Saturday, February 12, 2022

#ပြည်ထောင်စုနေ့ အတွက်ပါ။


ကချင်လူမျိုး
••••••••••••
ကချင်တို့၏ နေထိုင်ရာ
ကချင်ပြည်နယ်မှာ။
ပုဆိုး ဘောင်းဘီ တိုက်ပုံ ရှပ်
ခေါင်းပေါင်းအမြိတ် လက်ယာမှတ်၊
ဓားနှင့်လွယ်အိတ် လွယ်လျက်ပါ
အမျိုးသားတို့ ဝတ်ဆင်ရာ။
ဂျပ်ခုတ်ထည်တွင် အပွင့်ရက်
ဒင်္ဂါး ငွေမောင်း စီလို့ဆက်၊
ကချင်အမျိုးသမီး ဝတ်ဆင်တာ
အားလုံးမှတ်ကြပါ။
ဗုဒ္ဓ ခရစ်ယာန် နတ်ကိုကိုး
သူတို့ယုံတာ ဤသုံမျိုး။ ။

 ကယားလူမျိုး
••••••••••••••
တိုင်းရင်းသားလေး ရွှေကယား
ကယားပြည်နယ် နှံ့အပြား။
ခေါင်းပေါင်းဖြူ.နှင့် ရှပ်အင်္ကျီ
တိုက်ပုံရင်စေ့ ဝတ်ဆင်သည်၊
ဒူးအောက်ထိရှည်သော ဘောင်းဘီများ
ငွေဓားမြောင် ဓားလွယ်သိုင်းလို့ထား။
ဆံထုံးမြင့်မြင့် ထုံးလို့သာ
အနီရောင်ခေါင်းပေါင်းလေးနဲ့ပါ၊
နက်ရောင်စလွယ် လက်ပြတ်များ
အနီရောင်ခြုံထည် လွှမ်းလို့ထား၊
ပုဝါရှည်ဖြူ ခေါင်းစည်းရယ်
နီနက် ထဘီကွယ်။
ဗုဒ္ဓ နတ်နှင့် ခရစ်ယာန်များ
သူတို့ကိုးကွယ်ထား။ ။

 ကရင်လူမျိုး
•••••••••••••
ကရင်ပြည်နှင့် ဧရာဝတီ
ကရင်တို့နေသည်။
အမျိုးသားတို့ ခေါင်းစည်းနည်း
လက်ယာအမြိတ် တစ်ဖက်ချစည်း၊
သင်တိုင်း ရှပ်နှင့် ပုဆိုး ဘောင်းဘီ
ရင်ကွဲသင်တိုင်း ခေါင်းစွပ်သည်၊
ရိုးရာပုဆိုး ကန့်လန့်စင်း
အလယ်မှာအမြိတ် ကန့်လန့်ခင်း။
အင်္ကျီသင်တိုင်း ထဘီဟာ
ကရင်မလေး ဝတ်စရာ၊
အမြိတ်နှစ်ဖက် ရှေ့သို့ချ
ခေါင်းစည်းပဝါ အလွန်လှ။
ဗုဒ္ဓ ခရစ်ယာန် ကိုးကွယ်အများ
နတ်ပူဇော်လို့ ပသထား။ ။

 ချင်းလူမျိုး
••••••••••
ချင်းလို့ခေါ်တဲ့ တိုင်းရင်းသား
ချင်းတို့ပြည်နယ် အနှံ့အပြား။
ဘောင်းဘီ ရှပ်နှင့် ရောင်စုံစောင်
ချင်းအမျိုးသားတို့ ပွဲလမ်းဆောင်၊
ကန့်လန့်ဖော် အနက်စင်း
ခေါင်းပေါင်း ပေါင်းတဲ့ချင်း။
အမျိုးသမီး ထဘီကို
ခြေမျက်စိဖုံး ဝတ်တယ်ဆို၊
ကန့်လန့်စင်းနှင့် မှန်ကူကွက်
ပန်းပွင့်ပန်းပြောက် ထဘီကွဲ့၊
အင်္ကျီရင်စေ့ လက်တိုကို
အနားအကွက်ဆင် ခြယ်ထားလို၊
ခါးတွင် ငွေကြေးနန်းကြိုးများ
အပြားသဏ္ဍာန် သီဝတ်ထား၊
ပိုးထည်စောင်လေး လှလိုက်တာ
ပွဲတော်ရက်မှာ ခြုံဖို့ပါ။
ဗုဒ္ဓ ခရစ်ယာန် ကိုးကွယ်အများ
နတ်ပူဇော်လို့ ပသထား။ ။

ဗမာလူမျိုး
•••••••••••
စစ်ကိုင်း ပဲခူး တနင်္သာရီ
မကွေး ရန်ကုန် ဧရာဝတီ
မန္တလေးလည်း ပါတယ်ဗျ
တို့ဗမာတွေ နေထိုင်ကြ။
ရှပ်လည်ကတုံး ပုဆိုး တိုက်ပုံ
ခေါင်းပေါင်းညာချ အမျိုးသားပုံ။
ရင်ဖုံးအင်္ကျီ ထဘီဖြင့်
ဆံထုံးထုံးလို့ ပဝါဆင့်၊
ဗမာမလေး ဝတ်ဆင်တာ
သေချာမှတ်ထားပါ။
မြတ်ဗုဒ္ဓသာ ကိုးကွယ်ကြ
ဗမာတို့အလှ။ ။

. မွန်လူမျိုး
•••••••••
ပဲခူးတိုင်းနှင့် မွန်ပြည်နယ်
မွန်တို့နေပါတယ်။
ပုဆိုး တိုက်ပုံ လည်ကတုံးရှပ်
မွန်အမျိုးသားတို့ ဝတ်တာမှတ်။
ရင်စေ့အင်္ကျီထဘီဟာ
ဘီးဆံထုံးနှင့် အမျိုးသမီးပါ။
ဗုဒ္ဓဘာသာ ကိုးကွယ်ကြ
မွန်လူမျိုးတို့အလှ။ ။

 ရခိုင်လူမျိုး
•••••••••••
ရခိုင်ပြည်နယ် အနှံ့အပြား
ရခိုင်တို့ နေထိုင်ထား။
ရခိုင်ပုဆိုးနှင့် တိုက်ပုံမှာ
ရှပ်လည်ကတုံး ပါသေးတာ၊
အုပ်ပေါင်း အဆင်သင့်ပြုလုပ်ထား
ခေါင်းပေါင်း ညာချမှတ်ပါဗျား။
ဆံထုံးကလေး ထုံးလို့သာ
ရင်ဖုံးရင်စေ့အင်္ကျီပါ၊
ကန့်လန့်စင်းပါ ချိတ်ထဘီများ
ဘယ်ပခုံး ပဝါစလွယ်သိုင်းထား။
ဗုဒ္ဓဘာသာ ကိုးကွယ်ကြ
ရခိုင်မှတ်ပါဗျ ။ ။

ရှမ်းလူမျိုး
••••••••••
တောင်ပေါ်က ရှမ်းကလေး
ရှမ်းပြည်နယ်မှာမွေး။
ပင်နီတိုက်ပုံ ရှပ်အင်္ကျီတွင်
ဘောင်းဘီပွပွ ပင်နီဖျင်၊
ခေါင်းပေါင်းကလေး ပေါင်းကထား
အဲဒါရှမ်းအမျိုးသား။
ထဘီ အင်္ကျီဝတ်ဆင်ကာ
ခေါင်းပေါင်းပေါင်းတဲ့ အမျိုးသမီးပါ။
ဗုဒ္ဓဘာသာ ကိုးကွယ်အများ
ရှမ်းလို့မှတ်ကာထား။ ။

Credit

Related Posts:

  • နိုင်ငံတော် ဘာသာနေ့ ဖြစ်လာပုံ သမိုင်းအကျဉ်းနိုင်ငံတော်ဘာသာပြဋ္ဌာန်းခဲ့သည့်နေ့ရက်-----------------------------------------၁၃၂၃ ခုနှစ် ဝါခေါင်လပြည့်(1961 ခုနှစ် ဩဂုတ်လ 26 ရက် ) စနေနေ့နိုင်ငံတော် ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ---------------------------------------နိုင်ငံတော်ဘာသ… Read More
  • ((((တာနီဘန်))))အာဖကန် နစ္စတန် ကို တာလီဘန်တှေ က မျက်စိတစ်မှိတ်အတွင်းမှာပဲ တနိုင်ငံလုံးအကြမ်းဖက် သိမ်းပိုက်နိုင်ခဲ့ကြတယ်............။ဒါကို မြန်မာပြည်က အစွန်းရောက် အကြမ်းဖက် တာနီဘန်တွေက အားကအြတုယူနေကြတယ်...........။D-Day သတ်မှတ်ကြေညာပြီး 72 နာ… Read More
  • စက်တင်ဘာလမှာကျင်းပမဲ့အားလုံးစိုးရိမ်နေကြသော UN ခုံလုပွဲကိစ္စ ဒီနေ့ ရှမ်း စော်ဘွားမျိုး တစ်ယောက်နဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦး မေးလို့ ရှင်းပြလိုက်တယ်။စက်တင်ဘာလ မှာ ကုလသမဂ္ဂ အဖွဲ့အစည်း က ဦးကျော်မိုးထွန်း ကိုသာအသိအမှတ်ပြုခဲ့ရင်ကော တဲ့။ဘာဖြစ်မလည်းတဲ့။ ရှင်းရှင်းလေးပါ။ ကုလသမဂ္ဂသာ ဒုက္ခရ… Read More
  • သွေးချောင်းစီး စစ်ပွဲတွေက အခုမွ ဇာတ်လမ်းစမှာတာလီဘန္လက္က မြောက်ပိုင်းဒေသ ၃ ခု အာဖဂန်တပ်တွေ ပြန်သိမ်းပိုက်အာဖဂန်နစ်စတန်နိုင်ငံကို တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အာဖဂန်မြောက်ပိုင်းက ဒေသ ၃ ခုကို အာဖဂန်အစိုးရအဖွဲ့ဟောင်းကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေက… Read More
  • D-DAY တိုက်ပွဲစမယ်ဆိုပဲမြန်မာ့တပ်မတော်ကိုအာဖဂန် များထင်နေသလားPDF တို့ မြို့သိမ်းတိုက်ပွဲစမယ်တဲ့လားဘယ်မြို့ကနေစမှာလဲမနေ့တနေ့ကမှ သင်တန်းဆင်းပြီးမြို့သိမ်းတိုက်ပွဲစမယ်တဲ့လားအဲလိုတိုက်လို့ သိမ်းလို့ရရဲ့လားနှစ်ပေါင်း (၇၀)ကျော် တိုင်းရင်းသားလက်နက်ကိုင်အဖ… Read More