Monday, November 15, 2021

ဒီယနေ့ FBရဲ့ Flowကို သုံးသပ်ကြည့်ပါက Fbမှာ "တရားမျှတမှု"မရှိပါ


Fbသည် ဘက်လိုက်မှုစနစ်ကို အခြေခံထားပါသည်။
FBသည် လူ့အခွင့်အရေးအပေါ် တန်ဘိုးမထားပါ။
FBသည် အာဏာရှင်ဆန်နေပါသည်။

သို့သော်!! 
လူအတော်များများဟာ FBကို မလွန်ဆန်နိူင်ကြပါ။
ဤအချက်ကို FBမှ ကောင်းကောင်းကြီးသိရှိထားပါသည်။
ထို့ကြောင့် ဤအချက်ကို FBမှ အမြတ်ထုတ်ပါသည်။ 
ဒါကြောင့်မို့ လူအတော်များများဟာ FBရဲ့ အနိူင်ကျင့်မှုအား
မလူးသာမလွန့်သာဖြင့် ကြိတ်မှိတ်ကာခံစားနေကြရပါသည်။

FB၏ "လူမှုစံနှုန်း" ဟူသော သတ်မှတ်ချက်က
အနိမ့်/အမြင့် မညီပါ။ လူ ပုဂ္ဂိုလ် အဖွဲ့အစည်း 
ခွဲခြားမှုရှိပါသည်။ 

FB၏ လူ ပုဂ္ဂိုလ် အဖွဲ့အစည်းများ၏ 
မငြိမ်သက်မှုဖြစ်စေရန်, အကြမ်းဘက်မှုများအတွက်
စည်းရုံး လှုံ့စော်နေကြ‌သည့် သိန်း သန်းမကသောစကားလုံးများနဲ့ 
နောက်ဆုံး,,လူ့အသက်အန္တရာယ် ခြိမ်းခြောက်သည့် postများကိုပင် ,, 
FBမှ လစ်လျူရှု(မျက်ကွယ်ပြု)ပေး
ထားသော်လည်း,,

FB၏ အလိုကျ အဖွဲ့အစည်း လူ ပုဂ္ဂိုလ်တို့အား
ပြန်လည် ချေပပြောဆို ‌သည့်နေရာ၌ စကားလုံးအချို့ မှားယွင်းမှုရှိပါက FBမှ "#ပိတ်ပင်"နေမှုများသည်ကား 
ဒီယနေ့ ကျွန်ုပ်တို့၏ လက်ရှိ ကြုံတွေ့ နေကြရသောခံစားချက်များပင်ဖြစ်ပါသည်။ ထိုသည်ကား,,
FB၏ အာဏာရှင်ဆန်မှု‌ကြောင့်သာ
ဖြစ်နေပါသည်။

"လူ့အခွင့်အရေး"ဆိုသည်မှာ အဘယ်နည်း? ဟူ၍FB သို့ မေးခွန်းထုတ်လိုက်ရပါသည်။

KoThetKa
( 14.11.2021 )