Wednesday, February 9, 2022

"မ.ဘ.သ ကိုဆွမ်းမလောင်ရန် ပြောကြားကာ တပ်မတော်ကို အကြိမ်ကြိမ်ဆော်ကားပုတ်ခတ်ခဲ့သည့် ဒါရိုက်တာ ဝိုင်း ကို ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိ"


မ.ဘ.သ ကို ဆွမ်းမလောင်းရန် ပြောကြားခဲ့ပြီး ဘာသာ သာသနာကို ရိုင်းပြစွာ စော်ကားခဲ့သည့်အပြင် တပ်မတော်ကိုပါ အကြိမ်ကြိမ် မဟုတ်မတရား ပုတ်ခတ်ဆော်ကားခဲ့သည့် သရုပ်ဆောင် ဒါရိုက်တာ ဝိုင်း ကို ယနေ့ နေ့လည် ၁၁ နာရီခွဲခန့်အချိန်က ရန်ကုန်တိုင်းဒေသကြီး
ပုဇွန်တောင်မြို့နယ်၊ မဟာဇေယျလမ်းရှိ ၎င်း၏နေအိမ်တိုက်ခန်းမှ ဖမ်းဆီးရမိကြောင်း သိရသည်။

၎င်းသည် ရှောင်တိမ်းနေရာမှ နေအိမ်တိုက်ခန်းသို့
ခေတ္တပြန်ရောက်ချိန် နာရီဝက်အတွင်း ရဲကား ၂စီးဖြင့် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

အိမ်နေရင်း အဝတ်အစားနှင့်ပင် ဖမ်းဆီးရာသို့ ပါသွားရာ လူကပိန်နေပြီး အသားလည်းညိုမည်းနေကာ မျက်နှာနွမ်းနေဟန်ရှိကြောင်း 
မျက်မြင်တွေ့လိုက်သူများက ပြောကြားသည်။
#mhtnews