Monday, November 8, 2021

" ကောလဟာလ " ကြောင့် ပြည်ပျက်တတ်သည် ။

၂၀၀၇ စတင်ဘာကာလတုန်းက မစိုးရိမ်တိုက်သစ်တွင် ကြောက်စရာကောင်းသော ကောလဟာလကြီးတခု ဖြစ်ပွါးခဲ့ဖူးသည် ။ ထိုစဉ်ကလည်း ယခုကဲ့သို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါသည် ၊ ၃၈ - လမ်းမပေါ် ဖူးပွင့်ကဖေးမှသည် ဦးပေစိ , ယူနီစန်တိုင်နားတိုင်အောင် စစ်တပ်များ နေရာချထားသည် ။
ည ၈ - နာရီအချိန်လောက် " တိုက်ဟောင်း၀င်စီးနေပြီ , တိုက်ဟောင်း၀င်စီးနေပြီ " ဆိုပြီး သမ္ပတ္တိရှေ့က သစ်စေတုံးကို အဆင်မပြတ်ခေါက်သည် ၊ တတိုက်လုံးရှိ သံဃာတော်များအားလုံး မစိုးရိမ်တိုက်သစ် နာတံခါးပေါက်နားသို့ မိမိမှာ ရှိသည့် လက်နက်ကိုယ်စီ ( အုတ်ခဲ ဒုတ် စသည် ) ကိုင်ဆောင်ကာ တအုံးအုံး တရုန်းရုန်းဖြင့် အပြေးအလွှား ရောက်ရှိလာကြသည် ။
ထိုအချိန်မှာ ယခု ပျံလွန်တော်မူသွားပြီ ဖြစ်သည့် ဘိုးရာဇ ( ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ) က တိုက်တံခါးကို ပိတ်ခိုင်းလိုက်သည် ။ မည်သူမျှ အပြင်ဘက် ထွက်မရအောင် သံဃာအကြီးများအား တာ၀န်ပေးသည် ၊ ပြီးတော့ တိုက်ဟောင်းသို့ ဖုန်းဆက်သည် ၊ " မည်သူမျှ ၀င်မစီးပါ " ဟု ဆိုပြီး အကြောင်းပြန်သည် ၊ တပည့်သံဃာတော်များကို ကောလဟာလ ဖြစ်တဲ့အကြောင်း ရှင်းပြပြီး လူစုခွဲလိုက်သည် ။
အကယ်၍သာ ဖော်ပြခဲ့သည့် ကောလဟာလကို မတားဆီးနိုင်ခဲ့လျှင် ဗေဒါချောင်းတဖက် ၃၈ လမ်းမပေါ်ရှိ သေနတ်များ ကိုင်ဆောင်ထားသည့် တပ်မတော်သားများနှင့် အုတ်ခဲ တုတ် စသော လက်နက်များကိုင်ဆောင်ထားသည့် ထောင်ချီရှိသော သံဃာများ ကြီးမားသည့် ကြောက်စရာအလွန်ကောင်းမည့် အဓိကရုဏ်းကြီး အမှန်တကယ် ဖြစ်ပွါးပါလိမ့်မည် ။ သွေးင်ေသွးဆူနေသည့်အချိန် , သွေးပူနေသည့်အချိန် , ဆင်ခြင်တုံတရား ကင်းမဲ့နေသည့်အချိန်မျိုးတွေမှာ ရဟန်းတော် သံဃာတော်များသော်မှ မလုပ်ရဲတာ ဘာမျှ မရှိပါ ။
ထိုစဉ်ကာလက နိုင်းငံရေးပါ၀သည့် ဆရာတော်ဘုရားကြီး၏ ကျေးဇူးများကြောင့် မစိုးရိမ်တိုက်သစ်ရှိသံဃာတော်များနှင့် တာ၀န်ထမ်းဆောင်နေသည့် တပ်မတော်သားများအားလုံး ချမ်းသာရာ ရခဲ့ဘူးပါသည် ။
Credit 
ဦးဓမ္မဃောသ ( ကောလင်း )
( ပုံပါ ကလေးများအားသေဒဏ် ချတဲ့သီတင်း
ကို အားတတ်သရော တင်နေကြတာတွေ့ရပါတယ်။
ကျွန်တော်စုံစမ်းကြည့်သလောက် ခိုင်လုံတဲ့သတင်းအရင်းမြစ် မတွေ့သေးပါဘူး။ ဖမ်းမိတာကတော့ မှန်ပါတယ်)
အဲမွန်ဒယာ
edit: သတင်းမတိကျသေးတာကိုပဲပြောတာပါ။ တစ်ကယ်သေဒါဏ်ပေးလဲ ဘာမှဝမ်းနည်းစရာမရှိပါ။