အသက်မသေဘဲကျန်ရစ်ခဲ့တဲ့စစ်သားအိုကြီးတွေဟာ
တဖြည်းဖြည်းချင်းမှေးမှိန်ပြီးပျောက်ကွယ်သွားရလေ့ ရှိပါတယ်......
စစ်သည်အို စစ်သည်ဟောင်းတွေရဲ့ ရင်ထဲမှာ "Once a Soldier, Always a Soldier "ပါဘဲ....
ဒီကနေ့ ဒီမိုကရေစီခေတ် ရောက်တဲ့အချိန်မှာစစ်သားတွေကိုလူဆိုးတွေလိုရှုမြင်လာနေကြပြီး..သူပုန်တွေကိုသူရဲကောင်းကြီးတွေသဖွယ်ဂုဏ်ပြုနေကြတာမြင်ရတော့ရင်နာစရာပါ.....
အဲဒါအာဏာမက်လွန်းတဲ့နိုင်ငံရေးသမားတွေပါဘဲ..
နိုင်ငံရေးအကျိုးအမြတ်အတွက်အသုံးချကြမှာပါ....
သို့သော်စစ်သားတွေကိုတော့လက်ညိုးမထိုးကြ
ပါနဲ့.....
နိုင်ငံနဲ့ပြည်သူအတွက်ခေတ်အဆက်ဆက်ကအသက်ပေးခဲ့တဲ့စစ်သည်တော်တွေရဲ့ဝိဥာဉ်တွေရင်မနာကြရပါစေနဲ့....
"နှစ်စဉ်ဒီဇင်ဘာလ၊ပထမအပတ်ရဲ့တနင်္ဂနွေနေ့"တိုင်းသူရဲကောင်းစစ်သည်ဗိမာန်မှာခေတ်အဆက်ဆက်ကသူရဲကောင်းတွေရဲ့ကျေးဇူးတရားကိုစည်းကမ်းရှိမှု၊လေးစားမှုတွေနဲ့ကျွန်တော်တို့ ဂုဏ်ပြုကြမယ်....
လူမသိသူမသိကြွေလွင့်ခဲ့ရတဲ့စစ်သည်တော်တွေအတွက်ကျွန်တော်တို့ဂုဏ်ပြုကြမယ်.....
ပြန်မလာနိုင်တော့တဲ့လင်ယောင်္ကျား၊ ဖခင်၊ အစ်ကို ၊မောင်စတဲ့အညတရစစ်သည်တွေအတွက်....
ပြိုဆင်းခဲ့ရတဲ့မျက်ရည်စက်တွေအတွက်..ကျွန်တော်တို့ ဂုဏ်ပြုမယ်....
အလောင်းကောက်နိုင်ဖို့ ဝေးလို့ လူရုပ်တောင်မပီ၊ သွေးအလိမ်းလိမ်းနဲ့ယမ်းငွေ့တွေကြားမှာထားပစ်ခဲ့ရတဲ့သူရဲကောင်းတွေရဲ့ရုပ်အလောင်းတွေအတွက်
ကျွန်တော်တို့ ဂုဏ်ပြုမယ်....
ဒီနေ့ဒီမိုကရေစီခေတ်မှာဒီမိုကရေစီဘက်တော်သားတွေက “စစ်ခွေး” ဆိုပြီး မိုက်မိုက်ရိုင်းရိုင်းကင်ပွန်းတပ် ခေါ်ဝေါ်နေကြတဲ့
တပ်မတော်သားအားလုံးရဲ့ကိုယ်စားနာကျင်ခံစားနေရတဲ့ရင်နာမှုတွေအတွက် ကျွန်တော်တို့ဂုဏ်ပြုမယ်....
တပ်မတော်ရင်ငွေ့မှာခိုလှုံ...လူလူသူသူဖြစ်ပြီးမှဒီကနေ့ရင်၀ကိုစုံကန်၊တပ်မတော်ကိုချနင်းဖို့လုပ်နေကြတဲ့ ကိုယ်ကျိုးရှာ အတ္တသမားတွေကိုမုန်းတီးမှုတွေနဲ့ ကျွန်တော်တို့ ဂုဏ်ပြုမယ်.....
သူရဲကောင်းစစ်သည်တွေ
ခေတ်အဆက်ဆက် အသက်တွေပေးခဲ့ကြတယ်..သူတို့ရဲ့ တုနှိုင်းဖွယ်ရာ မရှိမြင့်မြတ်တဲ့ဂုဏ်ဒြပ်
ကိုကာကွယ်ဖို့ကျွန်တော်တို့ ဂုဏ်ပြုမယ်.....
ဘယ်သူတွေဂရုစိုက်စိုက်မစိုက်စိုက်သူရဲကောင်းတွေရဲ့ဝိဥာဉ်တွေဟာဒီနိုင်ငံကြီးကိုကာကွယ်စောင့်ရှောက်နေပါလိမ့်မယ်...
ဘယ်သူတွေ ဘယ်လို လက်ညိုးထိုးထိုး..နိုင်ငံရေးချစ်တီးတွေဘယ်လိုဘဲအမြတ်ထုတ်ထုတ်ကျွန်တော်တို့ရဲ့ခေတ်အဆက်ဆက်သူရဲကောင်းတွေကိုမစော်ကားကြပါနဲ့....
ခင်ဗျားတို့လက်ညိုးထိုးဖို့နည်းနည်းလေးတောင်အခွင့်အရေး မရှိဘူး..
ဒါကိုသိစေချင်လို့ကျွန်တော်တို့ ဒီဂုဏ်ပြုပွဲကို
ကျင်းပရခြင်းဖြစ်ပါတယ်..
ရင်ဘတ်ချင်းတူသူတွေ...
ရင်ခုန်သံချင်းတူသူတွေအားလုံးကိုလေးစားလျက်......။
Credit