Thursday, November 18, 2021

လူကြိုက်ခြင်း မကြိုက်ခြင်း


         ကျနော်မရေးချင်တဲ့ အကြောင်း ရေးရအုံးမယ် ။ တနေ့က သံဃာတွေ အသတ်ခံ​နေရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရေးလိုက်ပါတယ် ။ မဘသ အဖွဲ့ဝင်ဟောင်း (အသစ်မရှိသေးဘူးနော်) တချို့က ဖြတ် ညှပ် ကပ် စနစ် နဲ့ ကျနော့်ကို ရေးပါတယ် ။ OK ပြဿနာ မရှိဘူး ရေးပါစေ ပေါ့ ။

.....ဒီလို ရေးနေကြတာ မူလ ပို့စ် တပုဒ်လုံး၏ ရည်ရွယ်ချက်ထက် မိမိအပေါ် တိုက်ခိုက်လိုစိတ်နဲ့ ဖြတ် ညှပ် ကပ် မီးထိုးပေးနေတဲ့ အစွန်းရောက် မဘသ အဖွဲ့ဝင်ဟောင် တယောက်စ နှစ်ယောက်စရဲ့ သွေးထိုးမှုကြောင့်လို့ ယုံကြည်တာလည်း ပါ ပါတယ် ။ နောက်ပြီး U Myo Winn ACC ကလည်း တပတ် အပိတ်ခံထားရပါတယ် ဒါကြောင့်လည်း မရေးဖြစ်ပါဘူး ။

       နောက်ထပ် ဘုန်းကြီး နှစ်ပါး ထပ်ရေးတယ် ။ ကျနော် ပြန်ရေးလိုက်ရင် ပြဿနာပိုရှုပ်ပါ့မယ် ဆိုပြီး ခရီးလည်းသွားနေတော့ မရေးပါဘူး ။ မိတ်ဆွေတွေက messenger ကနေ ပို့ကြပါတယ် ။ ပို့စ် မရေးချင်လို့ သူတို့ထဲ မန့် မလို့ သွားကြည့်တော့ မန့်ဘောက် ပိတ်ထားသူနဲ့ သော့ခတ် ထားသူနဲ့ ဖြစ်နေတော့ ရေးမရပြန်ပါဘူး ။ 

             Public နဲ့ တင်ပြီး ပရိုဖိုင် အမှန်နဲ့ PDF ကနေ နစက အထိ ဝေဖန်နေတဲ့ မျိုးဝင်းအပေါ်မှာ ရဲရဲတောက် သတ္တိတွေကောင်းပြီး သေရဲလား သတ်ရဲလား ဆိုပြီး စိန်ခေါ်နေသလောက် တဖက်က PDF တွေရန်ကိုတော့ စိုးရိမ်ကြောင့်ကျ ပြနေတာလည်း ခေတ်ကာလ အခြေအနေအရ သူတို့က ပညာရှိတွေပါပဲဗျာ ။ 

        ကျနော့် ပို့စ် ရဲ့ မူရင်းရည်ရွယ်ချက်ကို ဖတ်မိသူတွေ သိပါတယ် ။ သို့သော် မဘသ ကို ပန်ဆယ်လို နဲ့ နှိုင်းလို့ ပြဿနာ ရှာတာပါ ၊ အလှူခံစားတယ်ပြောလို့ ပြဿနာရှာတာပါ ၊ like share နည်းသူတွေကို နှိမ့်ချရေးလို့ ပြဿနာ ရှာတာပါလို့ ရေးကြသလို ကျနော်က နာမည်ကြီးချင်လို့ like share လိုချင်လို့ မဘသ ဆရာတော်ကြီးတွေကို စော်ကားတယ် ဆိုပဲ ။ 

 ၁ ။ မဘသ ရဲ့ ယခင်ကာလများက လုပ်ဆောင်ချက်များအပေါ် မည်သည့် စာတကြောင်းက စော်ကားထားပါသလဲ ။

၂ ။ ဘာသာ သာသနာ အတွက် ယခုလို သံဃာများစွာ အသတ်ခံနေရချိန်တွင် ပြန်လည်ဖွဲ့စည်း၍ ကာကွယ်ပေးသင့်ကြောင်း ၊ အကယ်၍ ဘာသိဘာသာ နေပြီး အေးချမ်းချိန် မှ အမျိုး ဘာသာ သာသနာ အတွက်ဟု ကြွေးကြော်ပြီး အလှူခံစားလျှင် ပန်ဆယ်လိုနဲ့ တူနေပါ့မယ် လို့ ကျနော်ရေးခဲ့ပါတယ် ။ 

(ကောင်းပြီ ခင်ဗျားတို့ မဘသကြီး ပြန်ဖွဲ့ပြီး ပြီလား.... ?
အလှူခံစားနေပြီလား.... ? ဘာတခုမှ မလုပ်ရသေးပဲ ဘာကြောင့် နာနေကြပါသလဲ.... ? လုပ်လာဖွယ်ရှိတဲ့ အကွက်တွေကို ကြိုပြောမိလို့ အနာပေါ် တုတ်ကျဖြစ်နေသလား... ? ဆိုပြီး မေးလျှင် ဘာပြန်ဖြေကြပါမလဲ... ?)

၃ ။ ရေးထားတဲ့ ပို့စ် မှာ သာမန် fb user တွေ လိုင်းပေါ်က ဆဲနေတာထက် မဟန နဲ့ မဘသ လက်တွဲညီညီ တိုက်တွန်းတာက ပိုထိရောက်မယ်လို့ ရေးခဲ့တာပါ။

(သာမန် fb user ထဲမှာ မျိုးဝင်းလည်း အပါအဝင်ပဲ ဖြစ်ပါတယ် ၊ ဒါကို ကျနော်ကပဲ like share နဲ သူတွေကို နှိမ့်ချသတဲ့ တကယ့် ကလိမ်ကကျစ် မှတ်ချက်ပါပဲ )

 ၄ ။ ကျနော်ကပဲ like share လိုချင်လို့ မဘသ ကို တိုက်ခိုက်ရေးသားသတဲ့ ။ 

(မျိုးဝင်းဘဝမှာ like share လိုချင်လို့ ရေးတဲ့ ပို့စ် တပုဒ်မှ မရှိပါဘူး ၊ မိမိတိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာ အတွက် ရည်စူးရေးသလို ၊ ဗဟုသုတ ဖြစ်ဖွယ်များ ၊ ရယ်ရွင်ဖွယ်များအား မျှဝေလို၍ ရေးသားခြင်းသာ ဖြစ်ပါတယ်)

         မဘသ နဲ့ ပတ်သတ်ပြီး NLD လက်ထက်မှာ ကြံ့ခိုင်ရေးနဲ့ တွဲဖက်ပြီး စွတ်စွဲခဲ့လို့ မဘသ နဲ့ ဦးသိန်းစိန် အစိုးရ ထိပ်တိုက်တွေ့ခဲ့ရတဲ့ ပွဲကြီး လေးခု အကြောင်း data အပြည့်အစုံ နဲ့ ပြန်လည်ချေပရေးခဲ့တာ ဖတ်ဖူးသူတွေ ရှိပါတယ် ။

        မဘသ ဆရာတော် ဦးဝီရသူဖက်မှ ကာကွယ်ရေးသားတဲ့ ပို့စ် လေးပုဒ်ကျော် ရှိပါတယ် ။ 

      သံဃာများစော်ကားခံရ၍ အပုဒ်ရေများစွာ ရေးခဲ့ပြီး အကောင့်များစွာ ကျခဲ့ဖူးပါတယ် ။ 

      ဘာသာ သာသနာ နဲ့ ပတ်သက်ပြီး အပုဒ်ပေါင်း မရေတွက်နိုင်အောင်ရေးခဲ့ပြီးပါပြီ ။ 

          မြေပြင် ဆောင်ရွက်ချက် မရှိဖူးလို့ ဝေဖန်တာလည်း မှန်ပါတယ် ။ ကျနော်ပွင့်လင်းစွာ ရေးခဲ့ဖူးပါတယ် ဆွမ်းလောင်းသင်းတောင် စိတ်မဝင်စားဖူး ဆိုတာကိုပါပဲ ။ ဘာကြောင့်လဲ ဆိုရင် အမြဲတမ်း တခုခုသော လိုဘတွေနဲ့ ကွဲပြဲနေကြတာ စိတ်ပျက်လို့ပါပဲ ။ 

         ကျနော် မြေပြင်မှာ လူလုံးပြ ဆယ်ဖီဆွဲ လိုင်းပေါ်မတင်လို့ အပြစ်တင်ဝေဖန်သူများကို မေးချင်ပါတယ် ။ ပြည်သူအကျိုး နိုင်ငံတော် အကျိုး ၊ ဘာသာ သာသနာအကျိုး အတွက် ကာယအားဖြင့် လူလုံးပြမှ အကျိုးရှိတာလား ဥာဏအားဖြင့် စွမ်းဆောင်မှုရဲ့ အကျိုးသက်ရောက်မှုကို မသိမမြင်နိုင်ကြဖူးလား မေးချင်ပါတယ် ။ 

       ကျနော်က သံဃာတော်တွေ အသတ်ခံနေရလို့ မဟန နဲ့ မဘသ တို့ အသံထွက်ပေးကြပါ လို့ ရေးတာကိုပဲ နစက မှာပဲ တာဝန်ရှိတာ မဟန. မဘသ နဲ့ ဘာမှ မဆိုင်ဘူး ဆိုပဲ ။ 

      ပို့စ် ရဲ့ နိဂုံးပိုင်းမှာ ဘာကြောင့် အော်ဖို့ လိုအပ်သလဲဆိုတာ အနှစ်ချုပ် ရေးသားထားပါတယ် ။ မျိုးဝင်းကို ဆဲနေတဲ့ မဘသ (အစွန်းရောက် အနည်းငယ်) ကတော့ တချို့က ယုတ်မာစွာတမင်ထိမ်ချန်ထားပြီး ပုပ်ခတ်သလို အချို့က သူတပါးရေးတာ ဖတ်ပြီး လိုက်ယောင်တဲ့ အဆင့်ပေါ့လေ ။

(ဘာသာ သာသနာ အတွက် အရိုးစည်းရိုးထိုး ကာကွယ်မယ်လို့ ကြွေးကြော်ထားသူများထဲက အနည်းစုသော သူများရဲ့ တုန့်ပြန်ချက်အရ သံဃာများ ရက်စက်စွာ အသတ်ခံနေရမှုအပေါ် မိမိတို့၏ တာဝန်မဟုတ် နစက၏ တာဝန်သာဖြစ်သည် ဟူသော အံ့မခန်း လေးစားဖွယ် စိတ်ဓာတ်ပိုင်ရှင်ကြီး အချို့အား တွေ့ရသောအခါ ဆွံ့အ သွားမိပါတယ်)

         ဒီနေ့ မျိုးဝင်းပို့စ်တွေ ဖတ်နေကြတဲ့ မိတ်ဆွေတွေက 

- အကျိုးအကြောင်း ကိုက်ညီစွာ ရေးသားဝေဖန်ချက်များ ၊ 

- မှန်ကန်သော သတင်းအချက် အများစုကြောင့် ၊

- တိုင်းပြည်နဲ့လူမျိုးအတွက် ရေးနေတယ်လို့ ယုံကြည်စိတ်ချခြင်း

- ဘယ်သူမှားမှား ဘက်မလိုက်တမ်း မှန်မှန်ကန်ကန် ရဲဝင့်ပြတ်သားစွာ ဝေဖန်နေခြင်း

- အမျိုး ဘာသာ သာသနာအတွက် ခုခံကာကွယ်ရေးသားနေခြင်း 

      အဲသလို သမိုင်းကြောင်းများစွာကြောင့် like share ပေးနေကြတာပါ ။ မက်မောဖွယ် လှပနေတဲ့ မော်ဒယ်အပျိုချောတွေလို ဟိုဖော်ဒီဖော် ပုံမပါ ၊ ရုပ်ရှင်မင်းသား အဆိုတော် စာရေးဆရာ မဟုတ် ပါပဲ စာချည်းသက်သက် ရှည်လျှားစွာ ရေးနေတာကို မပျင်းမရိ ဖတ်နေကြတာ အထက်ပါ အချက်တွေကြောင့်ပါပဲ ။ 

           အခုဆို ပြည်သူတွေ ကောင်းစွာ စာတတ်နေပါပြီ ။ ဘယ်သူက သတ္တိရှိရှိ နဲ့ လုပ်သင့်တဲ့ အချိန် ပြောသင့်တဲ့အချိန် မှာ လုပ်ပြ ပြောပြ နေသလဲ ။ ဘယ်သူက အပျက်သဘော ဘယ်သူက အပြုသဘော ။ ဘယ်သူကစိတ်ရင်းအမှန် ဘယ်သူက အကြံအဖန် ဆိုတာ အားလုံးသိနေပါပြီ ။ 

     ကျနော် သံဃာများနဲ့ တုဖက်ပြိုင်ပြီး မပြောတတ်ပါဘူး ။ ကြောက်လို့ လန့်လို့ တော့ မထင်လိုက်ပါနဲ့ မိမိဘာသာ သာသနာ အတွက် တဖက်သား အထင်သေးသွားမှာ မလိုလားလို့ဖြစ်ပါတယ် ။

         NLD ငါးနှစ် နဲ့ ယနေ့ ကာလအထိ မျိုးဝင်း အားလုံးကို နာမည်တပ် ဒဲ့ ရေးခဲ့တာချည်းပါပဲ ။ အဲဒီထဲမှာ ချီးထက်ရွံတဲ့ မြဝတီမင်းကြီး ဆရာတော် ၊ ရွှေညဝါ ၊ အလကားကြယ် အစရှိတဲ့ ဘုန်းကြီးတွေကို တခါမှ မဝေဖန်ခဲ့ပါဘူး ။ဒါဟာ သံဃာဆိုတဲ့ဂုဏ်ကို ဘက်မတူတာတောင် အလေးထားခဲ့တဲ့ ကျနော့်သဘောထားပါ ဗျာ ။ 

          တချိန်က ကမ္ဘာ့အမြင်မှာ မဘသ အဖွဲ့ကြီးအား အစွန်းရောက် ဗုဒ္ဓဘာသာအဖြစ်ပုံဖော်ခဲ့ကြပါတယ် ။ ဒီလို ပုံရိပ်ဖျက်ခံရတာ အခု မျိုးဝင်းကို အပုပ်ချနေတဲ့ လက်တဆုပ်စာ မဘသ ဥာဏ်ကြီးရှင်အုပ်စုရဲ့ ပယောဂလည်း မကင်းပါဘူး ။ 

        အရိပ်ရန်သူထင်နေတဲ့ အဖြစ်အတွက် စိတ်မကောင်းစရာပါပဲ ။ မျိုးဝင်းရေးထားတာ သံဃာထုတရပ်လုံး အတွက် ၊ ဘာသာ သာသနာတခုလုံး အတွက် ရည်ရွယ်ရေးထားပါတယ် ။ 

     သို့သော် လူတစုကတော့ မဘသ ဆိုတဲ့ အစုအဖွဲ့ အတွက် ဖြတ် ညှပ် ကပ် ပြီး ရန်သူမွေးနေကြတာ စိတ်မကောင်းစရာပါပဲ ။ အကြံပေးချင်တာ အဲဒီ ပို့စ်ကို တပုဒ်လုံး ပြန်ဖတ် ။ ဝါကျတကြောင်းဆီ နဲ့ တပိုဒ်ခြင်း အတွက် ဆိုလိုချက်ကို ချိတ်ဆက် ပြန်စဥ်းစားကြည့် အဓိကကျတဲ့ ရည်ရွယ်ချက်ကို ဖမ်းဆုပ်နိုင်အောင် ကျိုးစားပါလို့ အကြံပေးချင်ပါတယ် ။ 

....လောကအကျိုး ၊ အမျိုးဘာသာ သာသနာအကျိုး ၊ ပြည်သူ့အကျိုး ၊ သံဃာထုအကျိုး အတွက်ရည်စူး ဆောင်ရွက် နေသူနဲ့ မိမိအဖွဲ့အစည်း အတွက် ခံစားတုန့်ပြန်နေတဲ့ အဖွဲ့ကြီးထဲက လူတစု ဘယ်သူက မှန်ကန်သလဲ ဆိုတာ ချင့်ချိန်နိုင်စွမ်း မြင့်မားတဲ့ အမျိုးချစ်သူတွေက ဆုံးဖြတ်ပေးကြပါလိမ့်မယ် ။

       ကိုရွှေမျိုးဝင်း

(တခါတရံ အပြောတမျိုး အလုပ်တမျိုး မျက်နှာပြောင်တိုက်ရတာလည်း အရသာရှိတာပဲ ဗျ......)


Related Posts:

  • 🍁ကမ္ဘာ နဲ့ မြန်မာ 🍁Nov 8ရက်နေ့ဟာ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မို့ ထူးခြားဖြစ်စဥ်ရှိလာနိုငိလို့ စောင့်ကြည့်နေခဲ့တာပါထင်တဲ့အတိုင်းUNSC ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး နှင့်လူ့အခွင့်ရေး တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်🍁အဆိုပါပွဲမှာအာဆီယံအထူးကိုယ… Read More
  • ဖုံရွာ သွားတောလား          ကျနော်တို့ငယ်စဥ်က အမြဲတမ်း ပုံမှန် သွားနေကြခရီးစဥ် နှစ်ခုရှိခဲ့ပါတယ် ။ တခုက သကြ်န်ရောက်တာ နဲ့ အဖေ့ရဲ့ ဆွေမျိုးတွေ ရှိရာ ပခန်းကြီးရွာကို အလည်သွားကြခြင်း နဲ့ နောက်တခု တန်ဆောင်မုန်းလပြည့်မှာ အမေ့ရဲ့ ဒေါ်လေး ရှိတဲ့ ဖုံ… Read More
  • အမြန်လမ်းဇဟားရဲကင်း ရဲ(၅)ဦးသတ်သူများအား (၁၀-၁၁-၂၀၂၁)ယနေ့ နေ့လည်(၂)နာရီအချိန်တွင်မိပြီ ဝဲယာမှ ပိုင်သဲဦး၊ စိုးသူအောင်၊ မြဝင်းကျော်၊ ကျော်နိုင်ဦး၊မင်းမင်း၊ ကောင်းဆင့်သာ၊ ပုလဲဆေး၊ စောနိုင်ဦး တို့အားဖမ်းဆီးရမိကြောင်းသိရသည်။#စစ်သူကြီး… Read More
  • ကလေးကွက် နဲ့ ပြည်ပျက်ပါ့မလား       NUG နဲ့ PDF တွေက နစက အပေါ် တိုက်ခိုက်နေကြတဲ့ နေရာမှာ သူတို့ အဓိကအားထားနေကြတာက ပြည်ပ ဝင်ရောက် စွက်ဖက်မှုပဲ ဖြစ်ပါတယ် ။         အီရတ် လစ်ဗျား ကိုဆိုဗို တို့လို အမေရိကန်က ဝင်တိုက်မယ်ထင်ပြီး ကလေးကလားကွက်တွေ နဲ့ လုပ်လာကြပါ… Read More
  • ဝမ်းတွင်းမြို့နယ် သဲတောလေးကျောင်းထိုင်ဆရာတော်ကို nld များသတ်ဖြတ် ဒါကတော့ တော်တော်များသွားပြီအမျိုးဘာသာ သာသနာကိုတော်တော်စော်ကားသွားပြီမျိုးချစ်များ ငုံ့ခံနေဦးမှာလား...........11-11-2021ဝမ်းတွင်းမြို့ သဲတောလေးကျေးရွာတွင်သာသနာပြု လုပ်ငန်းများဆောင်ရွက် နေသော ဆရာတော် ဦးသောမဏ ကိုNld အစွန်းရောက… Read More