Tuesday, February 1, 2022

တာချီလိတ်မြို့၌ တပ်မတော်ထောက်ခံပွဲ ပြုလုပ်နေစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး ၂ဦးသေဆုံး၊၄၀ဦး ဒဏ်ရာရရှိ


တောင်ကြီး၊ဖေဖော်ဝါရီ-၁(PeopleMedia)

ယနေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊တာချီလိတ်မြို့၌ တပ်မတော်ထောက်ခံပွဲ ပြုလုပ်နေစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး ထောက်ခံပွဲ၌ ပါဝင်သူ ၂ဦးသေဆုံး၊၄၀ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

"တပ်မတော်ထောက်ခံပွဲလုပ်တာ လူဦးရေ ၇၀၀ကျော်ပါ။ထောက်ခံပွဲပြုလုပ်တဲ့နေရာကို လက်ပစ်ဗုံးနဲ့ ပစ်သွားတာ။နှစ်ဦးဆုံးသွားတယ်။ဒဏ်ရာ ရတာ ၄၀လော​က် ရှိနိုင်ပါတယ်"လို့ မြို့ခံတစ်ဦးက ပြောသည်။

တပ်မတော်ထောက်ခံပွဲကို တာချီလိတ်မြို့၌ ဒုတိယနေ့အဖြစ် ရှမ်းရိုးမကွင်း၌ ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

"ထောက်ခံပွဲကို ပစ်လိုက်တဲ့ မပေါက်ကွဲသေတဲ့ လက်ပစ်ဗုံးနှစ်လုံးလည်းတွေ့ရတယ်။အဲ့ဒါကို တာဝန်ရှိသူတွေက ရှင်းလင်းလိုက်တယ်"လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့၌ တပ်မတော်ထောက်ခံပွဲကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင်၊တိုင်းဒေသကြီး/ပြည်နယ်များ၌ ပြုလုပ်ခဲ့ပါတယ်။

Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်

#PeopleMedia #တာချီလိတ်

Related Posts:

  • တောဆိုင်ကယ်          ဆိုင်ကယ်အကြောင်း ပြောချင်လာတယ် ။ အကောင်းစား အပျံစား ဆိုင်ကယ်ကြီးတွေ အကြောင်း ကြီးကြီးကျယ်ကျယ် မပြောတတ်ပါဘူး ။ စီးလည်း မစီးနိုင်ပါဘူး ။          ဒီတော့ ကိုယ်ကျင်… Read More
  • ကျွန်တော် ဘောမ စစ်စစ်ပါ.....လေးစားသည်ထက်ကို ပိုပါတယ်!တိုင်းပြည်နဲ့ လူမျိုးကိုချစ်လို့ တပ်မတော်ထဲကို ဝင်လာခဲ့ကြတယ်......သူပုန်ပေါတဲ့ ပြည်ပအလိုကျ ကနေကြတဲ့ နိုင်ငံရေးသမားတွေပေါများလွန်းတဲ့ ဒီနိုင်ငံမှာလစာ မလောက်ငှမှန်းလည်း သိတယ်ပင်ပမ်းဆင်းရဲမှာကိုလည်း သိတယ… Read More
  • 😢😢😢10.4.2022ယနေ့အတွက်မြင်မိသမျှ စိတ်ထိခိုက်စရာမြင်ကွင်းများ....😔😢😡Credit … Read More
  • ခနပ တွေ Pdf တွေသိဖို့ဆန္ဒပြတဲ့ မွတ်စ်လင်မ်ရှိတယ်...ဆန္ဒပြတဲ့ ခရစ်ယာန်ဘာသာဝင်ရှိတယ်..ဆန္ဒပြတဲ့ ဗုဒ္ဓဘာသာဝင် ရှိတယ်ဗုဒ္ဓဘာသာဖြစ်ရတာ ရှက်တယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်ရှိတယ်။ဘုန်းကြီးကိုသတ်တဲ့ ဗုဒ္ဓဘာသာဝင်ရှိတယ်။ငါတို့ကအမှန် ငါတို့မှမနိုင်ရင်ဘယ်ဘုရားမှမကိုး… Read More
  • ပညာရေးမဖွံဖြိုးနိုင်သောအရပ်ဒေသ  ကျေးလက် တစ်ခု၏ ပညာရေး မဖွံ့ဖြိုးနိုင်သောအခြေခံအကြောင်းရင်းများမှာ...(၁) ကျေးရွာလူထု ဝင်ငွေနည်းပါးကာ အလုပ်အကိုင်ရှားပါးပြီး ဆင်းရဲမွဲတေမှု၊တစ်နပ်စားရလျှင် အလုပ်ဆက်မလုပ်​သော ပျင်းရိမှူ။(၂)သားသမီးများအပေါ် တစ်လွဲအလိုလိုက်… Read More