲ့တယ်။  ကလေးတွေအတွက် အလှူငွေကောက်ခံခဲ့တဲ့သူလည်း လူတွေအပေါ် အတော်အံ့အားသင့်ပီး နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ 
                                     ဟုတ်ပါတယ်။ တချို့အကြောင်းအရာတွေမှာ လူတွေရဲ့စိတ်ဟာ အတော်လေးကို အံ့အားသင့်စရာကောင်းပါတယ်။
                                              ဥပမာ စစ်ပွဲတွေရပ် ဆိုတဲ့လူတွေနဲ့မီဒီယာတွေပေါ့။ ဆက်ကြေးကောက်တယ် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တယ် လူသတ်တယ် လမ်းတံတားတွေမိုင်းခွဲဖျက်ဆီးတယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်ဘက်ဝန်ထမ်းတွေကို အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်တယ်။ အဲ့ဒီလို သောင်းကျန်းနေတဲ့ အကြမ်းဖက်သမားတွေကိုတော့ မီဒီယာတွေက တိုင်းရင်းသား တပ်မတော်တွေဆိုပီး ချီးကျူးဂုဏ်ပြုပီး ရေးသားဖော်ပြအသံလွှင့်ခဲ့ကြတယ်။ 
                                                      သောင်းကျန်းသူတွေ ထင်ရာစိုင်းခွင့်မရအောင် ပြည်သူတွေတည်ငြိမ်အေးချမ်းစွာနေနိုင်အောင် အသက်နဲ့ခန္ဓာစွန့်လွှတ်ပီး နှိမ်နှင်းပေးတဲ့ တရားဝင် အဖွဲ့အစည်းကိုတော့ အစိုးရစစ်တပ်တဲ့ စစ်ဝါဒီတဲ့။ 
                                                              စစ်ပွဲတွေဟာအစိုးရစစ်တပ်ကြောင့်ဖြစ်ရတာတဲ့။ ဒုက္ခသည်တွေ ဖြစ်လာရတာတဲ့။ ဒါကြောင့် အစိုးရစစ်တပ်ကနေ စစ်ပွဲတွေရပ်ပေးပါဆိုပီး ဆန္ဒတွေပြကြသတဲ့။ 
                                                                        တပ်မတော်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ နေရာအနှံ့ အခြေပြုနေထိုင်နေတာပါ။ တပ်မတော် ကြောင့်စစ်ပွဲတွေဖြစ်ရတယ် ဒုက္ခသည်တွေရှိလာရတယ်ဆိုရင် တနိုင်ငံလုံး စစ်ဘေးဒုက္ခသည်တွေဖြစ်ကုန်မှာပေါ့။
                                                                            ခုဟာက လက်နက်ကိုင်သောင်းကျန်းသူတွေ ရှိတဲ့နေရာမှာပဲ ဖြစ်နေတာလေ။ ဒါပေမဲ့တပ်မတော်ကပဲ အပြစ်ရှိသူဖြစ်နေတယ်။ 
                                                                                     စစ်ပွဲတွေရပ်ဖို့ ပါးစပ်ကနေ ပေါ်ပင်ပြောမနေပဲ စစ်ပွဲရပ်ရမယ့်နည်းလမ်းလေးတွေ ပြောပြပါဦး။ စစ်ပွဲတွေရပ်ဖို့ပြောနေသူတွေရဲ့ ဘဝတစ်လျှောက် နိုင်ငံတော်အတွက် ဘာတွေများ အကျိုးပြုလုပ်ဆောင် ခဲ့ဘူးပီလဲ။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသတွေကိုများ ရောက်ဖူးပီလဲ။ ယောက်ကျားမိန်းမအပေါ်ပိုင်း ဗလာကျင်းနဲ့ အောက်ပိုင်းအရှက်လုံရုံပဲ ဝတ်ဆင်ထားတဲ့ လူမျိုးစုတွေ ကိုမြင်ဖူးရဲ့လား။ ဆန်ရှားလွန်းလို့ ထမင်းကျန်တွေကို ရေဆေးနေပူလန်းအခြောက်ခံပီး ထမင်းခြောက်တွေကို စားနေရတဲ့ဒေသတွေကို ရောက်ဖူးရဲ့လား။ စပါးမစိုက်နိုင်လို့ ပြောင်းဆန်တွေကိုပဲစိုက်စားနေရတာတွေ တီဗီ ဆိုင်ကယ်စတဲ့ စက်ပစ္စည်းတွေကို လုံးဝမမြင်ဖူးတဲ့သူတွေ ဆေးဝါးကုသပေးမယ့်သူတွေ မလာရောက်နိုင်တဲ့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲကြမ်းတမ်းတဲ့ နေရာဒေသတွေမှာနေကြတဲ့ သာမန်အဖျားရောဂါနဲ့သေနေကြရတဲ့ နေရာတွေကိုရောက်ဖူးလား။ ဝေးလန်ခေါင်သီတဲ့နယ်စပ် ဒေသမှာနေတဲ့မြန်မာ တိုင်းရင်းသားတွေကို တဖက်နိုင်ငံကနေ သူတို့အကြီးအကဲ ပုံတွေ အလံတွေ စားစရာတွေထောက်ပံ့ ပေးပီး သူတို့ပိုင်နယ်မြေလိုလို သူတို့လူမျိုးတွေလိုလို ပုံမှားရိုက်နေတာတွေကိုသိရဲ့လား။ 
                                                                                            စစ်ပွဲတွေရပ်ဖို့ တို့ အစိုးရကိုအပုပ်ချဖို့တို့ တပ်မတော်ကိုအပုပ်ချဖို့တို့ဆိုတာ အစိုးရနဲ့တပ်မတော် ပြည့်ပြည့်ဝဝကာကွယ်ပေးထားတဲ့ လုံခြုံရေးနယ်မြေ ထဲမှာပဲ လုပ်လို့ရတယ်ဆိုတာကိုရော သတိထားမိရဲ့လား။ 
                                                                                                      ရန်ကုန် မန်းလေး နေပြည်တော် တောင်ကြီး စတဲ့မြို့ကြီးတွေမှာပဲနေပီး အင်တာနက်လိုင်းပေါ်ကနေ တိုင်းပြည်ကိုချစ်ပြတာကိုတော့ လူတိုင်းလုပ်နိုင်ပါတယ်။ 
                                                                                                               သောင်းကျန်းသူတွေသေဆုံးတဲ့အလောင်း တွေကို အင်တာနက်မှာ မြင်ရလို့ သနားနေတာကို အပြစ်မပြောပါဘူး။ ဒုက္ခသည်တွေအတွက် ပရဟိတ လုပ်ပေးတာကိုလည်း အားပေးပါတယ်။ 
                                                                                                                       သောင်းကျန်းသူတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ နဟ်ဘက်ဝန်ထမ်းတွေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော် သားတွေလည်း သေဆုံး ကျဆုံးနေတာကိုလည်း သိစေချင်ပါတယ်။ သေဆုံး ကျဆုံး ခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေ သားသမီး တွေဟာလည်း မုဆိုးမ မုဆိုးဖို မိမဲ့ဖမဲ့တွေ ဖြစ်ပီး ဒုက္ခရောက်နေရတာကိုလည်း သိစေချင်ပါတယ်။ နိုင်ငံတောကာကွယ်ရင်းနဲ့ ပဲ အရေးယူ ထောင်ကျအပြစ်ပေးခံခဲ့ရတဲ့ ရိုးသားစွာ တာဝန်ထမ်းဆောင်တဲ့ နယ်ဘက်ဝန်ထမ်းတွေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေရှိနေတာလည်း သိစေချင်ပါတယ်။ 
                                                                                                                               မီဒီယာမှာ အပြစ်မဲ့ပြည်သူအချို့ နယ်ဘက်ဝန်ထမ်ူ တချို့ ရဲတပ်ဖွဲ့ဝင်တချို့ အရာရှိစစ်သည်အချို့ ကျဆုံးခဲ့ရပါတယ် ဆိုပီး စာလုံးအနည်းငယ်နဲ့သာ ဖော်ပြခံရတာပါ။ သူတို့မိသားစု သားသမီးတွေ ပူဆွေးဝမ်းနည်းမှုတွေကို ဘယ်မီဒီယာမှ မဖော်ပြပါဘူး။  သောင်းကျန်းသူတွေ ငြိမ်းချမ်းရေး စားပွဲဝိုင်းကို အမြန်ဆုံးတက်လာအောင် သူတို့ပေးဆပ်တာတွေ မဖော်ပြကြပါဘူး။ သောင်းကျန်းသူတွေ အစည်းအဝေးတက်လာပီဆိုရင်တော့ တကယ့်ငြိမ်းချမ်းရေးသမားကြီးတွေလို မဟာသူရဲကောင်းကြီးတွေလို ဝေဝေဆာဆာ ချီးကျူးဂုဏ်ပြုဖော်ပြကြပါတယ်။  
                                                                                                                                           ကျားပေါက်သလေးနှစ်ကောင်အတွက် အလှူငွေ မြောက်များစွာ ရခဲ့သလို လူပေါက်စလေးနှစ်ယောက်အတွက် ဘာမှမရခဲ့တာကို သိခဲ့ရပါတယ်။   
                                                                                                                                                     ကျားပေါက်စနှစ်ကောင်ထက် လူပေါက်စလေးနှစ်ယောက်က လောကကြီးကို အနာဂါတ်မှာ ပိုမိုအကျိုးပြုနိုင်ချေ များပါတယ်။   
                                                                                                                                                             လူသားတွေရဲ့ အတွေးအခေါ် စိတ်ကူးစိတ်သန်း တွေက အလွန်ထူးဆန်းပါတယ်။
                                                                                                                                                             ……… ……… ……… ………… ………… ……………… …
soldier;my life@fb.com