Sunday, November 14, 2021

***အောင်ဆန်းသူရီယ စွမ်းရည်ဘွဲ့ရသူ(၆)ဦးထဲမှ ဂေါ်ရခါးတပ်သား ဆွတ်(က်)ဗဟာဒူးရ်ရိုင်း(သမိုင်းလှခဲ့သောသူရဲကောင်း)***


    ဆွတ်(က်)ဗဟာဒူးရိုင်း ကို၁၉၃၁ခုနှစ်မှာ ဂေါ်ရခါးလူမျိုးမိဘများ
ဖြစ်ကြတဲ့ ဦးဘီရ်ဒို့ခ်ျရိုင်း နှင့် ဒေါ်စီလာမာယာရိုင်းတို့မှ မွေးဖွားခဲ့တာ
ဖြစ်ပြီး ဇာတိကတော့ ရှမ်းပြည်နယ်တောင်ပိုင်း|လွိုင်လင်မြို့နယ်|
ကွတ်ချီးကျေးရွာဇာတိဖြစ်ပါတယ်။(#ဒါကြောင့်လွိုင်လင်မြို့ဝင်မှာ
တည်းက အောင်ဆန်းသူရီယဆွတ်(က်)ဗဟာဒူးရိုင်း ၏မြို့တော်ဆိုပြီး
ဂုဏ်ယူစွာ ကဗျည်းထိုးထားကြတာပေါ့။)
မွေးချင်း(၄)ယောက်ရှိပြီးတော့ -
(၁) ဆွတ်(က်)ဗဟာဒူးရိုင်း
(၂) မနန်းဒူးမာယာ
(၃) မအာရ်တာမာယာ
(၄) မအိုက်တာရာနီ တို့ဖြစ်ပြီး ဆွတ်(က်)ဗဟာဒူးရိုင်းဟာ
 အကိုအကြီဆုံးနှင့် တစ်ဦးတည်းသောသားယောင်္ကျားလေးဖြစ်ပါတယ်။

  ဆွတ်(က်)ဗဟာဒူးရိုင်းဟာ တပ်မတော်သို့၁၉၄၈ခုနှစ် ၁လပိုင်း ၁၃ရက်နေ့မှာစတင်ဝင်ရောက်ခဲ့ပြီး တပ်သားအဆင့်ဖြင့်သာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။
 မြန်မာပြည်သို့တရုတ်ဖြူများ ကျူးကျော်
လာပြီး ရှမ်းပြည်နယ်တစ်ခုလုံးကို တရုတ်ဖြူနယ်မြေအဖြစ်သတ်မှတ်
ရှမ်းအမျိုးသမီးတွေကို ဖျက်ဆီးသတ်ဖြတ် ရှမ်းတိုင်းရင်းသားများကို
အပျင်းပြေ သေနပ်ပစ်သတ်ပြိုင်ပွဲများဖြင့် နှိပ်ဆက်နေမှုများကြောင့်
ကျိုင်းတုံစစ်ဆင်ရေးဖြင့် အမှတ်(၄)ခြေလျှင်တပ်ရင်း(ဖိုးဂေါ်ရခါးတပ်
ရင်း)နှင့်အတူ ဆွတ်(က်)ဗဟာဒူးရိုင်းတို့ချီတက်ရသေသည်။

     ဆွတ်(က်)ဗဟာဒူးရိုင်းရဲ့ ထင်ရှားတဲ့တိုက်ပွဲတစ်ခုကတော့
၁၉၅၀ခုနှစ်| ဇွန်လ(၁၇)ရက်နေ့မှဖြစ်ပွားခဲ့ပါတယ်။
ဆွတ်(က်)ဗဟာဒူးရိုင်းတို့ အမှတ်(၄)ခြေလျင်တပ်ရင်းရှိ (ဃ)တပ်ခွဲ
ဟာ ရှမ်းပြည်နယ်တောင်ပိုင်း တာလီမှ ပန်ခီသို့ချီတက်လာစဉ်
တရုတ်ဖြူသောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အင်အားအဆမတန်များပြားမှုနှင့် အလစ်အငိုက်ချုံခိုတိုက်ခိုက်ခံလိုက်
ရသောကြောင့် စစ်ကား(၇)စီးပေါ်ကစစ်သည်အားလုံးနီးပါး
ကျဆုံးသွားခဲ့ပြီး အသက်ရှင်သူမှာ ဆွတ်(က်)ဗဟာဒူးရိုင်းတစ်ဦးသာ
ဖြစ်သည်။သူသူကျဆုံးခဲ့ပါက တပ်မတော်ပိုင်ရိက္ခာ|ယာဉ်|လက်နက်တွေ ရန်သူတို့ရသွားတော့မှာဖြစ်ပါတယ်။အင်အားချင်းမမျှတဲ့ရန်သူကို ပြန်တိုက်ခိုက်ရင်လည်း နိုင်ရန်ရာခိုင်နှုန်းမရှိပေ။ ထွက်ပြေးလျှင်
အသက်ဘေးမှလွတ်ပေမဲ့ သူ၏စိတ်ဓာတ်က ပြတ်သားလှပေ။
"ငါသေမှပဲ…တပ်မတော်ပိုင်ရိက္ခာ| လက်နက်| ယာဉ်တွေ 
မင်းတို့တရုတ်ဖြူတွေရစေရမယ်"လို့သံဓိဌာန်ချကာ ကားပေါ်မှ
ပါလာသော သေနပ်များကိုအကုန်ဆွဲချသည်။ထို့နောက် 
ရင်ဘောင်တန်းဖြန့်ခင်းကာ တစ်ဖက်ထိပ်မှစတင်၍ 
ပစ်ခတ်လေသည်။သေနပ်ပစ်နေစဉ်မှာလည်း ဘယ်ဘက်ထိပ်မှ
အော်ဟစ်ကြွေးကြော်ကာ ပြေးလျက်ညာဘက်ထိပ်မှ ပစ်၏။ 
ညာဘက်ထိပ်မှ အော်ဟစ်ကာ အလယ်မှလက်ပစ်ဗုံးဖြင့် ပစ်သည်။
"မြန်မာ့တပ်မတော်ကွ…မင်းတို့အင်အားလောက်ကတော့ 
မမှုဘူးကွ…"ဟုအော်ကာ ရန်သူအား စိတ်ဓာတ်အင်အားဖြင့် တိုက်ခိုက်
သည်။
ရန်သူတရုတ်ဖြူများကလည်း တပ်မတော်စစ်ကြောင်းမှာ အင်အား
အမြောက်အများ ရှိနေသေးသည်ထင်မှတ်၍ အနားသို့ကပ်ရန်ပင်
မတတ်နိုင်ခဲ့ပါဘူး။ဆွတ်(က်)ဗဟာဒူးရိုင်းကတော့ တောင်ပြေး၍ပစ်
လိုက် အလယ်ကြောမှအော်ဟစ်လိုက်ပင် မမောနိုင်ဘဲခုခံလျက်။
တရုတ်ဖြူတပ်များအားဆွတ်(က်)ဗဟာဒူးရိုင်း၏ တစ်ညလုံး
ခုခံတိုက်ခိုက်မှုကြောင့်တပ်မတော် ယာဉ်တန်းကိုမသိမ်းပိုက်နိုင်ခဲ့ပါဘူး။
နောက်တစ်နေ့ ဇွန်လ(၁၈)ရက် နံနက်(၉)နာရီခန့်တွင် တပ်မတော်မှ
စစ်ကူတပ်များ ရောက်လာချိန်မှာတော့ ခုခံယာဉ်တန်း၏ ရှေ့ဆုံးယာဉ်
ဝမ်းဗိုက်အောက်မှနေ၍ ကျည်ဆံ(၁၇)တောင့်သာကျန်သည်အထိ
တစ်ညလုံးး ခုခံတိုက်ခိုက်နေသော ဆွတ်(က်)ဗဟာဒူးရိုင်းကိုသာ
တွေ့လိုက်ကြသည်။ရန်သူတရုတ်ဖြူတပ်များကတော့ ယာဉ်တန်း
အနားပင်မကပ်နိုင်ပဲ ဆွတ်(က်)ဗဟာဒူရိုင်း၏ပစ်အားကြောင့် အကျဆုံး
များဖြင့် ပြေးကြလေပြီ။

  ဆွတ်(က်)ဗဟာဒူးရိုင်း၏ ထင်ရှားတဲ့ဒုတိယတိုက်ပွဲတစ်ခုကတော့
၁၉၅၀ခုနှစ် ဇူလိုက်လ(၁၇)ရက်နေ့မှာ ဆွတ်(က်)ဗဟာဒူးရိုင်းတို့
(ဃ)တပ်ခွဲကို တရုတ်ဖြူအင်အား ၂၀၀ကျော်ဖြင့် အင်အားအလုံး
အရင်းနှင့်ဝင်ရောက်တိုက်ခိုက်ကြပါတယ်။ တစ်ဘက်နှင့်တစ်ဖက်
တိုက်ပွဲအရမ်းပြင်းထန်မှုကြောင့် အကျဆုံးများစွာဖြင့်ပင်။
ဆွတ်(က်)ဗဟာဒူးရိုင်းတို့တပ်ခွဲမှ တပ်စိတ်မှူး|တပ်ကြပ်ကြီးတစ်ဦး
နှင့် တပ်ကြပ်တစ်ဦးမှာ ဒဏ်ရာရသွားလေသည်။
ဘရင်းဂန်းကိုင်ရဲဘော်နှစ်ဦးလည်း ကျဆုံးသွားခဲ့ပြီး 
ရဲဘော်ဆွတ်(က်)ဗဟာဒူးရိုင်းဟာ အရင်းခံဇာတိမာန်စိတ်ဓာတ်ဖြင့်
ဘရင်းဂန်းကို ခါးစောင်းမှာတင်ကာ "မြန်မာ့တပ်မတော်ကွ……
ငါသေမှငါ့နိုင်ငံထိလို့ရမယ်…ငါ့ပြည်သူထိလို့ရမယ်ကွ"ဟု
အော်ဟစ်ကာ ရန်သူတရုတ်ဖြူများဆီသို့ ဝင်ရောက်လုံးထွေးကာ
တိုက်ခိုက်ပါတော့သည်။
ဆွတ်(က်)ဗဟာဒူးရိုင်း၏ တိုက်ခိုက်မှုကြောင့် တရုတ်ဖြူများ
အများအပြားကျဆုံးနေပြီ။အနီးအနားမှရန်သူများကို ဂေါ်ရခါးဓားကောက်(ခူကူရီ)ကိုဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်သည်။
သို့သော် ရဲဘော် ဆွတ်(က်)ဗဟာဒူးရိုက်းဟာလဲ ရန်သူတရုတ်ဖြူများ
၏ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။ 
မြန်မာ့တပ်မတော်မှ စစ်ကြောင်းများ စစ်ကူရောက်ရှိလာချိန်မှာတော့
ရန်သူတရုတ်ဖြူအလောင်း (၁၁၀)ကျော်၏အလယ်တွင် 
ဖြုတ်ချခံထားရသော နိုင်ငံတော်အလံအား လည်ပင်းတွင်စည်းလျက်
ကျဆုံးနေသော ရဲဘော်ဆွတ်(က်)ဗဟာဒူးရိုင်း၏အလောင်းကို
ရင်နင့်ဖွယ်သာတွေ့မြင်လိုက်ကြရလေသည်။
ဆွတ်(က်)ဗဟာဒူးရိုင်း၏ ဇာတိမာန်သည်ကား နိုင်ငံ့အလံတော်ကိုပင်
မြေပေါ်သို့မကျစေခဲ့။
မြန်မာ့တပ်မတော်သည်လည်း ဆွတ်(က်)ဗဟာဒူးရိုင်းကဲ့သို့
သူရဲကောင်းများ၏ ကြိုးပမ်းမှုကြောင့် နယ်ချဲ့ရန်သူတရုတ်ဖြူတပ်များ
ကို မြန်မာ့မြေပေါ်မှအောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့လေသည်။

     ၁၉၆၀ခုနှစ်|မတ်လ(၁၀)ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတ
မန်းဝင်းမောင်မှ သူရဲကောင်းတပ်သား ဆွတ်(က်)ဗဟာဒူးရိုင်းကို
အမြင့်ဆုံးစွမ်းရည်သတ္တိဆုဖြစ်သည့် အောင်ဆန်းသူရီယဆုကို ပေးခဲ့
ပါတယ်။မိဘများ ကွယ်လွန်သွားပြီဖြစ်တာကြောင့် 
ဆွတ်(က်)ဗဟာဒူးရိုင်း၏ ညီမဖြစ်သူ မနန်းဒူးမာယာအား သူရဲကောင်း
ဘွဲ့တံဆိပ်ကိုကိုယ်စား တက်ရောက်ယူခဲ့ပါတယ်။

  သူရဲကောင်းဗီမာန်(နေပြည်တော်)မှာလည်း ၁၉၅၀ခုနှစ် သူရဲကောင်း
တံဆိပ်ရရှိသူ အမှတ်စဉ်(၁၇) ကိုယ်ပိုင်အမှတ် ကြည်း(၀၁၉၁၄)
တပ်သား ဆွတ်(က်)ဗဟာဒူးရိုင်း ဟူ၍လည်းကောင်း|
၁၉၅၁ခုနှစ် ပြန်တမ်းဝင်သူရဲကောင်းလက်မှတ်ရရှိသူ အမှတ်စဉ်(၄၁)
ကိုယ်ပိုင်အမှတ် ကြည်း(၀၁၉၁၄) တပ်သားဆွတ်(က်)ဗဟာဒူးရိုင်း
ဟူ၍ ရွှေစာလုံးဖြင့်ရေးထိုးဂုဏ်ပြုထားပါသည်။

Copyယူခွင့်တောင်းပါ။
အချက်အလက်ရှာဖွေရေးသားရသည်မှာလွယ်သည်မဟုတ်။
#TeTeတိတိ