ယနေ့ မန္တလေး ဦးပိန်တံတားမှာ ကလေးတဦးရေထဲပြုတ်ကျမှုဖြစ်ပွားရာ ဆရာတော်၂ပါးနဲ့ လူငယ်တဦးက ကလေးကို ရေထဲကနေကယ်ဆယ်ခဲ့ကြပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဆရာတော်က U Arrseinna က အခုလိုပြောပြတာက...
"ကလေးမိဘများသတိထားကြစေချင်
ယနေ့ဦးပိန်တံတားပေါ်ညီအစ်ကိုတွေလမ်းလျှောက်ကြရင်းကလေးတစ်ယောက်ရေထဲပြုတ်ကြပါလေရော။အကြီးမလေးရဲ့အော်သံကြားတာနဲ့တစ်ခါထဲရေထဲခုန်ဆင်းပြီးကယ်ခဲ့တဲ့ညီလေး U Kheminda လက်တွေပွန်းခြေပွန်း
သင်္ကန်းပါကျွတ်ကျန်နေခဲ့တာ။ဒါပေမယ့်လည်းရေကနက်သေးတာရယ်ကူပေးမယ့်လူမရှိတာရယ်
လှေမရှိတာကြောင့် Kyaw Zin ပါဆင်းပြီးထပ်ကယ်
မိမိကတော့တံတားအောက်ခြေကနေ သမီးလေးကိုဆွဲတင်ပြီးခက်ခက်ခဲခဲကယ်ထုတ်နိုင်လို့အသက်တစ်ချောင်းကယ်ခွင့်ရခဲ့ကြပါတယ်။
သတိပေးချင်ပါတယ် ။ကလေးတွေတံတားအစပ်မှာ
မထိုင်ကြဖို့နဲ့မိဘများသားသမီးတွေဂရုစိုက်ပေးပါ။
ဒီနေ့အတွက်တော့ညီအစ်ကိုတွေအမှတ်တရဖြစ်ကျန်ခဲ့သမီးလေးတော့အရမ်းကြောက်နေရှာတာပါ "လို့ ပြောပြပါတယ်။
Photo -U Arrseinna
36myanmarchannel