Monday, November 22, 2021

#အရေးပါသော်လည်းအရာမရောက်ခဲ့သူ


သူ့ကို ဘာကြောင့်ဖမ်းမိဖို့ကြိုးစားခဲ့ရတာလဲ ?
သူကဘာတွေလုပ်နေလို့လဲ ?
သူကဘယ်လောက်အရေးပါနေလို့လဲ ?

မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးဖြစ်တဲ့
ရန်ကုန်မြို့နှင့် အနီးတဝိုက်မှာ
တိုက်ခိုက်မှု လုပ်ကြံ -တ်ဖြတ်မှု
မိုင်းထောင်ဖောက်ခွဲမှုတွေမှာ
အဓိကလိုအပ်တဲ့ လက်နက်
ပစ္စည်း ငွေကြေးတွေကို ပံ့ပိုး
ပေးနေတာ သူပဲ

လုပ်ချင်တဲ့ အဖွဲ့က ဘယ်နေရာမှာ
ဘာလုပ်ချင်ပါတယ်လို့ သူ့ကိုတင်ပြရတယ်
သူအတည်ပြုမှ လိုအပ်တဲ့ လက်နက် ပစ္စည်း
ငွေကြေး ထုတ်ပေးတယ်

လုပ်ဆောင်ပြီးရင်လည်း သက်သေတစ်မျိုးမျိုး
ပြရတယ်

ဒါကြောင့် ယခင်ဖြစ်စဉ်များရဲ့ တရားခံတွေ
ထွက်ဆိုချက်မှာ သူမပါတာ မရှိသလောက်ပဲ

ငွေတွေ အဲဒီလောက်အများကြီး ဘယ်လို
ရသလဲဆိုရင် တခြားသူတောင်းစားအဖွဲ့တွေ
လိုအလှူခံစရာမလိုအောင် ပြည့်စုံပြီးသား

ဇာတ်လမ်းအစကထဲက သူ့အမတာဝန်ယူ
လုပ်ကိုင်နေတဲ့ဘဏ်ကနေပြီး ပြည်ပနိုင်ငံ
တစ်ခုကထောက်ပံ့ထားတဲ့ ဒေါ်လာ ၅ သန်း
ကို မြန်မာငွေနဲ့ လဲလှယ်ထုတ်ယူသွားကြောင်း
သတင်းထွက်လာပြီးသား

ဒါဆို လက်နက် ပစ္စည်းတွေကရော 
ဘယ်လိုရလာသလဲဆိုရင် အားလုံးကို
ခုနောက်ပိုင်းမှ နယ်စပ်ကသွင်းလာတယ်
လို့ထင်ရင် မှားသွားမယ်

သူတို့လည်း ကြိုတွက်ပြီးတော့ B plan
C plan တွေဆွဲထားပြီးသား 

အာဏာရှိစဉ်ကထဲက VlP လမ်းကြောင်းနဲ့
သွင်းယူ စုဆောင်း သိမ်းဆည်းထားတယ်
မထင်မှတ်တဲ့ နေရာတွေမှာဖြန့်ခွဲဖွက်ထားခဲ့တယ်

ဇာတ်လမ်းအစမှာ ထုတ်မသုံးတာက ခုလို
လက်နက်ကိုင် တော်လှန်မည့်အင်အားကို
ချက်ခြင်းစုစည်းလို့မရသေးဘူး

သာမန်ဆန္ဒပြ ဆူပူသောင်းကျန်းတဲ့သူတွေ
ထဲက တကယ်လုပ်နိုင်မည့် လူမျိုးကို
ပစ်မှတ်ရွေးချယ် စည်းရုံး စုစည်းခဲ့တယ်

အလုပ်အကိုင်မရှိသူ ပါတီအပေါ်မျက်ကန်း
ယုံကြည်သူ ပညာနည်းပါးပြီးပြောသမျှ
ယုံကြည်တတ်သူ စသည်ဖြင့်ပေါ့

အဲဒီလို လူအင်အားသင့်တင့်စွာရရှိလာချိန်မှာ
ငွေကြေးထောက်ပံ့ပေးပြီး EAO နယ်မြေတွေမှာ
သင်တန်းတက်ရောက်ဖို့ စေလွှတ်ခဲ့တယ်

တပ်စိတ် တပ်စု တပ်ခွဲတိုက်ပွဲတွေဆင်နွဲတတ်တဲ့
အဆင့်လောက်အထိ တတ်စရာမလိုဘူး

လက်နက်ငယ်ပစ်တတ်ဖို့နဲ့ မိုင်းထောင်ဖောက်ခွဲ
တတ်ဖို့ လောက်ပဲ လက်ပူတိုက်သင်ယူစေပြီး
ပြန်လာခိုင်းတယ်

လက်နက် ပစ္စည်းကမြိုတွင်းမှာရှိပြီးသားလေ
လွယ်လွယ်ကူကူသယ်လို့ရတာ အချို့တော့
ပါလာတာပေါ့

အဲဒီအချိန်မှာ နစက ကလည်းသဘောထား
ပျော့ပြောင်းစွာကိုင်တွယ်ခဲ့တော့ သူတို့အတွက်
အချိန်နဲ့ အခြေအနေဖန်တီးပိုင်ခွင့်တွေ ရသွားတယ်

NUG ကD dayကြေငြာပြီးနောက် နစက ကဖိဖိစီးစီး
လုပ်လာချိန်မှစပြီး သူတို့လည်း စတွယ်တော့တာပဲ

ဒါတွေ အားလုံးနီးပါးဟာ မောင်ကျော်(ခ)ဖြိုးဇေယျာသော်
ဦးစီးတဲ့ အဖွဲ့လက်ချက်ပဲ

သူကဘယ်လောက်အရေးပါလဲ ဆိုတာတော့ ခုမှပေါ်လာတဲ့
ဓာတ်ပုံလေးတွေက ဖြေပေးပါလိမ့်မယ်

အရိယာမကြီးနဲ့ ဒီလောက်ရင်းနှီး ကျွမ်းဝင် ယုံကြည်
ပတ်သက် #ဆက်ဆံ နေတဲ့လူတစ်ယောက်ရဲ့တာဝန်တွေက
 B plan C plan စသည် စသည် planတွေကို အရေးပါတဲ့
နေရာက ဦးစီးဆောင်ရွက်ရန် ဖြစ်ပါတယ်

Credit