Saturday, November 6, 2021

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီး သီးရှိ စေတီပုထိုးများ၊ ဘုန်းတော် ကြီးကျောင်းများ၊ တက္ကသိုလ်များ နှင့် အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်


နေပြည်တော်၊ နိုဝင်ဘာ - ၆
 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နှင့် မိုင်းယန်းမြို့၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အိမ်မဲမြို့၊ ဟင်္သာတမြို့၊ မော်လမြိုင်ကျွန်းမြို့၊ ကျိုက်လတ်မြို့နှင့် ဓနုဖြူမြို့၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ မြောက်ဦးမြို့နှင့် ပေါက်တောမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တို့ရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ တက္ကသိုလ်များနှင့် အခြေခံပညာ ကျောင်းများ၏ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ် မြောင်းများ တူးဖော်ပေးခြင်းနှင့် ခြင်ခိုအောင်းနိုင်သော နေရာများ၌ ခြင်ဆေးဖျန်း ခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးကြသည်။ 
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ပညာသင်ကြား နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

#သတင်းစဥ်