Yak-13 ဟာ တန်းမြင့်အမောင်းသင်တိုက်လေယာဉ် (lead-in fighter trainers -LIFT) ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်က လေသူရဲအသစ်တွေအနေနဲ့ တိုက်လေယာဉ်တွေကို မမောင်းနှင်ခင်မှာ တကယ့်ခေတ်မီတိုက်လေယာဉ်တွေရဲ့ လေယာဉ်မောင်းခန်းနဲ့ အလားတူ အသွင်အပြင်တွေကို ကျွမ်းကျင်သွားအောင် လေ့ကျင့်ပျံသန်းဖို့ ဖြစ်ပါတယ်။
Yak-130 ဟာ တန်းမြင့်အမောင်းသင်တိုက်လေယာဉ် ဖြစ်တယ်ဆိုပေမဲ့ မြေပြင်တိုက်ခိုက်ရေးကိုလည်း secondary role အနေနဲ့ သုံးနိုင်ပါတယ်။
Yak-130 ရဲ့ တောင်ပံအောက်မှာ လက်နက်တပ်ဆင်ဖို့နေရာ ၆ ခုပါဝင်ပြီး လေယာဉ်ပစ်ဒုံး၊ မြေပြင်ပစ်ပဲ့ထိန်းဒုံး၊ ပဲ့ထိန်းဗုံး၊ ပဲ့ထိန်းမဲ့ရိုးရိုးဗုံး၊ ဒုံးကျည်၊ စက်အမြောက်တွေ၊ အပိုဆီတိုင်ကီတွေ တပ်ဆင်နိုင်ပြီး စုစုပေါင်း လက်နက်ခဲယမ်း အလေးချိန် ၃ တန်ကျော် တင်ဆောင်နိုင်ပါတယ်။
ဒီပမာဏဟာ A-5 တိုက်လေယာဉ်တွေ တင်ဆောင်နိုင်တဲ့ ပမာဏရဲ့ ၂ ဆနီးပါးဖြစ်ပါတယ်။
ဒါ့အပြင် တောင်ပံထိပ်ဖျားမှာလည်း အပူငွေ့ရှာ လေယာဉ်ပစ်ဒုံးကျည် ၂ စင်း တပ်ဆင်နိုင်ပါသေးတယ်။
ဒီလို များပြားတဲ့ လက်နက်တွေတင်ဆောင်နိုင်တာကြောင့်လည်း Yak-130 တွေဟာ ပြည်တွင်းသောင်းကျန်းမှုနှိင်နှင်းရေးစစ်ဆင်ရေးတွေနဲ့ ဘက်မညီစစ်ပွဲတွေမှာ အသုံးဝင်နေတာ ဖြစ်ပါတယ်။
Yak-130 လေယာဉ်တွေဟာ မြေပြင်ပစ်မှတ်တွေကို ညအချိန်မှာလည်း ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။
မြန်မာလေတပ်အနေနဲ့ Yak-130 လေယာဉ်တွေကို လတ်တလော ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးနဲ့ အကြမ်းဖက်မှုနှိမ်နှင်းရေး စစ်ဆင်ရေးတွေမှာ ထိထိရောက်ရောက် အသုံးပြုလျက်ရှိပါတယ်။
လက်ရှိမြန်မာ့လေတပ်မှာ Yak-130 တိုက်လေယာဉ် ၁၆ စီးခန့် အသုံးပြုလျက်ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ Yak-30 ၁၆ စီးဝယ်ယူခဲ့ပေမဲ့ လေသူရဲအမှားကြောင့် ၃ စီးဟာ ၆ လအတွင်း ပျက်ကျခဲ့ပါတယ်။
#sitmin