Sunday, November 7, 2021

လက်မတင်ကလေး.......အလို (သီသီကလေး လွတ်ခဲ့ရတယ်)


* ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတာ
  ကို မကြည့်နဲ့၊ဒေါ်ခင်ကြည့်သမီးဆို
  တာကို မြင်အောင်ကြည့်။စူလတန်
  မာမွတ်ရဲ့မြေးဆိုတာ မြင်အောင်ကြည့်။

* မြန်မာဝတ်စုံဝတ်ပြီးတော့
   ခေါင်းမှာပန်းပန်ထားတာကို
   မကြည့်နဲ့ ၊"နှစ်ဆယ့်တစ်ရာစုမှာ
   မျိုးချစ်စိတ်ဆိုတာ
   အသုံးမဝင်တော့ဘူး၊
   မလိုအပ်တော့ဘူး"လို့
   ပြောခဲ့တာကို မြင်အောင်ကြည့်။

* ကမ္ဘာ့ငြိမ်းချမ်းရေး
   နိုဘယ်ဆုရှင်ကြီးဆိုတာကို
   မကြည့်နဲ့၊ငြိမ်းချမ်းရေးတစ်ခုမှမ
   လုပ်ဘဲနဲ့နိုဘယ်ဆုကို ဘာကြောင့်
   ရခဲ့တာလည်းဆိုတာရယ်...
   ဒီဆုကို ဘာကြောင့်ပေးခဲ့ကြတာ
   လဲဆိုတာရယ်;သူ(စုကြည်)က
   လည္း ဘာကြောင့်ဆုလက္ခံခဲ့သလဲ
   ဆိုတာကို မြင်အောင်ကြည့်။

* ထောင်အကျယ်ချုပ်
   နှစ်ပေါင်းနှစ်ဆယ်လောက်
   ကျခဲ့တာကို မကြည့်နဲ့၊

   သူသွားလေရာ နေရာတိုင်းမှာ
   ဆူပူအုံကြွမှုတွေဖြစ်တာ,
   သွေးချောင်းစီးတာ,
   တိုင်းပြည်ပျက်ကြီးလိုဖြစ်အောင်
   လုပ်နေတာတွေကို မြင်အောင်ကြည့်။

* 'စစ်အာဏာရှင်တွေကြောင့်
   တိုင်းပြည်ဆင်းရဲခဲ့ရတယ်'
   ဆိုတာကို မကြည့်နဲ့၊တိုင်းပြည်
   ဆင်းရဲအောင်စီးပွားရေးပိတ်ဆို့ဖို့ 
   ခိုင်းခဲ့တဲ့သူ ဘယ်သူလဲဆိုတာကို
   မြင်အောင်ကြည့်။

* လူထုခေါင်းဆောင်ဆိုတာကို
   မကြည့်နဲ့၊သူ့ဘေးနားနဲ့လွှတ်တော်
   ထဲမှာ နိုင်ငံခြားသားတွေ၉၀ကျော်
   ကို ခေါ်ထားပြီးတော့ဒီတိုင်းပြည်
   ရဲ့အတွင်းရေးတွေကို အပြင်ဖြန့်
   ပစ်ပြီးNLDအစိုးရက ဘယ်လိုဘယ်
   ပုံအုပ်ချုပ်ခဲ့သလဲ
   ဆိုတာတွေကို မြင်အောင်ကြည့်။

* ယခု NLDပါတီဝင်တွေကို
   တပ်မတော်က ဖမ်းဆီးထိန်းသိမ်း
   လိုက်တာကို မကြည့်နဲ့၊
   သူခိုဂျပိုးတွေ မခိုအောင်းနိူင်
    အောင် လုပ်ထားတဲ့ ဧည့်စာရင်း
    ဥပဒေ, နောက်ယောင်ခံစောင့်ကြည့်
   ဥပဒေ, နယ်ခြားစောင့်
   စစ်ဆေးရေးဥပဒေ(စသည်)
   တိုင်းပြည်ဖျက်မည့်ဒုစရိုက်သမား
   တွေ ရန်ကတားဆည်းပေးတဲ့
   ဥပေဒ ၁၀ ခု            
   NLD က ပယ်ဖျက်မခဲ့တာတွေ......

   နောင်တစ်ချိန်မှာ
   နိူင်ငံခြားသားများလွှမ်းမိုးလာ
   အောင် ၁၈ နှစ်အောက် နိုင်ငံခြား
   သား ကလေးမွေးစားခွင့်ဥပဒေ
   ပြဋ္ဌာန်းခဲ့တာတွေ......

   တိုင်းပြည်အုပ်ချုပ်တဲ့သမ္မတဟာ
   နိူင်ငံခြားသားများဖြစ်လာစေဖို့
   အတွက်၅၉ စ ဥပဒေကို ပယ်ဖျက်
   ပစ်ဖို့လုပ်ဆောင်ခဲ့တာတွေ-

   အဲ့သလို လုပ်တဲ့အတွက်
   နိုင်ငံခြားက ပေးတဲ့
   ဒေါ်လာတွေကို NLDတွေက
   သန်းပေါင်းဘယ်လောက် ရရှိ
   ခဲ့ကြသလဲဆိုတာတွေကို
   မြင်အောင်ကြည့်။

အဲဒါတွေကို မြင်အောင်
ကြည့်တတ်တဲ့သူတွေကတော့
တပ်မတော်သားတွေနဲ့ 
အမျိုးသားရေးသမားတွေပါပဲ။

NLDထောက်ခံသူတွေကတော့  
တပ်မတော်နဲ့အမျိုးသားရေး
သမားတွေ, အခြားပါတီက
သူတွေကို ဆဲဖို့ဆိုဖို့ ရန်ရှာဖို့
အကြမ်းဖက် ဖျက်ဆီးဖို့
အဲဒီတစ်ခုသာလျှင် သူတို့တွေက
သိကြတာ၊ မြင်ကြတာ။

ဒီနိုင်ငံမှာ ဒီလိုလူမျိုးတွေ
အသိပညာမဲ့ စုံလုံးကန်းတွေ
များလာတဲ့အခါ- တိုင်းပြည်က
တိုးတက်ဖို့ထက်
ပျက်စီးဖို့က များလာပြီ။
အမှန်တကယ်လည်း ပျက်စီးစ
ပြုနေပါပြီ။

တပ်မတော်သာ အချိန်မှီ
မထိန်းသိမ်းခဲ့ရင်...
မြန်မာနိုင်ငံကတော့
တည်ရှိကောင်းတည်ရှိမယ်၊
လူမျိုးနှင့်ဘာသာကတော့
ပျောက်ကွယ်ပြီး
'ဒုတိယ အင်ဒို ဖြစ်ပြီလို့သာ'
မှတ်လိုက်ကြ။ ။

Credit-Original Uploader