Wednesday, February 2, 2022

အရင်ဆုံး ပြင်သင့်တာ


ဂျပန်နိုင်ငံဟာ စစ်ပြီးတော့ မွဲသွားခဲ့တယ်
ဒါပေမဲ့ နေမဝင်စီးပွားရေးဆိုပြီး ၂၄ နာရီ
ပြည်သူတွေအလုပ်ပိုလုပ်တဲံ့ ဥပဒေ မျိုးနဲ့
တစ်နိုင်ငံလုံး အလုပ်ကြိုးစားလုပ်ကိုင်ခဲ့ကြ
တဲ့အတွက် ခဏလေးနဲ့ ပြန်ချမ်းသာလာခဲ့တယ်
အကြောင်းမကောင်းလို့ ဆင်းရဲပေမဲ့
ဘယ်သူ့ကိုမှ အပြစ်မပြောပဲ တက်ညီ
လက်ညီ လုပ်ခဲ့ကြလို့ ခဏလေးနဲ့
ပြန်ချမ်းသာလာတယ်

မြန်မာနိုင်င်ငံလည်း 
အကြောင်းမကောင်းခဲ့ဘူး 
မဖြစ်နိုင်တော့တဲ့ အရာကို အပြစ်ပြော ရွဲ့့စောင်း ပြီး ဆဲဆို
နေမဲ့အစား ထောက်ပြသင့်တာ စိတ်မဆိုးပဲ
ထောက်ပြ ဝေဖန်ပြီး တစ်နိုင်ငံလုံး
လုံ့လ ဝိရိယပိုထုတ်ပြီး ကြိုးစားသင့်တယ်
ဘီယာဆိုင်ထိုင်ပြီး နိုင်ငံရေးမကောင်း
ကြောင်း ပြောနေတာတွေကတော့မကောင်းလှဘူး

ဂျပန်မှာ ဆူနာမီဖြစ်တော့ ကမ်းခြေမှာ မီးခံသေတ္တာအလုံးပေါင်း ၄၅၀၀ ကျော်နဲ့့ဒေါ်လာ ၇၅ သန်းကို ရတဲ့သူတွေက
ရဲစခန်းပြန်အပ်ပြီး ပိုင်ရှင်တွေဆီကို ပြန်
လည် ပို့ဆောင်ပေးခဲ့တယ်  

နာဂစ်ဖြစ်တော့ လက်ပြတ် နားရွက်ပြတ် အလောင်းတွေအများကြီးတွေ့့ခဲ့တယ်  တချို့နာဂစ်ဖြစ်တာ ချမ်းသာသွားကြတယ် 
အဲဒါကိုဂုဏ်ယူဝင့်ကြွားစွာပြောကြတယ်

ဂျပန်က သူများပစ္စည်း အလကားမလိုချင်
ဘူး ဆုံရှုံးတဲ့ပိုင်ရှင် ဘယ်လောက်ထိ
အခက်အခဲဖြစ်မယ်ဆိုတာ ကိုယ်ချင်းစာ
တယ် မြန်မာနိုင်ငံကတော့ အလောင်း
တောင်ချမ်းသာမပေးဘူး ချွတ်ရတာကြာ
လို့ လက်တွေ နားရွက်တွေကိုတောင်
ဓားနဲ့ခုတ်ဖြတ်သတဲ့
သူများပစ္စည်းကို မတရား လိုချင်တယ်

ဥရောပ က တိုးတက်တဲ့နိုင်ငံတွေက
လူတွေဟာ လူတစ်ယောက်ကို မြင်ရင်
အဆောင်အယောင်ကိုမမြင်ဘူး
အရည်အချင်းကိုပဲမြင်တယ် 
လူကို လူချင်းပဲမြင်တယ် အရည်အချင်းရှိရင် 
တန်ဘိုးထားဆက်ဆံကြတယ်

မြန်မာနိုင်ငံက ဆင်းရဲသားဆိုရင် လူမဟုတ်သလိုဆက်ဆံကြတဲ့
ဆင်းရဲတဲ့သူတွေဘာပြောပြော ဘာလုပ်လုပ် 
ဘယ်သူမှတန်ဘိုးမထားဘူး
ချမ်းသာတဲ့သူတွေဆိုရင် ဘာလုပ်လုပ်
အောက်ကျပေးဆက်ဆံကြတယ်
ချမ်းသာသူတွေကလည်း အဲဒီလို မြှောက်
ပင့်ပေးမှုတွေအပေါ်မှာသာယာနေကြ
တော့ အလိုလို လူတန်းစားခွဲခြားသလို
ဖြစ်နေတယ်

ဥရောပကလူတွေက တခြားသူတွေကို
ဘာဖြစ်ဖြစ် ဘာလုပ်လုပ် စိတ်မဝင်စား
ဘူး ကိုယ်လုပ်မှ ကိုယ်ရမယ် ဆိုတာသိတယ်
မြန်မာနိုင်ငံမှာက သူဘာလုပ်ရင် ဘယ်လို
ပျက်အောင်လုပ်မယ် သူများအဆင်ပြေရင်
မုဒိတာပွားဖို့ထက် မစ္ဆရိယ စိတ်ကပိုများ
တယ် သူတပါးပျက်စီးဖို့ဆိုရင် 
အောက်လမ်းပညာရပ်တွေသုံးပြီးတော့တောင်
ဖျက်ဆီးတက်တဲ့ထိ ယုတ်ညံ့ကြတယ်

စေတနာနဲ့သတိပေးသူကို ပြန်ပြောတယ်
ဆုံးမတဲ့သူကို ပြန်ပြောတယ်
ကိုယ်မလုပ်နိုင်င်ရင် သူများမပြောနဲ့ဆိုတဲ့
လွဲမှားတဲ့အယူအဆတွေပေါများတယ်
ကိုယ်ထက်သာရင်မနာလိုဘူး

ဥရောပကလူတွေက မစ္ဆရိယဆိုတာ
ဘာမှန်းမသိဘူး ဒါပေမဲ့ ကျင့်သုံးတယ်
မနာလိုတာမရှိဘူး သူများထက်ချမ်းသာ
ချင်ရင်အလုပ်ပိုလုပ်တယ်

မြန်မာနိင်ငံက မစ္ဆရိယ ဆိုတဲ့စိတ်ဟာ
မကောင်းမှန်းသိတယ် ဒါပေမဲ့ မုဒိတာ
မထားနိုင်ဘူး 

မြန်မာနိုင်ငံအထက်တန်းကျစေဖို့က
ရုပ်ဝတ္ထုမလိုဘူး
စိတ်ပိုင်းဆိုင်ရာ ပြည့်စုံဖို့ပဲ

အဲဒါတွေကို နားလည်ရင်
ဒီမိုကရေစီဆိုတာ အော်နေစရာမလိုဘူး

အလိုလို ရပြီးသားပါ

ဦးမြင့်ခိုင်