Saturday, November 13, 2021

🍁 ဘာလဲဟဲ့ New World Order ?


ကမ္ဘာ့အခင်းအကျင်းသစ်ဆိုတဲ့ New World Order
ဆိုတာကို... ဘာသာပြန်ရေးနေတာထက်
ကိုယ်တိုင်ကိုယ်ကျသိပြီး၊ ကိုယ့်အမြင်နဲ့ကိုယ်
ရေးတာကို ပိုသဘောကျတယ်၊

မနေ့က PhD-5 Candidate ဖြစ်တဲ့
ဗခကအုန်းမြင့် (ဝန်ကြီး-ငြိမ်း) ပြုစုနေတဲ့
ကျမ်းက အတော့်ကိုကောင်းတယ်၊
ကျမ်းခေါင်စဉ်က...

" Relooking at the New World Order :
Strategic role of global leadership and
how it has been shaping the future "

အတော်ဖတ်၊ အတော်လေ့လာထားတာတွေ့ရသလို
ဘမောင်ပြောခဲ့၊ ရေးခဲ့တာ သေးသေးလေးကအစ
အားလုံးမှတ်ထားတာ အံ့ဩဖွယ်ရာတွေ့ရတယ်
( ဘမောင် အဲ့သလောက်မလုပ်ခဲ့ဖူးဘူး- ရိုးသားစွာ )

ဆွေးနွေးဖို့လာတာမှာ ပြင်ဆင်ခဲ့တာတွေက
ကြောက်စရာကြီး၊ Phd (1-8) မှာ
ပြင်ဆင်မှု့အကောင်းဆုံးပဲ၊ တော်ရုံလိုက်မလုပ်နိုင်ဘူး၊
Prefinal, final defense ဝင်လို့ရအောင်လောက်ကို
ပြင်ထားတာမျိုး၊
( ဘမောင်လဲ အဲ့သလောက် မလုပ်ခဲ့ဘူးပါ- ရိုးသားစွာ )

နောက်တခါချစ်စရာကောင်းတာက
ရဲဘော်ရဲဖက်စိတ်ရှိတာ၊ ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီတို့
ဝန်ကြီးတာဝန်ထမ်းဆောင်နေရလို့ Phd နောက်ကျတာကို
စိတ်မကောင်းကြောင်း ပြောရှာတယ်၊
သူတို့ (၂) ဦးလဲ လူတော်တွေပါ၊ ဝန်ကြီးမဖြစ်မီ
Presentation တခေါက်နားထောင်ဘူးတယ်
Very impressive.

..............

ပြောရရင်
ကြိုတင်စုဆောင်း ပြင်ဆင်ထားလို့
ဦးအုန်းမြင့်အနေနဲ့ Touching ပိုင်းလောက်တာ
လိုတော့တယ်လို့ ပြောရအောင် ပြည့်စုံနေတာ
တွေ့ရတယ်၊ တော်တော်အပင်ပန်းခံထားတာ
ဘွဲ့ရရုံကျမ်းမျိုးမဟုတ်တာသေခြာတယ်၊

Global leadership competencies တွေမှာ
အရင်ဘာတွေကို အခြေခံထားပြီး၊
ခေတ်သစ်မှာ ဘယ်လို Evolutionary
ပြောင်းလဲလာတယ်ဆိုတဲ့ diagram ကို
လေ့လာကြည့်တော့ ထူးခြားတာတခုတွေ့တယ်၊
Theory အခြေခံရင်ထွက်လာမဲ့ပုံစံကတမျိုး
အခုတွေ့ရတာက တမျိုး၊
" လက်တွေ့ကြတယ်ဗခက၊ တော်ရုံမလုပ်ရဲဘူး"
လို့ပြောလိုက်တော့...
ဗခမက သန်းရွှေ သင်ပေးခဲ့တာကို
မှတ်မိသလောက်ချရေးပေးတာတဲ့၊
Next level thinker တွေတွေးတတ်တဲ့အတွေး
လက်တွေ့ဆန်တယ်၊ အားလုံးချိတ်ဆက်ထားတယ်၊

...............

New World Order ဖြစ်တည်လာမှုမှာ
Regional and global situation ဆိုတဲ့
ဇယားတခုနဲ့ မြင်ကွင်းအားလုံးကိုခြုံငုံမိအောင်
အပင်ပန်းခံ ပြုစုထားတာတွေ့ရတယ်၊

Medieval , 18th Century ကနေ
ဒီနေ့ခေတ်အထိ၊ 18th Century ရှေ့ပိုင်းကို
ဘမောင်အလွတ်မရတော့ဘူး၊ 19th Century
ကမ္ဘာ့နိုင်ငံရေးကတော့ Decade အလိုက် ခေါင်းထဲ
ရှိနေပါတယ်၊ ဒီဇယားတချပ်မှာတင်
နာရီဝက်ကုန်သွားတယ်၊

နောက်ဆုံး
2021 Scenario ကိုရောက်လာတယ်
အာဖဂန်ကိစ္စ၊ AUKUS, Biden လက်ထောက်
သူလှိုဖြစ်နေတာကအစ.. ထိုင်ဝမ်၊ မြန်မာ
ဘယ်လို အဆုံးသတ်ကြမလဲဆိုတာအဆုံး၊

မြဝတီအတွက်ဆောင်းပါးတခုကို
Pivot of three new world orders အမည်နဲ့
ရေးပြီးကာစဆိုတော့...
ဒီနေ့ NWO ဆိုတာ... အရင်လိုတခုထဲ
ထီးထီးမဟုတ်တော့ပဲ၊ မြင်ကွင်း (၃) ခု
အားပြိုင်နေတာကို ပြောပြဖြစ်တယ်၊
အမေရိကန်ကြိုးစားတဲ့ NWO
ရုရှားကြိုးစားတဲ့ NWO
တရုတ်ကြိုးစားတဲ့ NWO ဆိုပြီး
ဆုံချက်တခုမှာ 3-NWO အားပြိုင်နေတဲ့အကြောင်း၊

Unipolar ကနေ
Tripolar အဖြစ်ရွေ့လာနေတဲ့အကြောင်း
နှစ်အနည်းငယ်အတွင်း အမေရိကန် Decline ဖြစ်ပြီး
Bipolar ခေတ်ရောက်လိမ့်မယ်ဆိုတဲ့အကြောင်း၊
New bipolar မှာ game အသစ်
player အသစ်ထပ်ထွက်လာမှာဖြစ်တဲ့အကြောင်း။

..............

ဘွဲ့ရရုံသက်သက်ကျမ်းမဟုတ်ဘူး
နောက်လူတွေကိုးကားရမဲ့ကျမ်း
အတော့်ကိုကြိုးစားထားတဲ့ကျမ်း
( ဒီနေ့အထိ ကိုင်ခဲ့ရသမျှ အကြိုးစားဆုံးသူ )

ပုံတောင်မှ ရေးသမျှတချက်မှအလွတ်မပေး
ရိုက်ထားတယ်၊
ဘမောင်က လက်ရေးညံ့တယ်
( တခြားဟာတော်သလားဆိုတော့လဲ
မတော်ပြန်ဘူး 😁 )
အဲ့ဒီညံ့တဲ့လက်ရေးကိုတောင်
တလုံးချင်းပြန်မေးတတ်သဗျာ...
ကြိုးစားချက်က အဲ့သလို 9+++

အများ Reference လုပ်ရတဲ့
Dissertation တခု ဖြစ်ပါစေဗျာ။

#BaMaung.


Related Posts: