Monday, November 22, 2021

စစ်အစိုးရကျေးဇူးမူးလို့ရှူစရာမရှိဘူး


တက္ကသိုလ် တစ်ခုကို စိတ်ကူးနဲ့ဆောက်ကြည့်ကြပါဦး

မြေနေရာစရှာမယ်
မြေပြင်မယ်
မိန်းဆောင်စဆောက်မယ်
နားနေဆောင်တွေ
ခန်းမတွေ
အဆောင်လမ်းတွေ
ဘာသာရပ် အလိုက် စာသင်ဆောင်တွေ
ဝန်ထမ်းအိမ်ယာတွေ
ဘာသာရပ်တစ်ခုချင်းစီအလိုက် သင်ထောက်ကူပစ္စည်းတွေ
နည်းပြခန့်ထားရေး
ဝန်ထမ်းခန့်ထားရေး
လစာကိစ္စ
အစုံပဲဗျာ
မြို့ကြီးတစ်မြို့မှာ တက္ကသိုလ် တွေ အသစ်ဖွင့်လှစ်ပေးခဲ့တဲ့ စစ်အစိုးရရဲ့ကျေးဇူး တွေးကြည့်ကြ
ဝိဇ္ဇာသိပ္ပံ နည်းပညာ ဆေး ကွန်ပျူတာ တက္ကသိုလ်တွေ အများကြီးဗျာ
တစ်ခုပဲ စိတ်ကူးနဲ့ ဆောက်ကြည့်ကြပါဦးနော်

MRTV MWDမှာ စစ်အစိုးရရဲ့တံတားဖွင့်ပွဲမှာ ဖင်ခါပြပြီး မင်းသမီးဖြစ်လာကြတယ်
စစ်အစိုးရကိုကျေးဇူးကန်းတယ်

စစ်အစိုးရရဲ့ မြဝတီ အငြိမ့်ပြိုင်ပွဲကနေ အငြိမ့်တွေ အောင်မြင်လာ လူပျက်တွေ ဖြစ်လာကြတယ် စစ်အစိုးရကို ကျေးဇူးကန်းတာပဲ

ပြည်နယ်တိုင်းအားလုံးမှာ တစ်က္ကသိုလ်ပေါင်းစုံတည်ဆောက်ဖွင့်လှစ်ပေးခဲ့တယ် နွားကျောင်သားတွေ ဘွဲ့ရဖြစ်လာကြတယ် စစ်အစိုးရကို ကျေးဇူးကန်းတာပဲ

တိမ်မြုပ်နေတဲ့ ပန်းချီ ပန်းပု အနုပညာတက္ကသိုလ်တွေ ဖော်ဆောင်ပြီး တောထဲက အတတ်ပညာရှင်တွေကို (ပုလွေ ပတ္တလား နှဲ လင်းကွင်း စသဖြင့်ပေါ့)ဘွဲ့ပေး နည်းပြခန့် အမြင့်ကို ဆွဲတင်ပေးခဲ့တယ်
မျိုးဆက်သစ်တွေပေါ်ပေါက်လာတယ် စစ်အစိုးရကို ကျေးဇူးကန်းတာပဲ

ဗမာဆေး(မြန်မာဆေး)တွေကို စစ်အစိုးရဖော်ထုတ် မြောက်စားပေးတယ်
ရောင်းအားကောင်းလာကြတော့ စစ်အစိုးရကို ကျေးဇူးကန်းတာပဲ

သန်လျင် ရန်ကုန် လှေစုတ်နဲ့ ကူးခဲ့ကြလို့ လှေမြုပ်ပြီး တစ်နှစ် လူ၁၀၀လောက် မသာပေါ်ရာကနေ သံလျင်တံတား ဆောက်ပေးလိုက်တယ် တံတားပေါ်ကနေ စစ်အစိုးရကျေးဇူး မူးလို့ ရှူစရာမရှိဘူးတဲ့ ကျေးဇူးကန်းကြတာပဲ
(တစ်နိုင်ငံလုံး အဲလိုတံတားတွေ လက်ညှိုးထိုးမလွဲဘူး) ကျေးဇူးမသိကြဘူး

တစ်နှစ်ပတ်လုံး နွားခြေရာခွက်ထဲက ရေကို ခပ်သောက်ကြရတဲ့ ဘဝကနေ စစ်အစိုးရတည်ဆောက်ပေးတဲ့ မြစ်ရေတင်စီမံကိန်းတွေ ဆည်ကြီးတွေ ကြောင့် အညာသားကျောမွဲတွေ စိုက်ပျိုးရေး သောက်သုံးရေရပြီး လူမွှေးပြောင်လာကြတယ် စစ်အစိုးရကို ကျေးဇူးကန်းတာပဲ

မြို့ပေါ်တက် စျေးဝယ်ရင် တနေကုန် ခြေလျင်လျှောက် နွားလှည်းစီး ရတဲ့ ဘဝကနေ စစ်အစိုးရခင်းပေးတဲ့ လမ်းကြောင့် တရုတ်ဆိုင်ကယ် ဖင်ကြားညှပ်ပြီး မြို့ပေါ် ခေါက်တုံ့ပြန် သွားနေကြပေမယ့် စစ်အစိုးရကို ကျေးဇူးကန်းတာပဲ

မြေနိုးတွေက ပြောဦးမယ် ပြည်သူ့ငွေနဲ့ဆောက်တာ ဘာညာဘာညာ ပြောတဲ့ကောင်တွေ အခွန်ဆောင်ဘူးလားမေးကြည့် စောက်ပိန်းတွေ လဘက်ရည်တောင် သူများတိုက်လို့ ကပ်သောက်ရတဲ့ ဂျစ်စပီ အောက်တန်းစားတွေ

ဆက်ပြောရင် မကုန်နိုင်လို့ ဒီလောက်ပဲပြောတော့မယ်ဗျာ

Credit