Wednesday, February 9, 2022

လော်စာဟုတ်တဲ့ မြေပြင်အရှိတရားသတင်းအမှန်


မနေ့က မယ်ထော်သလေးမှာ တပ်မတော်ကPDF အရှင် ၂၃ ယောက်ဖမ်းမိတယ်.....

ကျား ၁၇ ယောက် မ ၆ ယောက်ပါ.....

စိတ်မကောင်း ဝမ်းနဲစရာအဖြစ်ဆိုးတွေဖွင့်ဟဝန်ခံကြတဲ့ PDF လည်း မျက်ရည်နဲ့....

နားထောင်ရတဲ့ အသဲမာတဲ့ စစ်သားတွေလည်းမျက်ရည်နဲ့ပါဘဲ.....

ထမင်းမစားရတာ လေးရက်ရှိနေပြီဆိုလို့ အရင်ဆုံးထမင်းကျွေးပြီး ဒဏ်ရာရနေတဲ့ လေးယောက်ကိုလည်းစစ်ဆေးမှာ သေချာပြုစုပေးထားရပါတယ်.....

မိန်းခလေး ငါးယောက်ကတော့ ကိုယ်ဝန် လေးလ၊ငါးလအသီးသီးတွေနဲ့ပါ......

တောထဲမဝင်ရောက်ခင် နေရပ်တွေမှာထဲက အိမ်ထောင်နဲ့ သားတွေသမီးတွေရှိကြပြီး၊တောထဲရောက်မှ တောထဲမှာတွေ့တဲ့ PDFတွေနဲ့ထပ်ပြီး အိမ်ထောင်ကျကြရကြောင်း......

အိမ်ထောင်မပြုဘဲ လူလွတ်ဖြစ်နေပါကလုံခြူံမှူမရှိဘဲ မိန်းခလေးများအဖို့ KNU ရဲ့အပျော်မယ်ဘဝအဖြစ်ရောက်ရတဲ့ သူတွေရှိနေကြောင်း.....

လုံးဝပြင်မရ နောက်ဆုတ်မရတဲ့အမှားကြီးတွေ ကျူးလွန်မိခဲ့လို့ အရမ်းနောင်တရကြကြောင်း.....

နောက်မှာကျန်ခဲ့တဲ့မိသားစုတွေကို တောထဲမှာ အိမ်ထောင်မပြုဘူးလို့ လိမ်ထားရကြောင်း.....

ခေတ်သစ်ပါပီမ ဇာတ်လမ်းကို မထူးဆန်းစွာကြားရပြန်ပါတယ်...

ဒီလိုအဖြစ်မျိုး ဖြစ်လာကြမယ်ဆိုတာ 88 သင်ခန်းစာနဲ့ချိန်ထိုးပြီး နိုင်ငံရေးအတွေ့အကြူံရှိသူ၊နိုင်ငံရေးဝမ်းစာပြည့်သူများမှ တားကြဆီးကြ ရေးကြလော်ကြလုပ်ခဲ့ တားခဲ့ကြပေမဲ့......

အကြောက်တရားရိုက်သွင်းခံရပြီး အတင်းအဓမ္မပို့ဆောင်ခြင်းခံရတဲ့PDFတွေ......

သက်ဆိုင်ရာ NLD လွှတ်တော်အမတ်များရဲ့ ဆွယ်တရား လိမ်တရားအောက်မှာ မနူးနပ်စွာ သိမ်းသွင်းခံလိုက်ရတဲ့ PDFတွေ
ဘဝတွေပျက် မိသားစုပျက် ဖြစ်ကြရတဲ့ဘဝပေါင်းဒုနဲ့ဒေးပါ.....

တပ်မတော်ကိုတော်လှန်တဲ့ PDFတွေကိုတပ်မတော်မှ အရှင်ဖမ်းမိခဲ့တဲ့အချိန်မှာတော့အမြင်မတူ အသွင်မတူကြပေမဲ့ငါ့သွေး ငါ့နိုင်ငံသား ငါ့ပြည်သူဆိုတဲ့.ခံယူချက်ရှိတဲ့တပ်မတော်ကတော့
နွေးထွေးလုံခြုံ ဘေးကင်းစွာ စောင့်​ရှောက် ထားပါတယ်....

မျက်တွင်းဟောက်ပက်၊ဆံပင် မာခေါက် တုန်ရီ ချိနဲ့နေခဲ့ကြတဲ့ PDF တွေတစ်ရက်တာ တပ်မတော်ရဲ့ပြုစုစောင်ရှောက်မှူအောက်မှာ လူလုံး လူပန်းလေးပြန်ထွက်လာလို့
ကြည့်ပျော်ရှုပျော်နဲ့ နှုတ်ဆက်လာသမျှ စစ်သည်တွေကိုလက်အုပ်လေးချီပြီး မျက်ရည်ဖြိုင်ဖြိုင်ကျလို့.....

ကျေးလက်တောရွာက ခလေးတွေရဲ့ပုံလေးတွေကိုတော့ ကန့်သတ်ချက်ကြောင့်တင်ပြမရပေမဲ့
MRTVမှာတော့ မကြာမီပေါ်ထွက်လာမှာပါ......

မနက်မိုးလင်း နွားနို့နဲ့ဆေးတိုက်ချိန်သက်သာကြရဲ့လားမေးတဲ့အခါ ပြည့်ပြည့်ဖြိုးဖြိုးမျက်နာလေးတွေနဲ့ကုတင်ပေါ်ကချက်ချင်းကြမ်းပြင်ဆင်းထိုင်
လက်အုပ်ချီကန်တော့တဲ့ခလေးတွေ နောင်တမျက်ရည်လေးတွေနဲ့.......

စစ်ဆေးဗိုလ်ကြီးနဲ့ သူနာပြုရဲမေတွေလည်းအပြိုင် ငိုလို့......

မိတ်ဆာပါတီ NLD ၊
ပြည်ပြေးဝရမ်းပြေး NUG
ကျဆုံးအငွှေ့ပျံ ပျောက်ကွယ်ပါစေဗျာ.......။

Credit