Wednesday, February 2, 2022

အတ္တတို့ရဲ့ တည်နေရာ


        လူတိုင်းလူတိုင်း အတ္တရှိကြသည်မှာ ငြင်းဖွယ်မလိုအပ်သည့် အချက်ဖြစ်ကြောင်း ဦးစွာပြောချင်ပါတယ် ။ 

          မနေ့က တပ်မတော်အာဏာထိမ်း တနှစ်ပြည့်အဖြစ် အထိမ်းအမှတ်ပွဲ (တနည်း) တပ်မတော်ထောက်ခံပွဲ တွေ ကျင်းပကြပါတယ် ။

           နီပိတ်တွေကလည်း 
Silent strike ဆိုပြီး လုပ်ကြပါတယ် ။ 

        နစကအနေနဲ့လည်း Silent strike လှုပ်ရှားမှုကို တန်ပြန်နှိမ်နင်းမှုတွေနဲ့ တုန့်ပြန်ခဲ့ပါတယ် ။ 

        ဒီလို အက်ရှင်တွေနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော သဘောထားများကို တွေ့ရှိလာရပါတယ် ။ တဖက်က နီပိတ်တွေလည်း သူတို့ခြင်း သဘောထားကွဲကြတာပါပဲ ။ မထိရောက်တဲ့ ဖင်ယားမှုကြောင့် အမာခံတွေ ပါသွားလို့ ဝေဖန်ကြ ကန့်ကွက်ကြနဲ့ ဖြစ်နေတာတွေ့ရပါတယ် ။

      တခါ အမျိုးသားရေးအုပ်စုမှာလည်း အတူတူပါပဲ ။ တပ်မတော်ထောက်ခံပွဲ အပေါ် ရှုမြင်ပုံတွေ မတူကြပါဘူး ။ တက်ရောက်အားပေး လှုပ်ရှားခဲ့သူတွေက အသက်စွန့်ပြီး တပ်မတော်ကို ထောက်ခံကြောင်း ပြသခဲ့ကြပြီး တပ်မတော်အတွက် ရှေ့လုပ်ငန်းစဥ်များဆောင်ရွက်ရန် ခွန်အားဖြစ်စေခဲ့ရတဲ့အတွက် ထိရောက်တဲ့ လှုပ်ရှားမှုဖြစ်ကြောင်း သုံးသပ်ရပါတယ် ။ 

       အမျိုးသားရေးသမား ANTI NLD ဆိုပေမယ့် တပ်မတော်ထောက်ခံပွဲ လုပ်ဖို့ မလိုဘူး ။ ထောက်ခံလောက်အောင် တပ်မတော်က ပြည်သူ့အတွက် အကာအကွယ်ပေးနိုင်ပြီလား ဆိုပြီး ထောက်ခံပွဲကျင်းပသူ တဖက်တည်းသားခြင်း ရှုံ့ချ ဝေဖန်ကြပါတယ် ။ 

         ဒီနေရာမှာတော့ ပြောစရာရှိလာပါတယ် ။ တပ်မတော်ထောက်ခံပွဲက PDF တွေ အင်မတန်သောင်းကျန်းနေစဥ်ကာလမှာ ပထမဆုံး စလုပ်ကြတော့ ကျနော်တို့လည်း စိုးရိမ်မိပါတယ် ။ 

       သို့သော် စီစဥ်ကျင်းပသူများအား ရှုံ့ချခြင်းမပြုပဲ လုံခြုံရေးသတိကြီးစွာနဲ့ ဆောင်ရွက်သင့်ကြောင်း ၊ လူစုကွဲပြီး အပြန်ခရီးစဥ်ရဲ့ လုံခြုံရေးအတွက် ကြိုတင်စီမံသင့်ကြောင်း အကြုံခဲ့မိပါတယ် ။ မလိုသူ အမျိုးသားရေးသမားအချို့ကတော့ ခါးခါးသီးသီး ဝေဖန်ရှုံ့ချပြီး တစုံတခု ဖြစ်ခဲ့လျှင် ပြောလိုက်မဟဲ့ ဟု ပါးစပ်သွေး စောင့်နေကြပါတယ် ။ အောင်မြင်စွာ ပြီးစီးသွားရပါတယ် ။ 

      ယခုအကြိမ်မှာတော့ တာချီလိတ်လို နယ်စပ်မြို့မှာ အကြမ်းဖက်ခံရပြီး ဆုံးရှုံးမှု ရှိခဲ့တဲ့အပေါ် ပြောစရာဖြစ်သွားရပါတယ် ။ အမှောင်ထဲက လူယုတ်မာရဲ့ ကောက်ကျစ်မှုကို ထောင့်စေ့အောင် ကာကွယ်ဖို့ ခက်ခဲလှပါတယ် ။ 

      ဘာပဲပြောပြော တပ်မတော်ထောက်ခံပွဲ ပုံရိပ်တွေဟာ ကမ္ဘာ့သတင်းတွေမှာ ဖော်ပြသည် ဖြစ်စေ မဖော်ပြသည် ဖြစ်စေ အမှန်တကယ် ဖြစ်တည်ခဲ့ပါပြီ ။ ဒါကြောင့် မိမိလိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိတာ ပြဿနာမရှိပေမယ့် ဆောင်ရွက်နေကြတဲ့ ပွဲစီစဥ်သူတွေနဲ့ တက်ရောက်သူတွေကိုတော့ ရှုံ့ချခြင်း မပြုထိုက်ဖူးလို့ ယူဆပါတယ် ။ သူတို့ရဲ့ ရဲရင့်တက်ကြွမှုအပေါ် ကျနော်တို့ လေးစားဂုဏ်ယူကြရပါ့မယ် ။ 

         ဟ ပွဲစီစဥ်သူတွေက ငွေရလို့ကွ ဆိုပြီး ထောက်ပြလာရင်တော့ ခင်ဗျားမရလို့လားလို့ တန်ပြန်မေးရပါ့မယ် ။ ဒီလိုပြောလို့ ကျနော့်ကို စီစဥ်သူမထင်ပါနဲ့ ဘယ်ပွဲမှ မစီစဥ်ဖူးသလို တက်ရင်တောင် လူမသိအောင်ပဲ လာတတ်ပြီး တိတ်တဆိတ်ပဲနေလေ့ရှိပါတယ် ။ 

       ဒါက တပ်မတော်ထောက်ခံပွဲနဲ့ ပတ်သက်ပြီး ကျနော့်အမြင်ပါပဲ ။ နောက် Silent strike အပေါ် အစိုးရရဲ့ တုန့်ပြန်မှုကို ဝေဖန်နေမှု အပေါ် ထင်မြင်ချက်ကို ပြောချင်ပါတယ် ။ 

         ဒီနေရာမှာ ကျနော်မမြင်ဖူးပေမယ့် လေးစားရတဲ့ ညီငယ် ကိုသန့် နဲ့ ထိပ်တိုက်တွေ့ရပါပြီ ။ အချင်းချင်း စိတ်ဝမ်းကွဲတာ မဟုတ်ပါဘူး ရှုမြင်သုံးသပ်ပုံခြင်း မတူညီတာကို ပြောချင်တာပါ ။ ဘာကြောင့်လည်း ဆိုတော့ ကိုသန့်က Silent strike အပေါ် နစက ရဲ့ တန်ပြန်ဆောင်ရွက်ပုံကို အစောကြီးကတည်းက ဝေဖန်နေပြီး ယနေ့ထိ ပြောနေတုန်းမို့ပါပဲ ။

         ကဲ ဒီ Silent strike က တတိယအကြိမ်မြောက်ပါ ။ ယခင် နှစ်ကြိမ်လုံး နစက အနေနဲ့ ဥပေက္ခာပြုထားပါတယ် ။ ဒီတော့ နစက ကို ကျနော်အပါအဝင် မျိုးချစ်အုပ်စုက ဘာမှ မလုပ်လို့ဆိုပြီး ဝိုင်းဆဲထားကြတာ ပူပူနွေးနွေးရှိပါသေးတယ် ။

       အခုတကြိမ် တင်းကြပ်စွာ ကိုင်တွယ်ပြီဆိုတော့ ညီတော်မောင် ကိုသန့်က ပြင်းပြင်းထန်ထန် ဝေဖန်လာပြန်ပါတယ် ။ ကျနော်တို့မှာ နစက ပျော့လွန်းလို့ မနည်းတိုက်တွန်းနေရပါတယ် ဆိုမှ အခုလို ခပ်ပြင်းပြင်းလက်ဆနဲ့ လုပ်ပြလို့ ဝမ်းသာနေတုန်း ဒီလိုထပြောတော့ နစက မပြောနဲ့ ကိုယ်တွေတောင် ဘာလဲဟ ဆိုပြီး ဖြစ်သွားရပါတယ် ။ 

        ဒီ Silent strike ဆိုတာ ခပ်ပေါ့ပေါ့ တွေးမရတဲ့ အက်ရှင်တခုဖြစ်ပါတယ် ။ ဒီကနေ အမာခံတွေ ဖော်ထုတ်ရရှိရေးဟာ အင်မတန် အရေးကြီးပါတယ် ။ ဒါကြောင့် အခွင့်သာတုန်း ပြည်သူကြားထဲက ပြည်သူကို အန္တရာယ်ပေးမယ့် PDF အမာခံတွေကို ဆွဲထုတ်တဲ့ လုပ်ရပ်ကို ကူညီဖို့တောင် လိုအပ်နေတဲ့ အနေအထားဖြစ်ပါတယ် ။ 

           ဒီလို ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး PDF အားပေး မဟုတ်ပေမယ့် ကြောက်လို့ ပိတ်ထားရင်ကော အရေးယူတာ မဟုတ်သေးဘူးလို့ ဝေဖန်တဲ့ သဘောထားလည်း တွေ့ရပါတယ် ။ 

         ကြောက်လို့ပိတ်လည်း ညွှန်ကြားချက်အရ အရေးယူခံရမှာပါပဲ ။ ဘာကြောင့်လည်းဆိုတော့ တရားဝင်အစိုးရကို မကြောက်ပဲ သူပုန်ကို ကြောက်ပြီး သူပုန်ခိုင်းတာ လုပ်နေတာကိုက ရာဇဝတ်မှု ကျူးလွန်ရာ ရောက်နေတာကိုး ။ 

        ပြောချင်တာက ရန်ကုန် မန္တလေး နေပြည်တော်တို့လို မြို့ကြီးတွေက ဆိုင်တွေ ပိတ်ကြတာ အရေးယူတာ မှန်ကန်ပါတယ် ။ PDF ကြီးစိုးနေတဲ့ မကွေးတိုင်းအတွင်းက ရွာအချို့ ၊ စစ်ကိုင်းတိုင်းက ရွာအချို့ကို အရေးယူတယ်ဆိုရင်တော့ လွဲနေပြီလို့ ဆိုကြရမှာပါပဲ ။ 

          အမျိုးသားရေးသမား အခြင်းခြင်း တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခြင်းအပေါ် ဘာထောက်ခံစရာရှိလို့လဲ ပြည်သူကို အကာအကွယ်မှ မပေးနိုင်ပဲ ထောက်ခံစရာ မလိုဘူး ဆိုတဲ့ အယူအဆကလည်း အလုံးစုံ မှန်တယ်လို့ မယူဆပါဘူး ။ 

           တပ်မတော်အနေနဲ့ ရင်ဆိုင်နေရတဲ့ PDF ဆိုတာ တောထဲက ယူနီဖောင်းဝတ် သူပုန်လိုမဟုတ်ပါဘူး ။ ပြည်သူထဲ ပုန်းနေတဲ့ သူပုန်ဆိုတော့ အိမ်တွင်းသူခိုးလို ရုတ်ချည်းဖမ်းဖို့ ခက်ခဲပါတယ် ။ 

        ဆုံးရှုံးမှုတွေရှိခဲ့ရပေမယ့် PDF အင်အားကို ချိနဲ့သွားစေတဲ့အထိလည်း လုပ်ပြနိုင်ခဲ့ပါတယ် ။ အမြန်ဆုံး အပြတ်သားဆုံး လုပ်ဆောင်ဖို့ နှောင့်နှေးခဲ့ပေမယ့် လုပ်နေလျှက်ရှိတာကိုလည်း ကျနော်တို့ လက်ခံပေးရပါမယ် ။ 

        ဒီလိုပါပဲ နစက အနေနဲ့လည်း လျှင်မြန်ထိရောက်တဲ့ မူဝါဒတွေနဲ့ အမြန်ဆုံးအင်အားတိုးချဲ့ နှိမ်နင်းပြဖို့ လိုနေပြီဆိုတာ အချက်ပြနေတယ်လို့ သတိထားမိဖို့ လိုပါပြီ ။ 

         ဘာပဲ ပြောပြော ကျနော်တို့ ဒီအချိန်မှာ စည်းလုံးဖို့ အရေးကြီးပါတယ် ။ မျိုးချစ် အချင်းချင်း ရော တပ်မတော်နဲ့ရော စည်းလုံးညီညွှတ်စွာ တိုင်းပြည်တည်ဆောက်ရမယ့် အချိန်ဖြစ်ပါတယ် ။ 

        နိဒါန်းမှာ ဖော်ပြထားတဲ့ အတ္တရဲ့ သဘောမှာ ပုဂ္ဂလိကအတွက်အတ္တ ၊ အဖွဲ့အစည်းအတွက်အတ္တ ၊ ယုံကြည်မှုအတွက်အတ္တ ၊ လူမျိုးအတွက်အတ္တ ၊ တိုင်းပြည်အတွက်အတ္တ အစရှိသည်ဖြင့် အမျိုးမျိုးရှိပါတယ် ။ 

           ဒီအချိန်မှာ ကျနော်တို့ဟာ လူမျိုးအတွက် ၊ တိုင်းပြည်အတွက် အတ္တကိုပဲ ဦးစားပေးပြီး ကျန်တဲ့ အတ္တတွေကို လျော့ချနိုင်သလောက် လျှော့ချကြကာ တိုင်းပြည် ရဲ့ ဘုံရန်သူ NUG နဲ့ PDF မျိုးသုန်းရေးအတွက် စည်းလုံးညီညွှတ်စွာ တိုက်ပွဲဝင်ကြပါအုံးစို့ ဗျာ ။

       ကိုရွှေမျိုးဝင်း  

(ကိုယ့်ကို ဝေဖန်နေသူက ဘယ်လိုလူစားလဲ ဆိုတာသိဖို့ အရေးကြီးပါတယ်)