Tuesday, June 15, 2021

နိုင်ငံရေး မဂ်လာဆောင် ဧည့်ခံပွဲ

           ညနေစာ စားပြီးမှ ကိုစိုးရောက်လာလို့ လက်ဖက်ရည် သွားသောက်ကြပါတယ် ။ စားပွဲထိုးက လူသစ်လေး ဆိုတော့ ကိုစိုးအတွက် ပေါ့ကျ နဲ့ ကျနော့်အတွက် ပုံမှန် တခွက်စီ မှာလိုက်ပါတယ် ။ လက်ဖက်ရည် ဂေါက်လာတော့ ကိုစိုးက မြည်းကြည့်ပြီး နှပ်ရည်ထပ်ထည့်ခိုင်းတယ် ချိုနေသေးလို့ တဲ့ ။ ပြီးတော့ ကျနော်နဲ့ လေကန်တာပေါ့....

"ငမျိုးရေး အချိန်ကလည်း လေးလ ကြာသွားပြီ တိုင်းပြည်ကလည်း သိပ်မထူးသလိုပဲ ကွာ ဟိုကြောက်ရ ဒီကြောက်ရ ဖြစ်နေတုန်း ပဲ ''

"နေပါအုံး ကိုစိုးရာ အရင်ကလို သံပုံးလောက်သံ ၊ အုံနဲ့ကျင်းနဲ့ ရဲစခန်းဝိုင်း ၊ အမြင်မတူသူတွေ ကတုံး တုံး နဲ့ လုပ်နေသေးလား ဗျ ''

"အရင်က ကတုံးပဲ တုံးတာကွ အခုဟာက အသေသတ်နေတာ ငမျိုးရေ ''

"အင်း အလစ်အငိုက် လုပ်ကြံနေတာတော့ ထိမ်းသိမ်းဖို့ ခက်ခဲမှာပေါ့ ဗျာ ဒါပေမယ့် ဗြောင်လုပ်ရဲ တဲ့ အဆင့်ကနေ အလစ်ဝင်လုပ်တဲ့ အဆင့်ဆိုတော့ တိုးတက်မှုပါပဲ ကိုစိုးရာ ''

"စီးပွားရေး ကလည်း မထူးဖူးကွ''

"အပြင်ထွက်ပြီး ကုန်စည်သယ်ကြည့်လေ ဘယ်နေရာ မှာ တစ်ဆို့နေလို့လဲ ကိုစိုးရ ''

"ပညာရေး ကျန်းမာရေး ဘာမှ မထူးဖူးလား လို့ ''

"အရင်က လုံးဝ ကုမပေးတဲ့ ဆေးရုံ အများစု အခု ကုသလို့ ရနေပါပြီ ဗျာ ပညာရေးကတော့ လိုချင်သူတွေ ရအောင် ယူ​ကြပေါ့ကိုယ့်ဘာသာ မယူတာတော့ ကိုယ့်တာဝန်ပဲ ကိုစိုးရာ ''

"အင်း စိတ်တိုင်းမကျတာတော့ အမှန်ပဲ ကွ ''

"ဟုတ်ပါတယ် ကိုစိုးရာ ကိုာ့်စိတ်တိုင်းကျတော့ ဘယ်​ဖြစ်သေး မလဲဗျာ ''

"အဲလို ဖြစ်ချင်နေပြီ ကွ ''

"ကိုစိုးရေ နေရာမှန်ရောက်မှ ကိုယ့်စိတ်တိုင်း ကျဖြစ်ရမှာ ဗျ ကျနော်တို့ ပြည်သူတွေက နေရာမှန်မရောက်သေးတာ ဇွတ်တောင်းဆိုလို့ မရသေးဘူး ''

"ဘာနေရာမှန်လဲ ကွ ငါ နားမလည်ဖူး ''

"ခုနတုန်းက ကိုစိုးသောက်တဲ့ လဖက်ရည် အဖန်ရည်ပေါ့ပြီး ချိုနေလို့ ပြင်ခိုင်းတယ်နော် ဆိုင်ကလည်း ပြင်ပေးပါတယ်''

"အေးလေ ဆန်းသလား ဟ ''

"တလောတုန်းက ကိုကြီးငွေ သမီးလေး မဂ်လာဆောင်ကို သွားခဲ့တာ မှတ်မျသေးတယ် မဟုတ်လား ''

"အေးလေ မင်းနဲ့ အတူ သွားတာပဲ လေ ''

"မဂ်လာဆောင်က လက်ဖက်ရည် ချိုရဲရဲ နဲ့ ကိတ်မုန့် လေးချပ် စမူဆာ သုံးခု ကိုစိုးစားခဲ့တယ်နော် ''

"အံမယ် မင်းက ပိုများပါတယ် ကွာ ငါ မမှတ်မိလို့သာ ပါ ''

"ထားပါ အဲဒါပြောချင်တာ မဟုတ်ဖူး ကိုစိုးသောက်နေကြ ပေါ့ကျ မဟုတ်တဲ့ လက်ဖက်ရည် ချိုရဲရဲ ကို မပြင်ခိုင်းပဲ ဘာလို့ သောက်လာတာလည်း ဗျ ''

"ဟကောင် ဂေါက်နေတာလား မဂ်လာဆောင်မှာ လက်ဖက်ရည် ပြင်ခိုင်းလို့ ရမလား ဟ မကြိုက်ရင် မသောက်ရုံပဲ ရှိတာပေါ့ လက်ဖွဲ့ကလည်း ပေးခဲ့ပြီးပြီလေ သူဧည့်ခံတာ ကြိုက်ကြိုက် မကြိုက်ကြိုက် သောက်ရမှာပေါ့ ''

"အဲဒါပဲ လေ ကိုစိုးက မဂ်လာဆောင် ရောက်နေမှန်းသိတော့ ကြေးမများနိုင်တော့ဖူး ​ကြိတ်မှိတ်သောက်ရမှာပဲ လို့ သိထားတာကိုး ''

"ဒီတော့...... ''

"အခု ကျနော်တို့ကလည်း နိုင်ငံရေး မဂ်လာဆောင်ထဲ ရောက်နေတာ ဗျ သူဧည့်ခံတာကို ကြိတ်မှိတ်သောက်ပေတော့ မသောက်ရင် ငတ်ဖို့ပဲ ရှိတယ် လက်ဖွဲ့ကတော့ ပေးခဲ့ပြီးပြီ လေ ''

"ဟိုက်...ပေါက်တီးပေါက်ရှာ ငမျိုးရာ အေးပါကွာ နိုင်ငံရေး မဂ်လာဆောင်ထဲမှာ ကိုယ့်စိတ်တိုင်းကျ မရနိုင်သေးဖူးလို့ပဲ သဘောထားလိုက်ပါ့ ကွာ.. ''

"အဲဒီလို သိထားမှ ခင်ဗျားရင်ထဲက အားမရ မကျေနပ်တာတွေ ပေါ့သွားမှာပေါ့ ဗျာ ''

"OK ဟုတ်တယ် ကွ နဲနဲတော့ ပေါ့သွားတာ အမှန်ပဲ ဟေ့ ပြန်ကြစို့ကွာ ည ၈ နာရီ ထိုးခါနီးပြီ ''

      မျိုးဝင်း