Wednesday, November 17, 2021

ထန်းတပင်မြို့နယ်၊ တာဆုံရှိ ရဲကင်းစခန်း ပစ်ခတ်မှု၌ ပါဝင်သူများ ဖမ်းဆီးခံရမှုသည် မှန်ကန်ကြောင်း သက် ဆိုင်ရာ အတည်ပြု၊ People Media သတင်းဌာနမှ ရေးသားခဲ့သည့် သတင်းအမှန်ကို သတင်းအမှားအဖြစ် ပုံဖော်ရန် Mizzima သတင်းဌာန ကြိုးစားလျက်ရှိနေ

……………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၁၇ (People Media) 

ရန်ကုန်၊ ထန်းတပင်မြို့၊ တာဆုံရှိ ရဲကင်းစခန်း ပစ်ခတ်မှု၌ ပါဝင်သူများ ဖမ်းဆီးရမှုသည် မှန်ကန်ကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့က ပြောပါတယ်။ 

နိုဝင်ဘာ ၁၅ ရက်နေ့က ထန်းတပင် တာဆုံရှိ ရဲကင်းစခန်းကို PDF အဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ဒု-ရဲအုပ် အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ပါတယ်။ 

အဆိုပါ ဖြစ်စဉ်၌ ကျူးလွန်သူများသည် ပထမ စတင်အသုံးပြုခဲ့သည့်ယာဉ်ကို လမ်းဘေးသို့ ထိုးချခဲ့ပြီးနောက် နောက်ထပ် ယာဉ်တစ်စီးဖြင့် ညနေပိုင်းက ရန်ကုန်မြို့ထဲ ပြန်ဝင်ရန် လာနေစဉ် စစ်ဆေးရေး တိုးဂိတ်အနီး၌ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပေါ်ပြီး တစ်ဦးသေဆုံးပြီး သုံးဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

အဆိုပါ သတင်းဖြစ်စဉ်အပေါ် People Media သတင်းဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူထံ အတည်ပြုချက် ရယူပြီး ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ 

အဆိုပါ ဖော်ပြချက်သည် သတင်းအမှားဖြစ်တယ်လို့ Mizzima သတင်းဌာနက နိုဝင်ဘာ ၁၇ ရက်နေ့၌ ဖော်ပြ ထားပါတယ်။ 

လက်ရှိ၌ Mizzima သတင်းဌာနသည် သတင်းအမှားများကို ပြန်လည်စစ်ဆေးဖော်ပြသည်ဟု အမည်ခံထား သော်လည်း သတင်းအမှန်ကို သတင်းမှားဟု ဖော်ပြပြီး အမှန်တရားကို ဖုံးကွယ်ရန်ကြိုးစားလုပ်ဆောင်လျက်ရှိ ပါတယ်။ 

“ဒီမီဒီယာတွေက PDF တွေ သတ်လို့ သေတဲ့သူတွေဆိုရင် ဒလန်ခေါင်းစဉ်တပ်ပြီး အဲ့ဒီ မိသားစုဘဝတွေကို ဒလန်ခေါင်းစဉ်အောက်ကနေ ရိုက်ချိုးနေတဲ့ မီဒီယာတစ်ခုပါ။ ဒီကိစ္စက မှားတယ် မှန်တယ်ဆိုတာ သူတို့ ဆုံးဖြတ်လို့ရတာမဟုက်ဘူး။ တရားရုံးက ဆုံးဖြတ်ရမှာ” လို့ အငြိမ်းစား ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

#PeopleMedia

(unicode)

Related Posts:

  • အနုပညာသမားဆိုတဲ့ကောင်တွေသိဖို့ မင်းဖြစ်ချင်တာက ကျားဆိုလည်း ကျားလိုလှမ်း။ နွားဖြစ်ချင်တာဆိုရင်လည်း နွားလိုထမ်း ။အခုကျတော့ ကျားလိုလို နွားလိုလို နဲ့ မင်းလိုချင်တာ အသားလား မင်းကို ကျွေးရမှာ မြက်ခြောက်လားဆိုတ… Read More
  • "နိုင်ငံတော်သည် ပထမပါ"နိုင်ငံရေးဖြစ်စဉ် ရှေ့အလားအလာကို မြင်မိသလောက်တော့အခုဆိုရင် ⁃ SP ဆိုတာလည်း ခေတ်မရှိတော့ပါဘူး၊ ⁃ CDM ဆိုတာလည်း ခေတ်မရှိတော့ပါဘူး၊ ⁃ သံဗုံးတီးတာလည်း ခေတ်မရှိတော့ပါဘူး၊ ⁃ တော်လှန်ရေးမျိုးစုံလည်း ခေတ်မရှိတော့ဘူ… Read More
  • NLD အမာခံ ဒေါက်တာထားထားလင်း လင်မယား ဖမ်းဆီးရမိထပ်ဆင့်ကူးယူဖေါ်ပြအပ်ပါသည်.♦️ပြည်သူ့ ထံမှ COVID -19  အလှူငွေ          ကျပ် ၁၆၁ သန်း - ခိုးပြေးသော             ဇော်ဝေစိုး နဲ့ အချိတ်အဆက် ♦️NLD အမာခံ ဒေ… Read More
  • #ခေတ်ကိုကဂျင်းခေတ် ခေတ်ကိုက လက်ဖက်ညွှန့်ဆိုပြီးရာဘာရွက်အညွှန့်တွေ ချဉ်ငံစပ်လုပ်၊ မပုပ်ဆေးတွေထည့်ဆီစိမ်၊ ပုလင်းနဲ့ပိတ်ပြီး တံဆိပ်ကပ်လိုက်ရင်ပဲတဆယ်သား ၃၀၀ တန် ရာဘာညွှန့်တွေကတပုလင်း ၆၀၀၀ တန်နာမယ်ကြီးလက်ဖက်ညွှန့်ဖြစ်သွားတဲ့… Read More
  • နိုင်ငံရေး မဂ်လာဆောင် ဧည့်ခံပွဲ           ညနေစာ စားပြီးမှ ကိုစိုးရောက်လာလို့ လက်ဖက်ရည် သွားသောက်ကြပါတယ် ။ စားပွဲထိုးက လူသစ်လေး ဆိုတော့ ကိုစိုးအတွက် ပေါ့ကျ နဲ့ ကျနော့်အတွက် ပုံမှန် တခွက်စီ မှာလိုက်ပါတယ် ။ လက်ဖက်ရည် ဂေါက်လာတော့ … Read More