Saturday, February 12, 2022

ပြည်ထောင်စုလှေ သရုပ်ဖော် အလှပြကားကြီးနဲ့ ဘာကြောင့် နိုင်ငံတော်အလံ ကို အလံစောင့် တပ်ဖွဲ့ ခြံရံသယ်ရသလဲ


ဒီနေ့ online ပေါ်မှာ တစ်ဖက်ပိတ် ဗဟုသုတမရှိ ငါးစကားနွားရ ဝေဖန်ရေးနဲ့ လေကန်ရေးလုပ် ကဖျက်ရဖျက် နီပိတ်တစ်စုက ပြည်ထောင်စုလှေ သရုပ်ဖော် အလှပြကားကြီးနဲ့ နိုင်ငံတော်အလံကို သယ်ဆောင်တာကို မျိုးစုံဝေဖန် တိုက်ခိုက် ပေါက်တတ်ကရ ပြောနေတာတွေ တွေ့ရတော့ အဲ့လူတွေ ပြောနေ ရေးနေတာတွေ ဖတ်မိပြီး သူတို့ရဲ့ ဖြုတ်ဦးနှောက်အသိဉာဏ်လေးတွေကို သနားမိသွားတယ်...

ဒါပေမယ့်လဲ သူတို့သရော်နေသလို မဟုတ်တာတွေကိုတော့ ဖြေရှင်းချပြရမှာပါဘဲ...
ဒါမှလဲ လူပြိန်းတွေနောက် အမောင်တောင်မှန်းမြောက်မှန်းမသိ ရောယောင်လိုက်နေတဲ့သူတွေ သိဖို့ ဒီစာကို မအားတဲ့ကြားက ရေးလိုက်ပါတယ်...
စာရှည်လို့ မဖတ်ချင်ဘူး မရှိကြပါနဲ့၊ ဖတ်ပါ မှတ်ပါ လေ့လာကြပါလို့ ကြိုပြောပါရစေ၊ မဟုတ်ရင် အ ကုန်လိမ့်မယ်... ကျွန်တော် အခုရှင်းပြမယ့် အချက် ၃ ချက်ဟာ ထင်ရာမြင်ရာ ငါ့စကားနွားရ ပြောတာ မဟုတ်ပါဘူး၊ ခိုင်မာတဲ့ အချက်အလက်နဲ့ တင်ပြ ရေးပြတာပါ...

ဘာကြောင့် ပြည်ထောင်စုလှေ သုံးရသလဲ
မြန်မာစကားပုံ တစ်ခု ရှိပါတယ်၊ အဲ့ဒါက "တစ်လှေတည်းစီး တစ်ခရီးတည်းသွား" ဆိုတာပါဘဲ...
ဆိုလိုရင်းကို ရှင်းပြရရင် လှေတစ်စီးကို အတူစီးပြီး ခရီးတစ်ခုကို အတူသွားနေကြသူတွေမို့ ကောင်းတူဆိုးဖက် သာတူညီမျှစိတ်နဲ့ ဘဝတူတွေပါဘဲ လို့ ဆိုလိုရင်း ဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုထားတာ မှတ်သားဘူးပါတယ်...
ဖော်ပြပါ စကားပုံရဲ့ ဆိုလိုရင်းကို သဘောပေါက်သွားရင် ဘာကြောင့် ပြည်ထောင်စုလှေ သရုပ်ဖော် အလှပြကားကို သုံးထားရလဲဆိုတာ အဖြေကရှင်းပါတယ်၊ 
ကားနဲ့ သယ်တာကို အလှပြလှေကြီးအဖြစ် အဓိပ္ပါယ်မဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး၊ အဓိပ္ပါယ် အနှစ်သာရ တစ်ခုကို ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ "ပြည်ထောင်စုလှေ" လို့ အမည်တပ်ပြီး လှေဦးမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ပြယုဂ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အတည်ပြု ဥပဒေ ပြဌာန်း တရားဝင်အသုံးပြုနေတဲ့ အလံတော်ကို ငွေဖလားမှာ စိုက်ထူပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း ရာစုနှစ်အဆက်ဆက် အေးအတူပူအမျှ အတူတကွ နေထိုင်လာကြတဲ့ သွေးချင်းသားရင်း တစ်အူထုံ့ဆင်း တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြသူ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ လိုက်ပါ သယ်ဆောင်ကြတာဟာ ဘယ်လောက်လေးနက်တဲ့ ပြည်ထောင်စုစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်၊ စည်းလုံးညီညာမှုကို ဖော်ပြထားခြင်းဘဲ ဖြစ်ပါတယ်...
ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုလှေနဲ့ သယ်ဆောင်တာဟာ ခုမှ အဆန်းထွင်ပြီး လုပ်တာ မဟုတ်ပါဘူး... လက်ရှိ အသက် ၃၅ အထက် ရှိတဲ့ မြန်မာနိုင်ငံသားတိုင်း မှတ်မိ သိမှီကြမှာပါ... ၁၉၉၅ ခုနှစ် ၄၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကနေစပြီး ရန်ကုန်တိုင်း၊ ခရိုင် ၄ ခုကို အလံတော်လှည့်တဲ့အချိန်ကစလို့ ပြည်ထောင်စုလှေကြီး သရုပ်ဖော် အလှပြယာဉ်နဲ့ တင်ဆောင် သယ်ယူခဲ့တာဟာ ၂၀၀၆ ခုနှစ် ၅၉ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအထိပါ... ၂၀၀၇ ခုနှစ် ၆၀ ကြိမ်မြောက်ကစလို့ နေပြည်တော်မှာ ကျင်းပခဲ့တာ ယခု ၇၅ နှစ်မြောက် အခမ်းအနားမှာတော့ ပြည်ထောင်စုလှေကြီးကို ပြန်လည်အသုံးပြု လက်ဆင့်ကမ်း သယ်ဆောင်တာ ဖြစ်ပါတယ်...

ဘာကြောင့် အလံတော်ကို လက်ဆင့်ကမ်း သယ်ဆောင်ရသလဲ
Online ပေါ်မှာ တွေ့လိုက်ပါတယ်.. ဘာတဲ့ "ဒို့ပြည်ထောင်စု အလံတော်သည် တစ်လူလွှင့်လို့ ချီလာပြီ" ဆိုတဲ့ သီချင်းစာသားကို ဖျက်ပြီး "ဒို့ပြည်ထောင်စု အလံတော်သည် ဗိုလ်ချုပ်စျေးက ဝယ်လာသည်" စသည်ဖြင့် သရော်တော်တော် ရေးကြ ရှယ်ကြတာ မြင်မိတော့ တစ်ကယ် စိတ်မကောင်း ဖြစ်မိပါတယ်..
သူတို့ရဲ့ ဗဟုသုတမရှိ သေးနုပ်တဲ့ အထင်အမြင်အရတော့ သာမန်အလံတော်လေးလို့ မြင်မှာပေါ့...
တစ်ကယ်တော့ အလံတော် တပ်ဆင်ထားတဲ့ ငွေအလံတိုင်ဟာ ခေါင်းပွ ပြုလုပ်ထားပြီး အလံတိုင်ထိပ်ကနေ ဝက်အူရစ် လှည့်ဖွင့်လိုက်ရင် အထဲမှာ ဝါကျင်ကျင် အရောင်ပြောင်းနေမယ့် စာရွက်လိပ်လေးတစ်ခု ထွက်လာမှာပါ... အဲဒီစာရွက်လေးကတော့ မြန်မာ့လွတ်လပ်ရေး ရရှိဖို့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ပုဂ္ဂလ ခံစားချက် အတ္တတွေ ဘေးချိတ် အတူတကွ စုစည်း ညီညွတ်စွာ လက်မှတ်ရေးထိုးထားပြီး လွတ်လပ်ရေးခရီးအစခြေလှမ်းခဲ့ကြတဲ့ သမိုင်းဝင် ပင်လုံစာချုပ်ပါဘဲ...
ဒါကြောင့် အလံတော်သယ်ယူတာလို့ သာမန်အားဖြင့် မြင်ကြပေမယ့် တစ်ကယ့်အနှစ်သာရ အစစ်အမှန်ကတော့ စည်းလုံးညီညာအောင်ကြောင်းဖြားလို့ လွတ်လပ်ရေးပန်းတိုင် လှမ်းကိုင်နိုင်ခဲ့တာကို နောင်လာနောက်သားတွေ မမေ့အောင်၊ စည်းလုံးညီညွတ်ခြင်းအမွေ၊ လွတ်လပ်ရေးအမွေတွေကို လက်ဆင့်ကမ်း သယ်ဆောင်သွားကြရအောင် ရည်ရွယ်ပြီး အလံတော်ကို လက်ဆင့်ကမ်း သယ်ယူကြတာ ဖြသ်ပါတယ်...
ခပ်ပိန်းပိန်းတွေ ပြောသလို ဗိုလ်ချုပ်စျေးထဲက ဝယ်လာတဲ့ အလံလေးကို အလေးတယူ အချိန်ကုန် ငွေကုန် လူအင်အားတွေသုံးပြီး အလှပြ ဖော်ရှိုး သယ်နေတာ မဟုတ်ပါဘူးဆိုတာ ရှင်းသွားကြမယ် ထင်ပါတယ်

ဘာကြောင့် အလံတော်ကို အလံတော်စောင့်အရာရှိ ၄ ဦးပါ အလံစောင့်တပ်ဖွဲ့ လုံခြုံရေးယူပြီး ခြံရံသယ်ရသလဲ
အဖြေက အပေါ်မှာ ပါသွားပါပြီ၊ မြန်မာ့လွတ်လပ်ရေးသမိုင်းခရီးမှာ အရေးကြီးဆုံးဖြစ်တဲ့ ပင်လုံစာချုပ်ကြီး အလံတိုင်ငွေရိုးထဲမှာ ရှိနေလို့ပါဘဲ... မသမာသူ အဖျက်သမား ရန်သူဆိုတာ ချို (ဂျို) မပါလို့ ဘယ်အချိန်မှာ ဘယ်လို ဘယ်နည်းနဲ့ အဖျက်အမှောက် လုပ်မယ်ဆိုတာ မသိနိုင်ပါဘူး... ဒါကြောင့်လဲ မြန်မာ့လွတ်လပ်ရေးရဲ့ အသက်ဝိဉာဏ် ပင်လုံစာချုပ်ကို အလံစောင့်တပ်ဖွဲ့ဝင် ကြည်း၊ ရေ၊ လေ၊ ရဲ အရာရှိ ၄ ဦးဟာ ကာကွယ်စောင့်ရှောက် လုံခြုံရေးပေးပြီး ခြံရံ လိုက်ပါရခြင်းဘဲ ဖြစ်တယ်ဆိုတာ လူတိုင်း နားလည်လွယ်အောင် အရှင်းဆုံး ရေးသား တင်ပြလိုက်ရပါတယ်...

အမြင်ကျယ်၍ အကျယ်မြင်နိုင်ကြပါစေ..
နီပိန်းပိတ်များကနိုင်ငံတော်အလံကိုအလွဲသုံးစားလုပ်ခဲ့တော့တန်းဘိုးမသိအဓိပ္ပါယ်မသိစုံလုံးကန်းများအတွက်ပြန်လည်မျှဝေလိုက်ပါသည်။.

#တင်လတ်ယု