Sunday, November 21, 2021

🙏🙏🙏သာလီစွပါ အမျိုးရို့🙏🙏🙏


🙏🙏🙏ပဌါန်းဒေသနာတော်🙏🙏🙏
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

၂။ အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။

၃။ အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။

၄။ အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြုရပါစေသား။

၅။ သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား။

၆။ သဟဇာတပစ္စယော - ရုပ်၊ ရုပ်ချင်း၊ နာမ်၊ နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။

၇။ အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။

၈။ နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။

၉။ ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

၁၀။ ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။

၁၁။ ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။

၁၂။ အာသေဝနပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။

၁၃။ ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။

၁၄။ ဝိပါကပစ္စယော - ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

၁၅။ အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။

၁၆။ ဣနြ္ဒိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။

၁၇။ ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။

၁၈။ မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရပါစေသား။

၁၉။ သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။

၂၀။ ဝိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။

၂၁။ အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။

၂၂။ နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။

၂၃။ ဝိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄။ အဝိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄- ပစ္စည်း ပဌာန်း ဒေသနာတော်ကို ရွတ်ဖတ်သောအားဖြင့် မျက်မှောက်ချက်ချင်း အခါမလင့် အောက်ပါကောင်းကျိုးတရားများကို ရရှိနိုင်ပါတယ်။

(၁) ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။

(၂) ကျရောက်လတ္တံသော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။

(၃) အပြစ်ကင်း၍ ကောင်းကျိုးပွါးသည့် ဆောင်ရွက်ချက်ကိစ္စအဝဝတို့ကို ပြီးစီးအောင်မြင်နိုင်ခြင်း။

(၄) အပြစ်ရှိ၍ မကောင်းကျိုးဖြစ်စေမည့် ကျုးလွန်ခြင်းတို့မှ ရှောင်လွဲနိုင်ခြင်း။

(၅) အချုပ်အားဖြင့် ဆောင်ရွက်သမျှကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးစီးအောင်မြင်နိုင်ခြင်း။

(၆) အဆုံးစွန်သောဘ၀၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း စသည့်အကျိုးတရားတို့ကို ရရှိနိုင်ပါတယ်။

ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု
သာဓုသာဓုသာဓုပါ . . .

NgaKwee
Putrajaya

Related Posts: