
နှစ်ဟောင်းကုန်၍နှစ်သစ်တစ်ခုသို့ ကူးပြောင်းခြင်းကို အထိမ်းအမှတ်ပြုသော မဟာသင်္ကြန်ပွဲတော် ကာလအတွင်း မြန်မာနိုင်ငံသားအားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်း ပျော်ရွှင်ကြပါစေ ။ နှစ်သစ် မှစ၍ အကြံသစ် ဉာဏ်သစ် အားမာန်သစ်တို့ဖြင့် လုံခြုံ အေးချမ်းတည်ငြိမ်သော ၊ ညီညွတ် မျှတသော ပတ်ဝန်းကျင်သစ်ကို စုပေါင်းတည်ဆောက်နိုင်ကြပါစေ ။ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအသီးသီး၏ သွန်သင်ဆုံးမမှုဖြင့် ယဉ်ကျေးချိုသာ သိမ်မွေ့ကြပါစေ ၊ နီတိ ကျင့်ဝတ်တို့ကို...