"ဗုဒ္ဓဟာ အိန္ဒိယတိုက်ငယ်ရဲ့
ရာဇကုမာသာဖြစ်လို့
အထူးကိုးကွယ်နေဖို့မလိုပါဘူး"
ဆိုတဲ့ စကားနဲ့
ဗုဒ္ဓဘာသာအခြေခံလူ့ယဉ်ကျေးမှုကို
ပျက်သုဉ်းစေခဲ့တယ် ။
"ဆရာ ဆရာမလို့မခေါ်နဲ့
ပညာရေးဝန်ထမ်းလို့ခေါ်ပါ" ဆိုတဲ့
စကားနဲ့
အာစရိယဂုဏ်ကို ပျက်ယွင်းစေခဲ့
တယ် ။
"မျိုးချစ်စိတ်ဆိုတာ ခုခေတ်မှာ
အလုပ်မဖြစ်ပါဘူး"
ဆိုတဲ့စကားနဲ့
အမျိုးသားရေးစိတ်ဓာတ်ကိုယ်ခံစွမ်း
အားကိုပျက်စီးစေခဲ့တယ် ။
ယဉ်ကျေးမှုစစ်ပွဲဟာ အမာထည်
စစ်ပွဲမျိုးမဟုတ်ပေမယ့်
အိုင်ဒီရော်လော်ဂျီစစ်ပွဲတွေထက်
သွေးချောင်းစီးလေ့ရှိတယ်
လို့ သမိုင်းဆရာတွေက
ပြောကြတယ် ။
ခုတော့ ကျွန်တော်တို့ယဉ်ကျေးမှု
စစ်ပွဲ ရှုံးနိမ့်တဲ့အရသာကို
ခံစားနေရပြီ ။
မိဘကို သားသမီးက သတ်ပြီ ။
ဆရာကို တပည့်ကသတ်ပြီ ။
ဒီလိုသတ်တာကို
နှစ်ထောင်းအားရ လက်ခုပ်သြဘာ
ပေးကြပြီ ။
ယဉ်ကျေးမှုပြောင်းလဲတာ
အလွန်ကြောက်စရာကောင်းပါတယ်။
ပြိုကွဲသွားတဲ့ပြည်ထောင်စုကြီးတွေ
ပထမဆုံးပြိုပျက်သွားတာ
ယဉ်ကျေးမှုပါပဲ ။
ဒီမိုကရေစီ သကာဖုံးထားတဲ့
ယဉ်ကျေးမှု စစ်ပွဲ ထဲမှာ
ဒီကနေ့သွေးကွက်တွေအားလုံး
အကြုံးဝင်နေပါတယ် ။
ကျွန်တော်တို့တစ်တွေ
ဗုဒ္ဓဘာသာအခြေခံမြန်မာ့ယဉ်ကျေးမှုကို
ပြန်ပြီးတည်ဆောက်ကြပါစို့ဗျာ ။
မောင်ချိုဝေ
၈၊ ၁၁၊ ၂၀၂၁