Wednesday, November 17, 2021

ကျွန်တော်သိသော လူလိမ်.... ပြောရပါအုံးကျွန်တော်မည်။


ခင်ဗျားတို့ကြိုက်
သော စာများကျွန်တော်ရေးတတ်ပါသည်။

ဒါပေမဲ့ ကျွန်တော်ကြိုက်တာပဲ ကျွန်တော် ရေးနိုင်မည်။

အလိမ္မာ စာမှာရှိတဲ့ facebookက
ခေတ်သစ်နှင့် dvb ၊ မိဇ္ဇိမလောက်က သတင်းများ
စာများဖတ်ပြီး လူလိမ္မာမဖြစ် ပဲ လူလိမ်ပါ များ ဖြစ်နေကြသော
လူတန်းစားတစ်ရပ် မြန်မာပြည်တွင် ရှိ နေသည်ကို တွေ့ရ၏။

ပြောလိုက်ရင် ပြည်သူလက်မခံဘူး
ပြည်သူ မကြိုက်ဘူးဟု ဆိုပြန်၏။

ပြည်သူ ဆိုတာကို မဲခိုး၍ ပြုတ်သွား
သော nldပါတီကို ထောက်ခံသည့် လူတန်းစား
တစ်ရပ်တည်းကို ပြည်သူဟု ဆိုနေပြန်၏။

ယနေ့ ပါတီစုံ စနစ်တွင် ပါတီပေါင်း
၉၃ ပါတီရှိ၏။ UEC တွင် မှတ်ပုံတင်
ထားသော တရားဝင်နိုင်ငံရေးပါတီများ
ဖြစ်သည်။

လူ ထောက်ခံမှု များတာ ရှိမည် 
နည်းတာ ရှိမည် သို့သော် တရားဝင်
နိုင်ငံရေးပါတီ များ ဖြစ်သည် ဆိုသော
အချက်ကို သဘောပေါက်ရမည်
ဖြစ်သည်။

လူများစု ထောက်ခံသည်ဟုဆိုကာ
ရွေးကောက်ပွဲကို ဟန်ပြ လောက်သာ
ကျင်းပပြီး မဲခိုးမဲလိမ် လုပ်၍ အဓမ္မနည်းဖြင့် နိုင်ငံရေးအာဏာရရှိအောင်
လုပ်ဆောင်သော Nldပါတီ၏ လုပ်ရပ်သည် အခြားအရပ်သား နိုင်ငံရေးပါတီများ
ကို စော်ကားခဲ့သော လုပ်ရပ်ဖြစ်ပြီး nldပါတီ၏ပထမ အမှားဖြစ်သည်။

ပါတီစုံ ဒီမိုကရေစီ စနစ်ကို လိုလား
သည်ဟု အော်နေ သော်လည်း 
တစ်ပါတီ မဟာမိတ် မရှိ မဲခိုးပြီး အစိုးရ
ဖြစ်အောင် ကြိုးစားကြရာ ပိုမဲ အရေ
အတွက်များကို မရှင်းနိုင် တော့သော
nldပါတီသည် ယနေ့ လမ်းဘေးကို
ရောက်ခဲ့ပြီဖြစ်သည်။

စစ်တပ် အာဏာထိန်းကို အပြစ်​ပြော
မနေနှင့် အခြေခံ ဥပဒေ တွင် တရားဝင် ပြဋ္ဌာန်း ထားသည့် အတိုင်း
စစ်တပ်က ဆောင်ရွက် ခြင်းဖြစ်သည်။

တကယ်တမ်း အပြစ်မြင်ရမည်ကာ
ဥပဒေ များကို လေးစားမှု မရှိ သော
၇၅ ရာခိုင်နှုန်းရရှိထားသောအရပ်သားနိုင်ငံရေးကို မသေသေအောင်သတ်ခဲ့
သော nldပါတီ မှ နိုင်ငံရေးသမားများ
ကို အပြစ်တင်ရမည် ဖြစ်သည်။

ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သိသိနှင့်
လုပ်ဆောင်ခြင်း ရမလား ဆိုသည် 
ကလေး အတွေး ဖြင့် လုပ်ဆောင်ခြင်း
ဖြစ်၏။

နိုင်ငံတော် အာဏာကို အဓမ္မနည်းနှင့်
ရယူဖို့ လုပ်ဆောင်သည့်အတွက်ပြုတ်ပြီးပြီ ဒါလည်းလမ်းဘေးရောက်ပြန်တော့င​ြိမ်င​ြိမ် မနေ တရားမျှတစွာ ကျင်းပမည့်
ရွေးကောက်ပွဲကို စိတ်မဝင်စား ပဲ
သေနတ်ဖောက်၍ နိုင်ငံတော် အာဏာ
ကို ဖြတ်လမ်းက ရယူရန် ထပ်မံ ကြိုးစားကြပြန်သည်။

ထောက်ခံသူ လူတစ်စုကို လက်နက်
တတ်ဆင်ပေးပြီး တော်လှန်ရေးကြီး
အောင်မြင်တော့မှာပါဟု 
လော်ဘီအဆင့်သာရှိသောမီဒီယာများ
ကို အသုံးချပြီး
အော် နေကြသော်လည်း
၄င်းတို့ NlD NUG အများစု
မှာ ပြည်ပ တွင် ဘဝသစ်စနေကြ
ပေပြီ။ ၄င်းတို့၏ သားသမီးများ
အမေရိကန်တွင် ကျောင်းတက်နေကြ
ပြီဖြစ်သည်။

ပြည်တွင်းတွင် ရှိသော ထောက်ခံသူ တာဇံ တောသား များမှာ မိမိကိုယ်ကို လူလိမ်ပါ များ ဖြစ်နေကြသည်ကို မသိ
ဖိုက်ဟ၊ တိုက်ဟ၊ သတ်ဟ၊ မိမိ အမျိုး
အဆွေ မိမိသားသမီး ကျောင်းမတက်ရ ဆိုလည်းယုံ၏၊ ရုံးမတက်နဲ့ဆိုလည်း
ယုံ၏။

nld nug မှာ ရှိတဲ့ လူတွေရဲ့ သားသမီး
တွေ အမျိုးအဆွေတွေကျောင်းမထားဘူးလား လို့ တွေးကြည့်ဖူးသူ မရှိ ကြပါ။

ထို့ ကြောင့် လူလိမ်ပါ ဟု ခေါ်၏ အလိမ်ခံရ၍ ပါသွားသူများဖြစ်၏။လူဖြစ်ပါရဲ့ နှင့် နိုင်ငံရေးနဖားကြိုးထိုး၍ ခိုင်းစား ခံရ နွား များ သဖွယ်
ဖြစ်၏။

ဒါပေမဲ့ လျှော့တော့ မတွက်
နှင့် ထိုနဖားကြိုးထိုးခံ လူတန်းစားအုပ်စု
က သူတို့ကို သူတို့ ကြတော့ ပြည်သူဟု ခေါင်းစဥ် တတ် တတ်သည့် နေရာ
တွင် ထိပ်ဆုံး က ဖြစ်ပါသည်။

ဥပဒေ မဲ့ လုပ်ရပ် မှန်သမျှ အစိုးရအာဏာ ရ နေစဥ်ကလည်း အာဏာကို
အသုံးချ ၍ လုပ်၏ ဇာတ်တူသားလည်း
စား၏ ။ ဦးဖြိုးမင်းသိန်းရာထူးတည်မြဲ
ရေး အတွက် ဒေါ်လာနှင့် ရွှေများ
ဝါးမျို ခဲ့သည်ကို ကြည့်ခြင်းဖြင့် ဇာတ်တူသားလည်း စားသည် ကိုသိနိုင်၏။

Nldဆောက်လုပ်ရေးဒုဝန်ကြီး 
ဦးကျော်လင် သည် ဦးဇော်ဇော်ထက် ချမ်းသာ သွားခြင်းကို ကြည့် ခြင်း
ဖြင့်တိုင်းပြည်ဘဏ္ဌာကို လည်း ခိုး၏။

ထိုလူ အုပ်စုကို ထောက်ခံသော လူတန်းစားတရပ် ကလည်း ဥပဒေ မဲ့
အလုပ်မှန်သမျှ အကုန် လုပ်၏။

ဥပဒေ ကို ကျူးလွန်၍ အဖမ်းခံရတော့မှ စစ်တပ် က အကြမ်းဖက်သည်ဟု
အော်ကြ ပြန်သည်။သူတိုက ပြည်သူ
ဟု ခေါ် လေပြီ။

ဒီနိုင်ငံတွင် အနီ/အစိမ်း ပါတီစုံ
တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပါသည်။

nldကို မဲထည့်သူ ၁၂ သန်းထက်
မပိုပါ။ ကျန် ၄၁ သန်းသော ပြည်သူ
သည် ပါတီစုံ ရောင်စုံ ဖြစ်ပါသည်။

ထိုထဲတွင် တပ်မတော်ကို ထောက်ခံ
သော လူများသည်လည်း ပြည်သူ၊
အခြားပါတီများကို ထောက်ခံသော
လူများသည် ပြည်သူများ ဖြစ်သည်
ဆိုသော အချက်ကို nld ထောက်ခံ
လူအုပ်စုက နားမလည်ကြပါ။

ယနေ့ တပ်မတော်ကို ထောက်ခံသောသူများကို သတ်ဖြတ် ခြင်း၊ usdpပါတီ
ဝင်များကို သတ်ဖြတ်ခြင်း၊ 
မဲပေးပိုင်ခွင့် မရှိသော သံဃာတော်များကိုသတ်ဖြတ်ခြင်း၊ အခြားပါတီဝင်များကိုလက်နက်အားကိုးသတ်ဖြတ် နေခြင်းများသည် NLDပါတီ က
ပြည်သူကို သတ်နေခြင်း
ဖြစ်သည် ဆိုသော အချက်ကို နားလည် ပုံ မရ သူတို့ကို သူတို့သာ
ပြည်သူဟု ထင် သော ရောဂါ သည်
လူလိမ်ပါ တို့၏ ရောဂါ လည်းဖြစ်ပါသည်။

မောင်းပြန်သေနတ် ၁လက်ရယုံဖြင့်
စစ်တိုက်၍ ရမည်ဟုထင်နေ၏။

ကျောပေါ် က စားစရာ အတွက်
ထည့်စဥ်စားပုံ မပေါ်ပါ ။

ဒဏ်ရာရ ဖျားနာ ဆေးကုဖို့သူတို့မတွေး
ခြေလက်အဂ်ါ ထိခိုက် ဆုံးရှုံး အသေခံရုံမှ
တစ်ပါးအခြားမရှိကြောင်းသူတို့မသိ။

Credit



Related Posts: