Sunday, November 7, 2021

တိုက်ကြက် နှင့် တောကြက်


       မိတ်ဆွေတစ်ယောက် လက်တွေ့ပြလို့ ဗဟုသုတတစ်ခုရလိုက်တယ်။ အရင်တုန်းက ကျွန်တော်ထင်နေတာက လူတွေမွေးတဲ့ တိုက်ကြက်နဲ့ တောထဲမှာနေတဲ့ တောကြက် ခွတ်ရင် တောကြက်နိုင်မယ်လို့ ထင်ထားတာဗျ။
တောဝက်နဲ့ အိမ်ဝက် တောကြောင်နဲ့ အိမ်ကြောင်
တို့လိုပေါ့။ တောထဲက တိရိစ္ဆာန် တွေပဲနိုင်တာကိုး။
အဲ့တော့ တောကြက်နဲ့ အိမ်ကြက်ခွတ်ရင် တော့ကြက်ပဲနိုင်မယ်ထင်မိတာပေါ့။

     တစ်နေ့ ကြက် အကြောင်းနောကျေနေတဲ့ မိတ်ဆွေနဲ့တွေ့တော့ စကားစပ်မိလို့ကြက်အကြောင်းပြောရာကနေ တောကြက်ပဲနိုင်မှာလို ကျွန်တော့အယူအဆကိုပြောမိတယ်။ သူကပြုံးပြီး

လောင်းမလားအစ်ကိုတဲ့...
ကျွန်တော်လဲ ....အေး..ချမယ်ကွာဆိုတော့ သူအိမ်
သူမွေးထားတဲ တိုက်ကြက် သွားဖမ်းလာပြီး

" အစ်ကိုက ဖင်ပိတ်ငြင်း တတ်လွန်းလို့ သက်သေပြတာနော်... ကျွန်တော့ကြက်တော့နာတယ် " လို့ပြောသေးတယ်။ 
အဲတာနဲ့ပဲ တောကြက် တွေရှိတဲ့ ရွာနောက်ဘက် တောစပ်နားက ထန်းရည်
ဆိုင်ကို ကြက်ပိုက်ပြီး ချီတတ်ကြပါတယ်။ ဆိုင်ရောက်တော့ ပိုင်ရှင်စီက ဆန်တစ်ဆုပ်တောင်းပြီး
ခတ်လှမ်းလှမ်း မြင်ရတဲ့နေရာမှာ ဆန်ချကြွေးပြီး တိုက်ကြက် ကိုလွတ်ထားပါတယ်။ ကျွန်တော်တို့က ထန်းရေသောက်ရင်း စောင့်ကြည်နေပါတယ်။
လောင်းကြေးကတော့ ထန်းရည်အဝတိုက်ကြေးဗျ။

ခဏကြာတော့ တောထဲက အမွေးလှလှနဲ့ ကြက်ဖတစ်ကောင် ထွက်လာပါတယ်။ ခွတ်ကြရောဆိုပါတော့။ ၁၀ မိနစ် မပြည်ဘူး တောကြက် ပတ်လက်လန်သွားတယ်။ ကျွန်တော်လဲ အရှုံးကို လက်ခံပြီးထန်းရေဖိုးရှင်းလိုက်ရပါတယ်။ ဒါပေမယ့်ကိုယ့်ဆရာက ခဏထက်စောင့်ကြည့်လိုက်အကို ဆိုလို့
စောင့်နေတုန်း နောက်တစ်ကောင် ထက်လာပါတယ်။ မရပါဘူး တိုက်ကြက်ပဲ နိုင်တာပါပဲ။

   အကောင်ချင်းလဲ မကွာဘူး ဘာလို့နှစ်ကောင်တစ်ကောင်တောင် တောကြက်က မနိုင်ရတာလဲ
လိုမေးကြည့်တော့ သူဖြေတဲ့စကားက စောက်ရမ်းမိုက်တယ်။

   " စနစ်တကျ လေ့ကျင့်ထားတဲ့လက်ဝှေ့သမားနဲ့
ရပ်ကွပ်ထဲက အာကျယ်လူမိုက် ရန်ဖြစ်သလိုပဲဗျ။ 
သေချာ လေ့ကျင့်ထားတဲ့တိုက်ကြက်က တော့ကြက် နှစ်ကောင်မဟုပ်ဘူး ထက်ခွတ်လဲနိုင်ဦးမှာပဲ။ ကြက်နာလို မခွတ်ခိုင်းတော့တာဗျ " တဲ့.....။

ခု PDF နဲ့ တပ်မတော် လဲဒီလိုပဲ ။ ပြည်ပစစ်အတွက် ပြင်ထားတဲ့တပ်မတော်ကို ငမြောက်ငချောက် Pdf က နိုင်စရာ အကြောင်းလုံးဝကို မရှိ။
အဲ့တော့ ကြွက်မနိုင်ကျီမီးနဲ့ရှို့ တော့ ကြားထဲကပြည်သူ တွေသေကြရတယ်။ 

ငြိမ်အောင်လုပ်လို့ရတဲ့ နည်းလမ်းတွေအများကြီး
ရှိရက်နဲ့ ဘာလို့ မလုပ်သေးတာလဲဆိုတာကို နားမလည်နိုင်ပါ။ ကျွန်တော် ဥာဏ်မမီတာလားတော့မသိ။ တိုက်တွန်းဝေဖန်တာ တစ်ခါတစ်ခါလက်လွန်သွားလို့ အင်းစိန် #မုန့်ဟင်းခါး ကို ကိုယ်တိုင်ပြန်စားရမယ့်ကိန်းဆိုက်နေပြီ။ ဒီအချိန် ဂျေးအောင်းရရင်လဲ တစ်မျိုးကောင်းသည်။

 ဒလန်ဆိုပြီး အသက်မခံရတော့ဘူး🤣🤣

အဲမွန် ဒယာ
Nov 7/21