Sunday, June 27, 2021

ဒီအဆင်နဲ့ ဒီအဆင်ကို ခင်ဗျားတို့က အပေါ်ကနေတစ်မြို့ခြင်းသိမ်းယူမယ်ဆိုပြီး ကြုံးဝါး ဖြီးဖြန်းပြသေးတယ်

စစ်သားတစ်ယောက် ဖြစ်ဖို့ အနည်းဆုံး 
စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ စစ်ပညာကို
၄လ ၁၈ပတ်လောက်တက်ရပါတယ်။ 

သင်တန်းဆင်းတဲ့အခါ တပ်သားအဆင့်နဲ့
စတင်တာဝန်ထမ်းဆောင်ရပါတယ်။ 

တပ်သားအဆင့်နဲ့ စီနီယာကျလာ တဲ့
အချိန်မှာ အကြပ်လောင်း ဆိုတာ ၂လခွဲ
တက်ရပါတယ်။ 

အကြပ်လောင်းတက်ပြီးလို့ ဆရာပေါက်စ
ဖြစ်တဲ့ အချိန် အကြပ်ငယ် သင်တန်း
တက်ရပါတယ်။ 

တဆင့်ပြီးတဆင့်တက်ရတာ အကြပ်ကြီး/
အရာခံဗိုလ် သင်တန်းတွေ အထိ
စစ်ပညာကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးပါတယ်။ 

ဒါက သာမန် တိုက်ခိုက်ရေးစစ်သားတွေ
အတွက်ပဲ ပြောတာပါ။ 

လက်ရုံးဝန်ထမ်း တပ်တွေဆိုရင် ပညာရပ်သင်တန်း
တွေကိုတက်ရသလို စစ်ပညာသင်တန်းတွေကို
လည်း တက်ရပါတယ်။ 

ခင်ဗျားတို့ က တိုင်းပြည်ရဲ့ လူငယ်တွေကို
သူပုန်စီမှာ ၂ပတ်လောက်သင်တန်းပေး
၃ပတ်မှာ သင်တန်းဆင်းခိုင်းပြီး
ဖောက်ခွဲဖျက်စီးရေး တွေ လုပ်ခိုင်း ပြည်သူခြင်း
ဒလန်ဆိုပြီး လုပ်ကြံခိုင်းနေတာ 
မလွန်ဘူးလားဗျာ။ 

ဒီအဆင်နဲ့ ဒီအဆင်ကို ခင်ဗျားတို့က အပေါ်ကနေ
တစ်မြို့ခြင်းသိမ်းယူမယ်ဆိုပြီး ကြုံးဝါး ဖြီးဖြန်း
ပြသေးတယ်။ 

စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်သားတွေလည်း
မဟုတ် လက်နက်ဆိုရင်လည်း ဥပဒေ အထိန်းအကွပ်မရှိ
တော့ အကြမ်းဖက်အသွင်ကိုပဲ ဆောင်လာပါတယ်။ 

ခင်ဗျားတို့ကိုယ်တိုင် ဥပဒေကိုလေးစားလိုက်နာမှု
အားနည်း တာရယ် လူငယ်တွေ အပေါ်လိမ်လည်
ကြတာရယ်  မှိုင်းမိလူငယ်တွေလက်ထဲရောက်သွား
တဲ့ လက်နက် တွေဟာ ဥပဒေ အထိန်းအကွပ် 
မရှိတာရယ်ကြောင့် တစ်ချိန်မဟုတ် တစ်ချိန်တော့
ခင်ဗျားတို့ဘက်ကို သေနတ်ပြောင်းပြန်လှည့်လာမှာ
မြင်ယောင်မိ နေပါတယ်။ 

သေနတ်ကိုင်ထားတဲ့ လူကို လေလှိုင်းကနေ
ဆရာကြီး လုပ် ရသမျှအလှူငွေကြတော့ ခင်ဗျားတို့ပဲ
ခွဲတမ်းချ
မြင်ယောင်ပါသေးတယ်။ 

ခင်ဗျားတို့ပြောသလောက် လွယ်လို့ကတော့
တိုင်းရင်းသား လက်နက်ကိုင်တွေ မြန်မာပြည်က
မြို့တွေကို သိမ်းတာ ကြာပေါ့ဗျာ။ 

ကို့တပ်အကြောင်းကို မသိ ကို့တပ်အမျိုးအစား
ကိုမသိ  ရင်ဆိုင်နေရတဲ့ တပ်မတော်ကို ခပ်ပေါ့ပေါ့
ပေါချောင်ကောင်း စစ်တပ်လို့ လူထုကထင်ယောင်ထင်မှား
ဖြစ်အောင်လုပ်ပြီး လူငယ်တွေကို ဒုက္ခပေးနေကြတာ။ 

ခင်ဗျားတို့ရင်ဆိုင်နေရတဲ့ တပ်မတော်ဆိုတာ

စနစ်တကျ လေ့ကျင့်ပေးထားပြီး စားစရာဆန်
မရှိရင်တောင် အငတ်ခံပြီး သစ္စာရှိအမိန့်နာခံတဲ့တပ်အမျိုးအစား
တွေ ဖြစ်တယ်။ 

ခင်းဗျားတို့ အဆင့်မပြောနဲ့ ပတ်ဝန်းကျင် နိုင်ငံထဲက
စစ်တပ်တစ်ခု ဝင်တိုက်ရင်တောင် မနိုင်နိုင်တဲ့
တပ် တွေပါ။ 

သမိုင်းအစဉ်လာနဲ့ ပေါက်ဖွားလာတဲ့ အခြေအနေကို
ကြည့်အုံးမလား လွတ်လပ်ရေး ကြိုးပမ်းမှု
သမိုင်းကနေ ပြည်ပကျူးကျော်စစ် ပြည်တွင်းသောင်းကျန်းမှု
မျိုးစုံ ကြားထဲက ရှင်သန်ပေါက်ဖွားလာတဲ့
တပ်မတော် ဖြစ်တယ်။ 

ခင်ဗျားတို့က နိုင်ငံတော်အာဏာကို တပ်မတော်က
ထိန်းတာကိုပဲ လက်ညိုးထိုး ပြောကြတာ
ခင်ဗျားတို့ ကိုယ်တိုင် တိုင်းပြည်အပေါ်သစ္စာမရှိကြပဲ
ဟိုနိုင်ငံက ငွေတွေတရားမဝင်ယူ ဒီနိုင်ငံက ငွေတွေ
ကိုတရားမဝင်ယူ တိုင်းပြည်ရဲ့ အခြေခံအကျဆုံး
ကာကွယ်ရေး ဥပဒေ တွေကို အတွင်းကနေ
သော့တွေ ဖျက်ပေးခဲ့ကြတယ်။ လက်ဝေခံတယ်။  

ရွေးကောက်ပွဲ လုပ်ပါဆိုတော့ ရွေး/ကော်ကို ခင်ဗျားတို့
ခါးပိုက်ထဲ ထည့်ပြီး ဟန်ပြ သက်သက် ရွေးကောက်ပွဲ
လုပ်ခဲ့ကြတယ်။ 

လူထု ကို မှိုင်းမတိုက်ကြပါနဲ့ ခင်ဗျားတို့ ကျရှုံးလို့
တိုင်းပြည်ပါ ပျက်ပေးရမယ်ဆိုရင်တော့ ဒါ မဟုတ်တော့ဘူး။ 

ဥပဒေ ကိုမလေးစားရင် နိုင်ငံတော်အပေါ်သစ္စာမရှိရင်
Nldပါတီ မှ မဟုတ်ပါဘူး ဘယ်ပါတီ တက်တက်ကျရှုံး
သွားမှာပါပဲ။ 

Kyaw Swar