Wednesday, February 9, 2022

ကျားသနားလို့ နွားချမ်းသာဟူသည်မှာ


           ၂၈.၁.၁၁၃၂ မှာ တရုတ်စစ်တပ်က အမြောက်လက်နက်ကို စတင်သုံးစွဲခဲ့တယ် ။ အမြောက်လက်နက်က ၄၅ထက် ပိုပြီး ထောင်ပစ်လို့ မရဘူး ။

         ၁၄၅၃ ခု မေလမှာ စိန်ပြောင်း (မော်တာ) ကို စတင်အသုံးပြု တိုက်ပွဲဝင်ခဲ့တယ် ။ သူက ၄၅ နဲ့ ၈၇ကြားထောင်ပစ်လို့ ရပြီ ဒါပေမယ့် ၄၅အောက် နှိမ့်ပစ်လို့ မရပြန်ဘူး ။ 

           ၁၇ ရာစုကုန်ခါနီးမှာ ဆွီဒင်က ယခု ဟောင်ဝစ်ဇာ အမြောက်တွေ တီထွင်ခဲ့တယ် ။ သူကပြတော့ ၈၇ ကနေ ၁၈၀ အထိ ပစ်ခတ်နိုင်ပြီ ။ အမြောက်နဲ့ စိန်ပြောင်း (မော်တာ) ကို ပေါင်းလိုက်တဲ့ စနစ်သစ်ပဲ ဖြစ်တယ် ။ 

        အမြောက်တပ်ဖွဲ့ ပစ်ခတ်ဖို့
အတွက် 

- အကဲကြည့် အဖွဲ့ 

- ပစ်မိန့်ပေးအဖွဲ့

- Gun Crew အဖွဲ့

- တပ်ခွဲအဆင့် 
အမြောက် ၈လက်

- တပ်ရင်းအဆင့်
အမြောက် ၃၂လက် 

- တပ်မ အဆင့် 
အမြောက် အလက် ၃၀၀ ခန့်

         ပထမဆုံး အကဲကြည့်အဖွဲ့ပေးတဲ့ ပစ်မှတ်ကို Search Fire ပစ်ရတယ် ။ မီးခိုးကျည်နဲ့ ပစ်မှတ်စမ်းကြည့်ပြီး ကိုက် ၅၀ / ၁၀၀ အတွင်း ထိပြီဆိုရင် ပစ်ခတ်မှု စတင်တယ် ။ 

         One Roung ပစ်မယ်ဆိုရင် အမြောက်တလက်ကို ကျည် ၃ တောင့် မှ ၅ တောင့် ပစ်တယ် ။
ဒီတော့ တပ်ခွဲ အဆင့် One roung ဆိုရင် ၂၄ ချက်ကနေ အချက် ၄၀ ထိ ၊ တပ်ရင်းအဆင့် ဆိုရင် ၉၆ ချက်ကနေ ၁၆၀ ထိ ပစ်ကြရတယ် ။ 

          ၁၀၅ မမ အဆင့်နဲ့ တတောင့်ပဲ ပစ်လိုက်တာ 19-11-2014 တုန်းက KIA သင်တန်းဆင်းပွဲ ဘာဖြစ်သွားလဲ ဆိုတာ အားလုံး အသိပါပဲ ။ 

      ၁၀၅ မမ တပ်ခွဲ တခွဲပစ်အားနဲ့တင် တောင်ကုန်းတခုလုံး ထယ်ထိုးသလို မွသွားစေနိုင်ပါတယ် ။ 

       ယခုဆိုရင် ၁၂၂ ၊ ၁၃၀ ၊ ၁၅၅ တွေဟာ ၁၀၅ တွေကို ကျောက်ခေတ်ပို့ထားနိုင်ပါပြီ ။ ဒီဂျစ်တယ် ကျည်နဲ့ပစ်ရင် ပေအနည်းငယ်ထိ ကျရောက်အောင် အတိအကျ ထိမှန်နိုင်တဲ့ အမြောက်တွေဖြစ်ပါတယ် ။ 

           နောက် လောက်ကိုင် နဲ့ ရခိုင်မှာ ကြဲခဲ့တဲ့ ပေါင် ၅၀၀ ဗုံးဆိုတာ အင်မတန်ခြောက်ခြားစရာ ကောင်းလောက်ပါတယ် ။ AA ဇောင်းထခဲ့တဲ့ မီးဝ တိုက်ပွဲမှာ အဲဒီ ပေါင် ၅၀၀ ဗုံးကြဲလိုက်တာ အခုထိ ခြောက်အိပ်မက် မက်ပြီး ကြောက်နေတဲ့ သူတွေ အများကြီးပါပဲ ။ 

      ဒီထက် ဖျက်အားပြင်းတဲ့ ဗုံးတွေကို မြန်မာ့တပ်မတော် လက်နက်စက်ရုံတွေကနေ ပေါင်မုန့်ဖုတ်သလို ထုတ်နေတာ မရေနိုင်အောင် စုဆောင်းပြီးနေပြီ ။ ဒီကနေ့ ပစ်နေတဲ့ အမြောက်ဆံ နဲ့ ဗုံးတွေက ၂၀၀၈ က ထုတ်ထားတဲ့ ကျည်တွေဆိုတော့ စဥ်းစားပေါ့ ။ 

      တပ်မတော်မှာ ၁၄ နှစ်စာလောက်ထုတ်ထားပြီး ပုံအောနေတဲ့ လက်နက်ခဲယမ်းအင်အားနဲ့ PDF လေးတွေ ကျည်ဆံတတောင့် တထောင်ကျော် ပေးဝယ်ပြီး အငတ်ငတ် အပြတ်ပြတ် နဲ့ သီတင်းကျွတ် ဗြောက်ဖောက်သလောက်တောင် မြိုင်မြိုင်ဆိုင်ဆိုင် ပြန်မပစ်နိုင်ပဲ ဘယ်လို ရင်ဆိုင်နိုင်မလဲ ။ 

        ဒါတွေ ဘာလို့ ရေးပြနေလဲဆိုရင် PDF တွေကို မနိုင်ဘူးလားတို့ ၊ သူပုန်တွေ ပေါင်းတိုက်ရင် ဘယ်လို လုပ်မလဲတို့နဲ့ တွေးပူနေတဲ့ မျိုးချစ်တွေအတွက် ရေးပြတာပါ ။ 

         PDF ကို လေယာဥ်နဲ့ တိုက်တယ်ဆိုတာ လေယာဥ်သစ်တွေရဲ့ စွမ်းဆောင်ရည်ကို အကျိုးရှိရှိ စမ်းသပ် ပျံသန်းလေ့ကျင့်ရင်း အပြင်းပြေ တိုက်နေတာပါ ။ 

       PDF နဲ့ သူပုန်ဆိုတာ တပ်မတော်ရဲ့ အမြောက်ပစ်ခတ်မှု နဲ့ လေကြောင်းထိုးစစ်အတွက် ဖြေဆေးမရှိသေးတဲ့ အဆင့်နိမ့် တပ်ဖွဲ့တွေပဲ ဖြစ်ပါတယ် ။ 

        ဒီရက်ပိုင်းမှာ နစက အပေါ် ဝေဖန်ထောက်ပြနေရတာက လုပ်သင့်တဲ့ ကိစ္စကိုတွေကို မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ တိုက်တွန်းနှိုးဆော်ပေးနေတာပါ ။ မလုပ်နိုင်လို့ ဝေဖန်နေတာ မဟုတ်ပါဘူး မလုပ်ရက်ဖြစ်ပြီး ညှာတာနေလို့ ခပ်စပ်စပ် ဝေဖန်နေတာပါ ။ 

      အခု ဖေဖော်ဝါရီ ၁၂ ရက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလာဒ် ဘာတွေ ဖြစ်လာမလဲ ။ လက်ခံရင် ဘာဖြစ်မလဲ ...? လက်မခံရင်ကော ဘယ်လို တုန့်ပြန်မလဲ... ?

        စိတ်ဝင်စားစရာ အချက်တွေ ရှိပါတယ် ။ အဆိုးဖက်ကနေ ဇာတ်မျှောကြီးဖြစ်မှာလို့ တွက်ဆလို့ရသလို နောက်ဆုံး ညှိနှိုင်းခြင်းလည်း ဖြစ်သွားနိုင်တာမို့ ကျနော်တို့က ရဲရဲတက် ရဲရဲတိုက် ရဲရဲချေမှူံး ဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ ဆောင်ပုဒ် အသက်ဝင်ရေး ဝေဖန်လှုံ့ဆော်နေတာပါ ။

       ငါတို့ နိုင်ပြီဆိုပြီး နှာခေါင်းထယ်ထိုးနေတဲ့ PDF တွေ အတွက်တော့ ကျားသနားလို့ နွားချမ်းသာနေရတယ် ဆိုတာကို သိထားဖို့ တင်ပြလိုက်တာပါပဲ ။

         မင်းတို့နဲ့ မတန်တဲ့ လက်နက်တွေ ဖြစ်တဲ့ တာတိုပစ် တာလတ်ပစ် ဒုံးတွေ အကြောင်းပြောလိုက်ရင် နှလုံးခုန်ရပ်သွားမှာစိုးလို့ မပြောတော့ပါဘူး ။ 

          လက်ရှိတပ်ချုပ်ကြီးကို မင်းတို့ PDF တွေ ဆဲနေတာ မြင်ရတော့ သနားတယ်ကွ ။ တကယ်တမ်းကျတော့ မင်းတို့က တပ်ချုပ်ကြီးကို တနေ့ သုံးကြိမ်လောက် ထိုင်ကန်တော့နေရမှာ ဗျာ ။ သူရှိနေလို့ မင်းတို့ သက်သာနေတာကွ ။ 

 (အမြောက်သမိုင်း နဲ့ ဖွဲ့စည်းပုံကို လေးစားရပါသော ကိုရဲမိုးထံမှ ကိုးကားထားပါတယ်)

         ကိုရွှေမျိုးဝင်း

Related Posts:

  • #အလှမ်းကျယ်အလယ်မလပ်စေလိုမြိတ်မြို့ကို ပင်လယ်လမ်း​ကြောင်းမှ အမြန်ယာဥ်စီးပြီးလာ ခဲ့လျှင် ဆိပ်ငယ်ဘောတံတား၌ '' တနင်္သာရီတိုင်း သည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သည် '' ဟူသော စာတန်းအား စာလုံးအကြီး ကြီးဖြင့် ရေးထားသည်ကိုတွေ့ရမည် ဖြစ်သည်။ကျွန်တော်တို့က ဆီး … Read More
  • 🍄 " နှိုင်း မမှီ " 🍄 State of the art.အားလုံးထက်သာလွန်သော၊နောက်ဆုံးပေါ်ဖြစ်သောနှိုင်းယှဉ်မရသောစတဲ့အဓိပ္ပါယ်တွေထွက်တယ်၊သူများတွေလိုက်မမှီတဲ့အတွေးမျိုးကိုတွေးနှိုင်ရင်လည်း State of the art idea.... စသဖြင့် သုံးလေ့ရှိတယ်။...........🍄 နှိုင်းမမှီတဲ့ GE 2020      … Read More
  • #မုန်ဟင်းခါး    ဟင်းပွဲ ၃၀၀ ပါမှ ပွဲတော်တည်သော နာရသီဟပတေ့ ( တရုတ်ပြေးမင်း) သည် နန်းကျ၍ထွက်ပြေးခဲ့ရာ ပြည်မြို့သို့အရာက်တွင် စားတော်ပွဲ၌ ဟင်းပွဲ နဲသဖြင့် စိတ်နှလုံး ညှိုးခြုံးတော်မူသည်။    ထိုအခါ မိဘုရားကြီးသည် ဟင်းအမျိုး ၃၀၀ နှင့်ညီမျှသော… Read More
  • 🍁 တရုပ်ပေါက်ကွဲထိုင်ဝမ်မြေပေါ်မှာထိုင်ဝမ်စစ်သည်တွေကို လေ့ကျင့်ပေးဖို့အရေအတွက် အနည်းငယ်သောအမေရိကန်စစ်သည်တွေ ရှိနေပါတယ်လို့ထိုင်ဝမ်သမ္မတက ထုတ်ပြောလိုက်တာဟာတရုတ်ကို စမ်းသပ်လိုက်တာပဲလို့မြင်တယ်၊တရုတ်ဖက်ကတော့ ဗေဒင်မေးစရာမလိုအောင်ပေါက်ကွဲပါလိမ့်မ… Read More
  • ကဲ... ရုရှားဘက်ကတော့ ဗော်ဒကာလာပို့ပြီရေတပ်စစ်ရေယာဥ်စုက ရန်ကုန်အနီးရောက်ပြီ။ ရုရှားရေတပ်အကြီးအကဲက တစ်ပတ်လောက်ကြိုရောက်နေတယ်။ ရေယာဥ်စုပေါ်မှာ တာတိုနဲ့တာလတ်ပစ်ဒုံးတွေပါမလား.... ရေဒါဖိနှိပ်ဖျက်ဆီးတဲ့အီလက်ထရောနစ်စနစ်တွေပါမလား.... မသိသေးဘူး။ သေချာတာကတော့ ဆီးရီယားလိုမဖ… Read More