Wednesday, February 9, 2022

မြင်းခြံ စကား နဲ့ မြင်းခြံသား


          ညနေစောင်းမှ ကိုစိုးရယ် လူတယောက်ရယ် ရောက်လာလို့ အိမ်မှာပဲ လေကန်ကြပါတယ် ။

"ငမျိုးရေ ဒါ မိတ်ဆွေ ပဲ မင်းရေးတဲ့ မြင်းခြံမြို့ သမိုင်းကြောင်း ဖတ်ပြီး သူသိချင်နေတဲ့ ငါတို့မြို့က အခြားမြို့တွေ နဲ့ မတူတဲ့ အသုံးအနှုံးတွေ အကြောင်း မေးချင်တယ်ဆိုလို့ ခေါ်လာတာ ကွ ''

"သြော် သိတော့လည်း ဖြေရတာပေါ့ ဗျာ မသိတော့လည်း မတတ်နိုင်ဘူး နော ''

"ရပါတယ် သိတာပဲ ဖြေပါဗျာ ဒီလိုဗျ တို့ဟူး ဆိုတာကို မြင်းခြံတမြို့ပဲ သုံးနေတဲ့ ချဥ်စော်ကား ဆိုတဲ့ အသုံးက ဘာကြောင့် လဲ ဗျ ''

"ဒီလိုဗျ ဟိုတုန်းက တို့ဟူး ကြိုပြီဆိုရင် ကုလားပဲကို ပြုတ်ပြီး ကျေညက်သည်အထိ မွှေပေးရတယ် အရောင်အတွက် ဆနွင်း နဲ့ ဆီကို ထည့်ရသေးတယ် ၊ မွှေရင်းနဲ့ အရောင်က ချဥ်စော်ကားသီးရောင် ဝါပြောင်လာရင် ချလို့ရပြီ ၊ အဲဒါကြောင့် တိုဟူးကို မြင်းခြံက ချဥ်စော်ကားလို့ ခေါ်ခဲ့ကြရင် သားစဥ်မြေးဆက် ခေါ်ဝေါ်နေကြတာကြောင့် ဗျ ''

"သြော် ဒီလိုကိုး နောက်တခုဗျာ ကုလားပဲ ခွေကို မြင်းခြံတမြို့ပဲ ကြူကြူဝါးလား လို့ ခေါ်တာလဲ ဗျ ''

"အင်း အဲဒါ မြင်းခြံသားတွေက ဆူညံသံကို အစွဲပြု ခေါ်တာဗျ အဲဒီ ကုလားပဲခေါင်း အတုတ်က ဝါးလိုက်တိုင်း ဂျိုးဂျိုး ဂျွတ်ဂျွတ် အသံကြီးက အကျယ်ကြီး ကြားရလို့လေ ''

"ကြူကြူ ဆိုတာကရော ''

"ကြူကြူဆိုတာ ဆူညံသံကို ခေါ်တာဗျ ခင်ဗျားကြားဖူးတဲ့ ကြူကြူပါအောင် ငိုးနေသည် ဆိုတာမျိုလေ ကြူကြူဆိုတာ ဆူညံနေအောင် ငိုသည်လို့ အဓိပ္ပါယ်ရတာနဲ့ ချိတ်ကြည့်ပေါ့ ''

"အင်း ဒါလည်း အဓိပ္ပါယ်ရှိတဲ့ အခေါ်အဝေါ် ပဲ ဗျ ''

"ကဲ မိုးချုပ်နေပြီ နောက်နေ့ မှ သိချင်တာ ရှိရင်လည်း ဆက်မေးတော့ဗျာ ကျနော်တို့ မြို့က ထူးခြားတဲ့ အခေါ်အဝေါ်တွေ အများကြီးပါဗျာ ကျနော်လည်း စိတ်ဝင်စားလို့ ရှာဖွေ မှတ်သားထားပါတယ် ''

"OK ပြန်ပြီဟေ့ ''

        ကိုရွှေမျိုးဝင်း

(အေးချမ်းတဲ့ တနေ့မှာ မိတ်ဆွေတွေကို မြင်းခြံရဲ့ နာမည်ကြီး ပလာတာသုတ် နဲ့ အကောင်းစား စ​တော်ဘယ်ရီဒိန်ချဥ် နဲ့ ဧည့်ခံရင်း မြင်းခြံလေသံလေးတွေ တဝကြီး နားထောင်စေချင်ပါတယ် ဗျာ)

Related Posts:

  • gzပေါချာကောင်လေးတွေသိဖို့၈၈တုန်းက မြန်မာ့တပ်တော်မှာစစ်သည်တွေ ဂျီ၃ ဂျီ၄ ကာဘိုင်လောက်နဲ့တပ်မက ၈ မလောက်တိုင်းက ၉ တိုင်းလောက်နဲ့လေတပ်ရေတပ်ဆိုလည်းခေတ်မှီဖို့မပြောနဲ့ကိုတွေစီစီဝမ်တာပန်အသဲအသန်ဆော်နေကြတာတောင်pc6 pc7 ကနေ၄စင်းတအုပ်ကိုထမင်းတအိုးချက်လောက်မျှော်န… Read More
  • အာဖဂန်နစ္စတန် ကျဆုံးခြင်းရဲ့နောက်ကွယ်က အမွန္တရားမ်ား အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ကြားမှာ တည်ရှိနေတဲ့ အာဖဂန်နစ္စ တန်ဟာ မြန်မာနိုင်ငံလိုပဲ ပထဝီအေနအထားအရ အရေးပါတဲ့နိုင်ငံဖြစ်တယ်။ အရှေ့ဘက် မွာ ပါကစ္စတန်၊ အနောက်ဘက်မှာ အီရန်နဲ့အရှေ့မြောက်မှာ တရုတ်နဲ့ထိစပ် နေတ… Read More
  • ဘယ်သူလဲ ပြည်သူ့ပါတီ ဘယ်သူလဲ ပြည်သူ့အစိုးရဒေါ်အောင်ဆန်းစုကြည်အစိုးရခေတ်မှာ ဝေဖန်ရင် တရားစွဲတယ်၊မှန်တာပြောရင် ထောင်ချတယ်၊အာဏာရှင်လို့ပြောရင် ဖမ်းဝရမ်းထုတ်တယ်သတင်းလွတ်လပ်ခွင့်မရှိခဲ့ဘူးပြည်သူတွေ Fbလေးတောင် လွတ်လပ်စွာသုံးစွဲခွင့်မရခဲ့ကြဘူး။ခင်ဗျားတို့မုန်းတဲ့USDPဦးသိန်း… Read More
  • မီးစာကုန် ဆီခမ်းသွားတဲ့ အောင်ဆန်းစုကြည်လက်ရှိမြန်မာ့အရေးဖြစ်စဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တပ်မတော်ကို အပြတ်ဖြုတ်ချဖို့ ကြိုတင် ကြံစီထားတဲ့ပွဲတစ်ခုလို့ ပြောရင်မမှားနိုင်တော့ဘူး။ ၁။ မဲ မသမာမှု့ကို တမင်ဖန်တီလိုက်ပါတယ်။၂။ အစိုးရသစ်တရပ်ချက်ချင်းဖွဲ့မယ့် အစီအစဉ် ချန်ထာ… Read More
  • ဘာကြောင့် တာလီဘန် တွေကို မနိုင်တာလည်အာဖဂန်စစ်တပ်မှာ အင်အား၃ သိန်း ရှိတယ်။ ကြည်း/ရေ/လေ ရှိတယ်။ ဘာကြောင့် တာလီဘန် တွေကို မနိုင်တာလည်းဆိုတာလေး ပြောချင်တယ်။ သူက စစ်တပ်စဖွဲ့ကတည်းက အမေရိကန်စစ်တပ်ရဲ့ လက်အောက်ခံ အဖြစ်သာရပ်တည် ခဲ့ရတာ။ အမေရိကန် တွေ ဆုတ်ခွါထွက်ပြေးတော့ကို… Read More