Tuesday, November 23, 2021

🍁 သူတို့ဆီမှာ.....


ပြင်သစ်၊ ဆွစ္စ၊ အီတလီ စတဲ့နိုင်ငံတွေမှာ
အခုလို ဆိုင်လေးတွေက နေရာအနှံ၊
ဟိုတယ်ကြီးတွေလောက် ဈေးမကြီးပေမဲ့
ဈေးသေးလိမ့်မယ်လို့တော့ မထင်လိုက်နဲ့၊
အများစုက
အခုလို အေးအေးချမ်းချမ်းလေး
စားသောက်ရင်း စကားပြောလေ့ရှိတယ်၊
Club တွေထဲမှာ ဆူညံသလောက်
အခုလိုနေရာမျိုးမှာ စကားသံတောင်
ကျယ်ကျယ်ပြောလေ့ မရှိကြဘူး၊

...........

တခါတခါမှာ
လွတ်လပ်မှုကို သိပ်ဦးစားပေးတဲ့အခါ
ယဉ်ကျေးမှု အတိုက်စားခံရတယ်။

တချို့ကမ်းခြေတွေဆိုရင်
အဝတ်မပါပဲသွားရတာ....
One piece, two pieces နဲ့သွားရင်
တောသားပဲ၊

ဘာမှမထူးဆန်းဘူး
ဟိုကြည့် ဒီကြည့်ဆိုရင်လဲ
တောကျီးကန်းပဲ 

သွားချင်ကြသလား
လိုက်ပို့ပေးမယ်၊ 😁

..................

ပြင်သစ်ရောက်ရင်
လူတိုင်းသိတဲ့ ပန်းခြံကြီးတခုရှိတယ်၊
အကောင်းစား ကားတွေ
ဟို ဟို ဒီဒီ ရပ်ထားတာတွေရလိမ့်မယ်၊

အနှောက်အယှက်ပေးလို့မရဘူး
ရဲတွေက ယူနီဖေါင်းနဲ့ ၊
သူတို့ကိုမြင်ရမှာ မဟုတ်ဘူး

အမျိုးသမီးက
ကိုယ်သဘောကျတဲ့ ကျားကိုရှာ
အမျိုးသားကလည်း ကိုယ်သဘောကျတဲ့
အမျိုးသမီးကိုရှာ၊

နှစ်ဦးပြေလည်ရင်
စကားပဲပြောပြော
ကလိပဲထိုးထိုး၊
တနာရီပဲနေနေ
တနေ့လုံးပဲကြာကြာ
ဘယ်သူမှ အနားလာပြီး
နှောက်ယှက်လို့မရဘူး။

တယောက်ကသဘောကျပြီး
နောက်တယောက်က သဘောမကျရင်တော့
မရဘူးနော်၊ မမြင်ရတဲ့ ရဲက 
ထွက်လာပြီး ဂုတ်ကုတ်သွားလိမ့်မယ်၊

ကန်တော်ကြီးမှာလို
လိုက်ချောင်းရင်လဲ
ရဲက ဂုတ်ကုတ်သွားမှာပဲ၊
အားလုံး ခဏတွေ့ကြတာ၊

အဲ့ဒီလိုတွေ့ပြီး
နှစ်ဖက်သံယောစဉ်ရှိလို့
အပြင်မှာ ဇာတ်လမ်းဆက်ကြတာက
တကဏ္ဏ၊

တဖက်ထဲက သံယောစဉ်ရှိပြီး
အခြားတဖက်ကလက်မခံတော့ရင်...
အရင်ပန်းခြံမှာ တွေ့ဘူးလို့ပါဆိုပြီး
ဆင်ခြေပေးလို့ မရပြန်ဘူး၊

ဘယ်နှယ်လဲ ?
သွားချင်ကြပါလား ?

နိုင်ငံရေး၊ စီးပွားရေးတွေချည်း
ရေးပေးနေလို့...
စိတ်ကျဉ်းကြပ်နေသူတွေအတွက်
ပျော်စရာတခုဖြစ်အောင်လို့ ရေးတာနော် 

ကို ဘမောင်ကြီး
ဘယ်နှစ်ခါ ရောက်ဘူးလဲလို့ 
မမေးရ.... 😁

ဆာစွန်း တို့သွားချင်နေပြီနဲ့တူရဲ့ 😁

Related Posts: