People Image
(၁၃. နိုဝင်ဘာလ. ၂၀၂၁)
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ရေကြည်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်း ဦးဆောင်လျှက် ဌာနပေါင်းစုံ (၃၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်အလှူအား ယနေ့ မွန်းလွှဲ ၁ နာရီခွဲအချိန်က မြို့တစ်ပါတ်လှည့်လည်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများက မြို့တစ်ပါတ်လှည့်လည်ရာတွင် ကထိန်လျာသင်္ကန်များအခြားလှူဖွယ်ပစ္စည်းနှင့်ဝထ္ထုငွေများ ပဒေသာပင်များ
ဖြင့် ကားကြီးကားငယ် ဂွန်ဒေါင်း လယ်ထွန်စက်များနှင့် ပဒေသာပင်များသယ်ဆောင်၍ အိုးစည်ဝိုင်းအဖွဲ့များမှ အကများနှင့် မြို့တစ်ပါတ် မြို့နယ်စီမံအုပ်ချုပ်ရေးရုံးရှေ့ အောင်ဆန်းလမ်းမှစတင်ကာ မြို့တစ်ပါတ်လှည့်လည်ပါသည်။
ဌာနဆိုင်ရာပဒေသာပင် စုစုပေါင်း(၃၀)ခုဖြစ်ပြီး ဌာနအမည် အရေအတွက်နှင့်တန်ဘိုးငွေမှာ မြို့နယ်စီမံအုပ်ချုပ်ရေးပဒေသာပင်တစ်ခု | အသုတ်မြို့ ထွေအုပ် ပဒေသာပင်တစ်ခု | ပညာရေး(၁)ပဒေသာပင်တစ်ခု | ပညာရေး(၂)ပဒေသာပင်တစ်ခု | ပညာရေး(၃)ပဒေသာပင်တစ်ခု| ပညာရေး(၄)ပဒေသာပင်တစ်ခု | စိုက်ပျိုးရေး+ပြန်ဆက် ပဒေသာပင်တစ်ခု | လမ်းအထူး(၂၀)ပဒေသာပင်တစ်ခု | လဝက+မီးသတ်+ စရဖ+သတင်းတပ်ဖွဲ့ ပဒေသာပင်တစ်ခု | မြို့နယ်ရဲတပ်ဖွဲ့မှပဒေသာပင်တစ်ခု | ငါးလုပ်ငန်းဦးစီးဌာနမှပဒေသာပင် တစ်ခု |စီးပွားရေးဘဏ်+စိုက်ပျိုးရေးဘဏ် ပဒေသာပင်တစ်ခု | သစ်တောဦးစီးဌာနမှပဒေသာပင်တစ်ခု |ကျေးလက်လမ်း +လမ်းဦးစီးဌာနမှပဒေသာပင်တစ်ခု |လျှပ်စစ်ဦးစီးဌာနမှပဒေသာပင်တစ်ခု |မြို့နယ်တရာရုံး+ဥပဒေရုံးမှပဒေသာပင်တစ်ခု | စည်ပင်ဦးစီးဌာနမှပဒေသာပင်တစ်ခု| စက်မှုလယ်ယာဦးစီးဌာနမှပဒေသာပင်တစ်ခု | ကျန်းမာရေးဦးစီးဌာနမှပဒေသာပင်တစ်ခု |အုပ်ချုပ်ရေးမူးများ(၁)မှပဒေသာပင်တစ်ခု | အုပ်ချုပ်ရေးမူးများ(၂)မှပဒေသာပင်တစ်ခု | လယ်စီအင်းမှပဒေသာပင်တစ်ခု | သမဝါယမဦးစီးဌာနမှပဒေသာပင်တစ်ခု |ဘူတာသံလမ်းမှပဒေသာပင်တစ်ခု | ဘေးစီ+လူမှုဝန်ထမ်း+ကော်မရှင်တို့မှပဒေသာပင်တစ်ခု |အခွန်ဦးစီးဌာနမှပဒေသာပင်တစ်ခု |စီမံကိန်း+စားသုံးသူရေးရာ+မွေးမြူရေးတို့မှပဒေသာပင်တစ်ခု|ဆက်သွယရေး+စာရင်းစစ်+အာ/ကာ+တိုင်းရင်းဆေးတို့မှပဒေသာပင်တစ်ခု | ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှပဒေသာပင်တစ်ခု | ဆည်မြောင်း+မိုးဇလ+စိုက်ကွင်းဌာနတို့မှပဒေသာပင်တစ်ခု စုစုပေါင်းပဒေသာပင်(၃၀)ခုနှင့်စုစုပေါင်းလှူဒါန်းပစ္စည်းတန်ဖိုးနှင့် ငွေသား (၁၄၈၃၀၁၀၀ )သိန်းကျပ်ဖြစ်ပြီး မြို့တွင်းတစ်ပါတ်လှည်လည်ပြီးနောက် ပဒေသာပင်အားလုံး ရေကြည်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်းအတွင်းသတ်မှတ်နေရာများတွင်စုပေါင်းထားရှိပြီး လှူဒါန်းထားသော ပဒေသာပင်(၃၀)ခုကို ဘုန်းတော်ကြီးကျောင်းများကို အောင်ဘာလေမဲဖေါက်ပြီး ၁၄-၁၁-၂၀၂၁ ရက်နေ့မှာ လှူဒါန်းပြီး ရေစက်သွန်းချအမျှအတန်းပေးဝေမှာဖြစ်ကြောင်း ရေကြည် မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
Telegram မှာလည်း
ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်
https://t.me/peopleimagenewsagency
#ဆန်းတင့်(ရေကြည်)
#PeopleImageNewsAgency