Wednesday, February 9, 2022

" ဘူးလက်ကို ခေါ်လိုက်တာလား "


- နိုင်ငံရေးဆိုတာ မရိုးရှင်းဘူးဆိုတာကိုတော့
  မိဘပြည်သူတွေအနေနဲ့ သိထားပြီးဖြစ်မှာပါဗျာ👌

  ပြောချင်တာက ဒီမှာလာပြီ...

  နစကအစိုးရအနေနဲ့ အကြမ်းဖက်အဖွဲ့ကလွဲပြီး
   ကျန် လက်နက်ကို သူပုန်အားလုံးကို ငြိမ်းချမ်းရေး
   ဆွေးနွေးဖို့ တပ်မတော်ဆိုတဲ့ ရာဇမာန်ကို
   လျော့ချပေးပြီး ခေါ်ခဲ့တယ်ဗျ😒

- ဒီလို ခေါ်လိုက်တာကို
  ပေတီပေစုပ် သူပုန်တွေရဲ့အမြင်မှာတော့
  တပ်မတော်ကြီးက သူတို့ကို ကြောက်လို့
  ဒီလိုခေါ်နေတာဆိုပြီး တပ်မတော်ရဲ့ကမ်းလှမ်းမှု့
  ရွှေလက်တစ်စုံကို ပုတ်ထုတ်ခဲ့ကြတယ်။

- တကယ်တော့ တပ်မတော်ကြီးကလည်း
  အကြမ်းဖက်သမားတွေကို မွေးထုတ်နေတဲ့
  KIA , KNU , TNLA အဖွဲ့တွေကို
  ဟွန်ဆန်ကို ပေးထားတဲ့ကတိအတိုင်း
  အပစ်အခတ်ရပ်စဲဖို့အတွက် ကောက်ကာငင်ကာ
  ဟန်ပြသဘောနဲ့ ခေါ်လိုက်တာဘဲဗျ👌

- ဟုတ်ပြီ
  တပ်မတော်ဘက်က
  ကတိအတိုင်းဖိတ်ခေါ် ပြီးပြီဆိုတော့
  လာခြင်း ၊ မလာခြင်းကတော့
  သူပုန်တွေရဲ့ အပိုင်းပေါ့ဗျာ👌

- သူပုန်တွေ စာပွဲးဝိုင်းတတ်တော့ရော
   သူပုန်တွေရဲ့တောင်းဆိုမှု့ဖြစ်တဲ့ နယ်မြေသတ်မှတ်
   ခွဲခြားပေးရေးနဲ့ တပ်သားသစ်စုစောင်ရေးကိစ္စတွေကို
   တပ်မတော်ဘက်က လက်ခံမယ်ထင်သလား?

   ဘယ်လက်ခံမှာလည်းဗျာ
   သူပုန်တောင်းသလိုတာ လက်ခံလို့ကတော့
   အစိုးရအုပ်ချုပ်စရာ နယ်မြေတောင်ကျန်မှာ မဟုတ်ဘူးဗျ။

- ငြိမ်းချမ်းရေးစာပွဲးဝိုင်းမတတ်ရင်ရော ဘာဖြစ်မလဲ?

  မတတ်ရင် တပ်မတော်ဘက်က 
  ထိုးစစ်တွေဆင်လာတဲ့အခါ အရင်လို
  တရသတွေကို အစိုးရတပ်မှ ပို့ဆို့ပက်စက်
  တိုက်နေပြီတို့၊စစ်ပွဲရပ်တို့ အစရှိတဲ့ ဓာတ်ပြား
  ဟောင်းကြီးကို ဖွင့်လို့မရတော့ဘူးပေါ့ဗျာ👌

- နောက်လဆိုရင်
  ပွင့်လင်းရာသီရဲ့ အစကိုရောက်လာပြီ ဖြစ်တဲ့အတွက်
  သူပုန်တွေအနေနဲ့ တပ်မတော်ရဲ့ထိုးစစ်တွေကို
  ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားကြပါလို့
   သတိပေးလိုက်ပါရစေ။

" တိုက်ပွဲဖြစ်မှ စစ်ရှောင်ဆိုပြီး အကူညီမတောင်းပါနဲ့ "

    သေရွာပြန်
       ဖိုးမှန်