Monday, November 8, 2021

ရပ်ကွက် အုပ်ကြီးတချို့ PDF များစေခိုင်မှု့ဖြင့် လူထုကို ဖိနှိမှု့ပုံစံအသစ်ချ


ရန်ကုန် တိုင်း ( ဆိပ်ကမ်းမြို့နယ် အမှတ် ၈၂) ရပ်ကွက်
၇ ရက် နိုဝင်ဘာ ၂၀၂၁ ခုနှစ်

ရန်ကုန်တိုင်းအတွင်း PDF များမှ ထူးခြားဗျူဟာအသုံးပြုလာကြောင်းတွေ့ရသည်...အချို့ အုပ်ကြီးများ PDF ခိုင်းတာကို လုပ်လျင် သတ်ဖြတ်မှု့ မလုပ်ဘူးလို့ သဘောတူကြပါတယ်...
PDF အဖွဲ့စည်းများက အုပ်ကြီးအချို့ထံ ချဉ်းကပ်၍ ၎င်းတို့ အုပ်ချုပ်သော ရပ်ကွက်သူရပ်ကွက်သားများကို ဖိနှိပ်ပြဖို့လို့ ဆိုပါတယ်...
လက်ရှိ သေချာခိုင်မာသော ရုပ်သံ အထောက်ထားများကို မြန်မာ အမေရိကန်သတင်းဌာနမှ စုံစမ်းသိရှိရသည်။
လက်ရှိတွင် ဒဂုံဆိပ်ကမ်းမြို့နယ် ရပ်ကွက်အမှတ် ၈၂ တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

မြန်မာ အမေရိကန် သတင်းဌာနမှ စတင်းထောက်လှမ်းစုံစမ်းတွေ့ရှိမှု့တွင် အဆိုပါ ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် PDF အဖွဲ့စည်းအချို့နှင့် အဆက်သွယ်ရှိနေပြီး ၎င်းတို့ အနာဂတ် နည်းဗျူဟာကို အဆိုပါ ရပ်ကွက်တွင် စတင် ဆောင်ရွက်နေကြောင်း သိရှိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဧည့်စာရင်းတိုင်ကြားမှု့ ရက်လွန်ကြေး.. ရပ်ကွက် စည်ပင်ကြေး အပြင် အခြားမဖေါ်ပြနိုင်သော ငွေကြေးများကို အနည်းဆုံး သုံးသောင်းကျပ်မှ ငါးသောင်းကျပ်အထိ ရပ်ကွက်သူရပ်ကွက်သားများအား ၎င်းတို့ ရုံးသို့ ခေါ်ယူ၍ အတင်းကြပ် ပေးဆောင်ရန် ဆောင်ရွက်နေကြောင်းသိရသည်..

၎င်းတို့တောင်းဆိုသော ငွေမပေးနိုင်သူများကို သက်ဆိုင် စစ်ဌာန အဖွဲ့စည်းသို့ ရပ်ကွက် အာဏာပိုင်များက... PDF များနှင့် ငွေမပေးနိုင်သော ရပ်ကွက်နေပြည်သူအချို့ကို အဆက်သွယ် ရှိသည်ဟုဆိုကာ မမှန် သတင်းပေး ညှင်းပမ်း နှိပ်စက်ခိုင်းခြင်းများ ဖြစ်ပေါ်နေပြီး..လက်ရှိတွင် အသက် ၇၀ အဖိုးအိုတဉီးအား သတင်းမှားဖြင့် လိမ်လည် တိုင်တန်း လာသည်ကို စစ်ဘက် အာဏာပိုင်များမှ ခေါ်ယူနှိပ်စက်ထားကြောင်း မြန်မာ အမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရပြီး ခေါ်ယူ နှိပ်စက်သော တပ်မတော် တပ်ဖွဲ့နှင့် အရာရှိ ဓါပုံမှတ်တမ်းများကို ရယူထားပြီးဖြစ်ပါသည်။

အဆိုပါ အချက်လက်များကို တပ်မတော် အကြီးကဲများမှ ၃ ရက်အတွင်း စုံစမ်း စစ်ဆေးခြင်း မှန်ကန်သော ဆောင်ရွက်မှု့များမပြုလုပ်ပါလျင် သက်ဆိုင်ရာ အာစီယံသံတမန်များနင့် နိုင်ငံတကာ အသင်းဖွဲ့များထံသို့ ရုပ်သံ အထောက်ထားများကို တိကျ ခိုင်မာစွာ အကြောင်းကြား တင်ပြပေးသွားမည်ဖြစ်ပါသည်။

လက်ရှိတွင် ရပ်ကွက်တွင်းနေထိုင်နေကြသော ပြည်သူများအနေဖြင့် အုပ်ချုပ်ရေး အဖွဲ၊ PDF အဖွဲ့များနှင့် တပ်မတော် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ ဆိုသော သုံးဖွဲ့လုံးအား အကြောက်တရားဖြင့် နေထိုင်နေကြရသော အခြေနေသို့ ရောက်ရှိနေကြောင်း တွေ့ရသည်။

သတင်းများကို လိမ်လည်တိုင်တန်းနေသော ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လက်ရှိ ရန်ကုန်တိုင်းအတွင်းမှ PDF များ ဆက်နွယ်မှု့များကိုအချက်လက်အထောက်ထားများလည်း ရရှိထားပြီးဖြစ်ပါသည်။

တိုင်းပြည်အတွင် အုပ်ကြီးအချို့ သတ်ဖြတ်ခံနေရသည့် အနေခြေနေများ နေ့စဉ်ဖြစ်ပေါ်နေပြီး PDF များမှ စေခိုင်းသော အလုပ်များကို မလုပ်လျင် သတ်ဖြတ်ခံနေရခြင်းနှင့် လက်ရှိ အထက်အာဏာပိုင်များ ခိုင်းစေမှု့ကိုသာ ပြုလုပ်နေသော အုပ်ကြီးများ ပါဝင်နေသည်။
အထက်ဖေါ်ပြပါ သတင်းအချက်လက်သည် တိကျမှန်ကန်ကြောင်း မြန်မာ အမေရိကန် သတင်းဌာနတွင် လုံလောက်သော အထောက်ထားများ ရရှိထားပြီး အများပြည်သူ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ အကြီးကဲများမှ စီစစ်ခြင်းမပြုလုပ်လျင် အထောက်ထားများဖြင့်ဖေါ်ပြသွားရန်ရှိပါသည်။
မြန်မာ အမေရိကန် သတင်းဌာန
အမေရိကန် ပြည်ထောင်စု
ဝါရှင်တန် ဒီစီ

ဘက်လိုက်မှု့ ကင်းရှင်းစွာ ဖေါ်ပြနေသော သတင်းဌာန ဖြစ်သည်