လွန်ခဲ့ရက်သတ္တပါတ်အချိန်အတွင်း က
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှစိုး ကို
ရန်ကုန်မြို့နေပြည်သူတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က
ကြပ်ကြပ်မတ်မတ်လုပ်ဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။
အဲ့ဒီလမ်းညွှန်ချက်ကို ကြည့်ရင်
ရန်ကုန်တိုင်းဒေသကြီးအတွင်းက
ပြည်သူတွေရဲ့လုံခြုံရေးကို တာဝန်ခံရမှာက
တိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်နေပါတယ်၊
ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှုးမဟုတ်ကြောင်း
ထင်ရှားပါတယ်၊တည်ဆဲ ၂၀၀၈ခုနှစ်အခြေခံဥပဒေရဲ့
ပေးအပ်ထားချက်ကလည်း အဲ့ဒီအတိုင်းပါပဲ။
တရားဝင်အုပ်ချုပ်မှုပုံစံမှာလည်း
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဥက္ကဋ္ဌနေရာမှာရှိပြီး
တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးမှုးက
အတွင်းရေးမှုးနေရာကိုယူပါတယ်၊
တပ်မတော်အရာရှိက နယ်/လုံဝန်ကြီးနေရာ
တိုင်းအစိုးရအဖွဲရဲ့ သာမန်အဖွဲ့ဝင်နေရာမှာပဲရှိပါတယ်။
အောက်ခြေမြို့နယ်အဆင့်မှာလည်း
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးက
မြို့နယ်ဥက္ကဋ္ဌဖြစ်ပြီး၊မြို့နယ်ရဲတပ်ဖွဲ့မှုးက
အတွင်းအရေးမှုးဖြစ်ပါတယ်၊
တပ်မတော်အရာရှိက
သာမန်အဖွဲ့အဝင်အနေနဲ့ပဲ ပါရပါတယ်။
တပ်မတော်အနေနဲ့ မလွှဲသာလို့
နိုင်ငံတော်အာဏာကို ခေတ္တထိန်းထားရပေမယ့်
တည်ဆဲ၂၀၀၈ အခြေခံဥပဒေနဲ့အညီ
မိမိတို့ပြည်သူတွေကို အမှန်တကယ်
အုပ်ချုပ်စီမံနေတာသည်
အထွေထွေအုပ်ချုပ်ရေးဦးဋ္ဌာနက
အရပ်သားဝန်ထမ်းတွေပဲဖြစ်ပါတယ်။
နေ့စဉ်နဲ့အမျှတိုးတက်ဖြစ်ပေါ်နေတဲ့
အကြမ်းဖက်မှုတွေအတွက် အဓိကတာဝန်ရှိသူကို
တည်ဆဲ ၂၀၀၈ခုနှစ် အခြေခံဥပဒေအရပြောရရင်
အရပ်သားအထွေထွေအုပ်ချုပ်ရေးမှုးတွေက
တာဝန်ခံရပါလိမ့်မယ်။
အကြမ်းဖက်မှုကို လက်သင့်မခံချင်ရင်
ပြည်သူတွေအနေနဲ့
ထွေအုပ်ကိုဖိအားပေးချင်ရင်ပေး
မပေးချင်ရင် ၂၀၀၈အခြေခံဥပဒေကို
ခေတ္တအနားပေးရပါမယ်၊
၂၀၀၈ အခြေခံဥပဒေအရ
တပ်မတော်သည်အုပ်ချုပ်ရေးကဏ္ဍကို
တိုက်ရိုက်တာဝန်ယူလို့မရပါဘူး။
(သိသလို ရေးပါတယ်
လိုအပ်တယ်ထင်ရင်
ဖြည့်စွက်ဖတ်ပါ)။
AungMin