Friday, June 25, 2021

စပွန်ဆာ ကွင်းဆက်တဲ့လား.... ?

        ညနေစောင်းမှ ကိုစိုးရောက်လာလို့ စကားပြောရပြန်ပါတယ် ။

"ငမျိုးရေ မနက်က ပို့စ် ပျက်ရုံတင်မကဘူး မင်း page ပါ အဖျက်ခံရပြီ ဗျာ ''

"ဟုတ်တယ် မဆန်းပါဖူး ထပ်ဖွင့်မှာပေါ့ ဗျာ ''

"page လိုဟာမျိုး မကျအောင် လုပ်လို့ မရဖူးလား ကွ ''

"ရတယ်ဗျ ဒေါ်လာဆောင်ထားရင် တော်ရုံမကျဖူး ဒေါ်လာ ၂၀ ၊ ၃၀ လောက်ဆို ဖြုတ်မချတော့ဖူး ''

"သြော် အဲလိုလား နေအုံးကွ ငါ့ fri မဟုတ်ပဲ ဟိုကောင်ကွာ မကြညးဖူးတဲ့ အဆိုတော် သေသွားတာတွေ ခဏခဏ တက်နေတာ စိတ်ညစ်တယ် ကွ ''

"အဲဒါငွေပေးပြီး ဖြန့်ခိုင်းထားလို့ လေ နေပါအုံး မိုးချုပ်မှ ဘာစိတ်ကူးပေါက်ပြီး လာတာလဲ ''

"ဒီလိုကွ မင်းမနကိတင်တဲ့ ပို့စ် ကို ဖြုတ်ချတာ အကြောင်းရှိမယ်ကွ သူတို့ နောက်ကွယ်က လူတွေ ပါနေတာ ရိပ်မိကုန်မှာ စိုးလို့ ပိတ်တာလား လို့ မေးချင်တာ ကွ ''

"သူတို့ နောက်မှာ သူဌေးတွေ ရှိတာပေါ့ ဗျာ ''

"အေးကွ အဲဒါ ဘယ်လို ဖော်ထုတ်ရင် ကောင်းမလဲ မင်းစဉ်းစားမိသလား ''

"လုပ်ချင်ရင် လွယ်ပါတယ်ဗျာ ''

"ဟကောင် ဟုတ်မှလုပ်အုံး နောက်ကွယ်က လက်မည်း သူဌေးတွေ ဖော်ထုတ်နိုင်ရင် ထိရောက်မယ် ကွ ''

"ဒီ ရက်ပိုင်းမှာ ဖြူဖြူထွေး နဲ့ နေဆန်း ဆိုတဲ ဆယ်လီတွေ နဲ့ ကြေညာနေတဲ့ လုပ်ငန်းရှင်တွေ ထဲက လုပ်ငန်းတွေ ရပ်ပါပြီ ဆိုတဲ့ လုပ်ငန်းရှင် သူဌေးတွေကိုသာ ဖမ်းစစ်ကြည့်စမ်းပါ ဗျာ အဲဒီလူတွေပဲ NUG နဲ့  PDF ကို ပံ့ပိုးနေကြတာ ဗျ ''

"ဟိုက်....ဟုတ်သားပဲ ဟ ငါမတွေးမိဖူး သူတို့က တပ်မတော် ဆန့်ကျင်ရေး မလုပ်တဲ့ အနုပညာရှင်တွေ နဲ့ လက်မတွဲတော့ပါဘူး ဆိုတာက တပ်မတော်ကို မကျေနပ်တာလို့ ပြောနေတာ နဲ့ အတူတူပဲ ကိုး ''

"သေချာတာပေါ့ ကျုပ်သာ အာဏာပိုင်ဆို အဲဒီ လုပ်ငန်းရှင်တွေ ဆွဲစိပြီး ကိုင်လှုပ်လိုက်ရင် အမြစ်ပါ ကျွတ်ပါလာမယ် ''

"အေး ကွ အဲဒါသိဖို့ ရေးအုံး ကွ''

"အင်း အခုရေးတင်လိုက်မယ် ခင်ဗျားလည်း ပြန်တော့ မှောင်ရင်ကို ပစ်ချင်နေတာ နော် စနိုက်ပါမှန်ပြောင်းမှာ နာမည်ပေါ်တာ မဟုတ်ဖူး အဆော်ခံရလိမ့်မယ် ''

"အေး ပြန်ပြီဟေ့ ''

         မျိုးဝင်း

Related Posts:

  • ကြိုးဆွဲရာ 🍁အာဆီယံအနေနဲ့ အထူးကိုယ်စားလှယ်နဲ့ ဒေါ်စုကြည် တွေ့ခွင့်ရဖို့ အတော်ကိုစိတ်အားထက်သန်နေကြပါတယ်။ ဒေါ်စုကြည်နဲ့ တွေ့ခွင့်ရခြင်းကို ပြဿနာရဲ့ဆုံမှတ် (သို့မဟုတ်) ပဋိပက္ခအားလုံးရဲ့ အဖြေလိုမျိုး ပုံဖော်လာကြပြီး ဒါမှ ခွင့်ပြုချက်မရရင်ပဲ မ… Read More
  • စိုးရိမ္စရာလား...... ?"အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ရာတွင်မြန်မာနိုင်ငံအပေါ် နိုင်ငံရေးဦးတည်ချက်နှင့် ဖိအားပေးသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လိုသူများ၏ လုပ်ဆောင်မှုများကို ရှောင်ရှားနိုင်လိမ့်မည်ဟု မျှ… Read More
  • လူလိမ်ဟူသည်ကား....        သမ္မတပြုတ် ဦးဝင်းမြင့် ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတာတွေ ကြားသိကြမှာပါ ။ တကယ်တမ်းလေ့လာကြည့်ရင် NLD ခေါင်းကြီးပိုင်းတွေဟာ သီလ သမာဓိ ပညာ မပြောနဲ့ လူရိုသေလောက်တဲ့ ဥပတိရုပ်ရည်တွေက အစ ညံ့ဖျင်းလှပါတယ် ။        ရွှေ့… Read More
  • ☘️ အမေရိကန်တွေမိသွားတဲ့ အကြီးစား "ဂျင်း"CIA စင်တင်လိုက်တဲ့ဒေါ်စုဟာ မြန်မာအစိုးရဖြစ်ခဲ့တဲ့ဂျင်းလိုပဲ....တရုတ်နဲ့  တရုတ်မယောင်္ကျားတို့တင်လိုက်တဲ့ ဘိုင်ဒင်လဲ အမေရိကန်သမ္မတဖြစ်လာတယ်လို့ခပ်စောစောထဲက ပြောတော့သိပ်မယုံချင်ကြဘူး၊အခု...ဘိုင်ဒင်သား ငွေစာရင်းကိုFBI စစ်နေပြီ၊ … Read More
  • ရွာထဲကိုခွေးရူးဝင်ရင်တစ်ရွာလုံးမောင်းထုတ်ကြ သလို pdfတွေကိုမောင်းထုတ်ကြ။ဘုရားဖူးမထွက်ရဘူး        တဲ့ကထိန်မခင်းရဘူး တဲ့မင်္ဂလာမဆောင်ရဘူး        တဲ့စာမသင်ရဘူး               တဲ့ဆေးမကုရဘူး               တဲ့စျေးမရောင်းရဘူး            တဲ့အလုပ်မဆင်းရဘူး           တဲ့ပျော်ပျော်ပါးပါး မနေရဘူး     တဲ့လက်နက… Read More