Sunday, November 7, 2021

အသုံးမကျတဲ့ နစကအနေနဲ့လည်း မိတာပဲ ပြမနေနဲ့၊


မိတဲ့ကောင်တွေကို ဒီလိုသေဒဏ်ပေးတယ်ဆိုပြီး သတ်ပြတာလည်း ပြဦး၊
အဲ့ဒီလို မပြချင်ရင် အပြစ်မဲ့တဲ့ဆရာ ဆရာမတွေ ဝန်ထမ်းတွေ ပြည်သူတွေကို အသတ်မခံရအောင် ကြိုတင်ကာကွယ်ပြပါ၊

သတ်သွားတဲ့သူကို နေ့ချင်းမိပါတယ်ဆိုတာကို မဖတ်ချင်ဘူး၊
သတ်သွားတဲ့သူကို သေဒဏ်အဖြစ် သေနတ်နဲ့ပစ်သတ်ပြလိုက်၊
စစ်သားအာဏာထိန်းသူက စစ်သားမဟုတ်တဲ့ ဒူတာတေလောက်ကို မပြတ်သားဘူး၊

နိုင်ငံ့အာဏာကိုတောင် ယူထားပြီးပြီ
တိုင်းပြည်မငြိမ်စေတဲ့အကြမ်းဖက်သမားတွေအတွက် အရေးပေါ် သေဒဏ်ဥပဒေအသက်သွင်းပါလား။

အခုက သတ်ပြီး မိရင် အဖမ်းခံမယ် ထောင်နှစ် (၂၀) လျှော့ရက်နဲ့သွားမယ်
မမိရင် ဆက်သတ်နေမယ်ဆိုတဲ့အချိုးတွေချည်းပဲ ဖြစ်ကုန်ပြီ၊

နစကကို ရှုံ့ချရမယ့် အလှည့်ရောက်ပြီ၊
ကမ္ဘာ့အဆင့် (၃၈) ဆိုတဲ့စစ်တပ်က လက်နက်တွေရှိတာကို ပြောတာလား၊
ကိုးလရှိပြီ ပြည်တွင်းကိစ္စတောင် မကိုင်တွယ်နိုင်သေးဘူး၊
စစ်တပ် မပီသလိုက်တာ လွန်ရော။

AG Myo Thant
6 Nov 2021