Sunday, November 7, 2021

ယနေ့ နိုင်ငံရေး အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည် မပါတော့ဘူးလို့ ယူဆလို့ရနေပြီ။


နိုင်ငံရေးဇာတ်ခုံကနေ
ဖယ်ထုတ်လိုက်ပြီဆိုတာ၊
ဟိုဘဲကြီး လေသံဟ သွား
ကတည်းက ရိပ်မိလိုက်တယ်။

ဒါဆို ဒေါ်အောင်ဆန်းစုကြည်နေရာ
ဘယ်သူ့ကိုအစား ထိုးဖို့ရှိ့နေတာလဲ? 
အနောက်နိုင်ငံရဲ့ပညာတော်သင်တွေထဲ
ကတစ်ယောက်ဆိုတာတော့သေချာတယ်။

ဘယ်သူဘဲ NLD ဘက်ကတက်လာလာ
နိုင်ငံကိုချစ်ပြီး၊ စစ်တပ်ကိုနားလည်တဲ့သူ
ဒို့တာ၀န်အရေးသုံးပါးကို တန်ဖိုးထားတဲ့သူ
နိုင်ငံတိုးတက်ဖို့တွက် အားလုံးနဲ့လက်တွဲ
ဖြစ်ရင်ကို ကျေနပ်ပြီ၊ မျှော်လင့်တာပါ၊
ရာခိုင်နှုန်းတော့နည်းပါတယ်။

နောက်အခုလို ချိန်မှာ နိုင်ငံရေးလှုပ်ရှားသူတွေ၊
အထူးသဖြင့် စာမဖတ်၊ နိုင်ငံရေးကိုမလေ့လာထား
တဲ့ လူငယ်တွေ အရူးဖြစ်ပြီးကျန်ခဲ့နိုင်တယ်၊
NLD working committee ဖွဲ့လိုက်တာ
အလကားမဟုတ်ဘူး သိကြလားအဲ့တာ?
သိပ်ရေးလို့မကောင်းဘူး Hint ပေးသလိုဖြစ်
မှာဆိုးလို့ရေးသင့်တာဘဲရေးလိုက်တာပါ။

ပြီးတော့ NWC ဖွဲ့ပြီးတာတောင် NUG
ဟာ သူအစိုးရပါ၊ သူအစိုးရဆိုတဲ့ စကားလုံးကို 
ခုထိသုံးနေကြတုန်း ဆရာ Andrew Soe 
ပြောသလိုဘဲ NLD စီက အာဏာကို 
ဘလိုင်ကြီး NUG က၀င်လု သွားတယ်ဆိုတာ
မှန်နေပြီ။

တကယ်ဆိုသူရပ်ရတော့မှ ဆင်ခြင်လိုက်ရတော့မှာ၊
NWC က Active ဖြစ်သွားပြီ။ မူလပိုင်ရှင်ပြန်လာပြီ
NUG ဖယ်ပေးရတော့မှာ၊ ကစားသွားတာလှတယ်၊
အဲ့တာကြောင့်လူငယ်တွေကိုအရူးဖြစ်ကျန်ခဲ့မယ်ပြောတာ
NWC ကလည်း အကြမ်းဖက်တွေကိုရှုတ်ချပါတယ်၊
သူတို့နှင့်မသက်ဆိုင်ပါဘူး၊ ထုတ်ပြန်ထားတယ်။

အဲ့တော့ NUG က အကြမ်းဖက်အဖွဲ့စည်းသက်သက်
ကိုဖြစ်သွားပြီ၊ နစက ရွေးကောက်ပွဲလုပ်ပေးမည့်အချိန်
ကိုကြိုတွေးကြည့်၊ NUG ဘယ်ထိဆက်လိုက်နိုင်မှာလဲ?
NUG ရဲ့ သတ်တန်းက ‌နောက်ရွေးကောက်ပွဲထိဘဲ၊
လူငယ်တွေ တွေးတက်မြင်တက်ပါစေ။

NLD ပါတီကိုမဖျက်ထားဘူး၊လာမည့်ရွေးကောက်ပွဲသူ
ပါလာလိမ့်မယ်၊ တရုတ်ကြီးက NLD ကိုခေါ်တွေ့ပြီး၊ပြောထားပြီးသား။  

အသေးစိပ်သေချာမရေးပြတော့ပါ၊ မကောင်းတဲ့သူတွေကို
အကြံပေးသလို၊ဖြစ်မှာဆိုးလို့ ယခုထိဘဲအကြမ်းအားဖြင့်
ရေးလိုက်ပါတယ်။

#TheTruths