Wednesday, February 9, 2022

တာဝန် ၊အသက် နဲ့ ဝန်ထမ်းဥပဒေ


          ဒီရက်ပိုင်းမှာ နားမခံသာအောင် ကြားနေရတာက နစက အုပ်ချုပ်မှုကနေ ကင်းလွတ်နေပြီး PDF ကြီးစိုးနေတဲ့ ဒေသတွေက ဝန်ထမ်းတွေရဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ် ။ 

          နစက ရဲ့ တပ်တွေက ဝုန်းဒိုင်းကြဲ ခဏတဖြုတ်လာပြီး ပစ်ခတ်သွားလိုက် PDF တွေက ပြည်သူကြားပုန်းသူပုန်း တောထဲ ပြေးသူပြေးနဲ့ ​ခြေရာဖြောက်သွားပြီ ။ တပ်မရှိတဲ့အချိန် ပြန်လာတယ် ဒလံတံဆိပ်ကပ် သတ်ချင်တဲ့သူ သတ်ပြတယ် ။ 

          အခု ဝန်ထမ်းတွေကို CDM လုပ်ပါတယ် ဆိုပြီး အသက်အန္တရာယ်ခြိမ်းခြောက်ပြီး လတ်မှတ်ထိုးစေကာ လုပ်ငန်းခွင်တွေကနေ မောင်းထုတ်ကြတယ် ။ တချို့ဆို ပင်စင်စားခါနီး အရွယ်တွေ အများကြီး ပါနေတယ် ။ 

          ပြီးခဲ့တဲ့ ခရောင်းလမ်း တနှစ်တာလုံး အဆဲခံ အရွဲ့ခံ SP အလုပ်ခံပြီ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ကာ Non CDM လုပ်ခဲ့တဲ့ သစ္စာရှိဝန်ထမ်းတွေကို နစက အနေနဲ့ ထိရောက်တဲ့ ကာကွယ်မှု မပေးနိုင်ခဲ့ဘူး ။ 

        ဒီတော့ တစတစ လက်ရဲလက်ရဲ ဖြစ်လာတဲ့ လူယုတ်မာ PDF တွေက နစက ရဲ့ ပျော့ညံ့အားနည်းတဲ့ မူဝါဒကို အခွင့်ကောင်းယူပြီး Non CDM ဝန်ထမ်းကောင်းတွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက် ခြိမ်းခြောက်လာပါတယ် ။ မိသားစုလိုက် သတ်ဖြတ်ခြိမ်းခြောက်နေတော့ Non CDM တွေဟာ တနှစ်တာကာလထိ တောင့်ခံလာခဲ့ရတဲ့ စွမ်းရည် ကုန်ခမ်းသွားကြရပါပြီ ။ 

        အစုလိုက် အပြုံလိုက် မျက်ရေစက်လက်နဲ့ CDM ပြုလုပ်ပါတယ် ဆိုပြီး လက်မှတ်ရေးထိုး ပေးကြရပါပြီ ။ 

        ဒီအပိုင်းကို ဘယ်လိုကူညီနိုင်မလဲ ဆိုပြီး အားကိုးတ​ကြီး မေးလာမှု အပေါ် တုန့်ပြန်ဖို့ ခက်ခဲလှပါတယ် ။ နစက အနေနဲ့ မိမိအနေအထား မိမိအားနည်းချက်များအပေါ် အမှန်အတိုင်း ရှုမြင်ပြီး ယခုကာလ အသက်အန္တရာယ်ကြောင့် CDM လုပ်ခဲ့ရတဲ့ ဝန်ထမ်းများအပေါ် သီးခြားစဥ်းစားပေးရပါ့မယ် ။ 

          နစက ဖြစ်တည်လာကတည်းက CDM လုပ်ခဲ့ကြတဲ့ ပါတီနောက်မှီးဆွဲ တိုင်းပြည်သစ္စဖောက် လူစိတ်ပျောက်နေတဲ့ CDM စစ်စစ်တွေကိုတောင် ဝန်ထမ်းဥပဒေအား ချိုးဖောက်ထားပါလျှက် ပြန်လည် လက်ခံနေတာ မြင်တွေ့နေရပါတယ် ။ 

        အစိုးရရဲ့ သြဇာအာဏာ ကင်းမဲ့နေတဲ့ ဒေသမှာ ခြိမ်းခြောက် သတ်ဖြတ်ခံရမယ့် အန္တရာယ်ကြောင့် မဖြစ်မနေ CDM ကြရတဲ့ ဝန်ထမ်းများအား အမြန်ဆုံး ကူညီကယ်တင်နိုင်ရန် ယင်းဒေသရှိ PDF များအား သက်ညှာခြင်း ကင်းမဲ့စွာ ချေမှုံးပြဖို့ လိုအပ်သလို အာဏာတည်တံ့စေရန် တာဝန်ယူရမည့် ပြည်ထဲရေးကိုလည်း တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ထမ်းဆောင်စေဖို့ အရေးတကြီး လိုအပ်ပါတယ် ။ 

         တနေ့က ရေးလိုက်တဲ့ ၃၃၀ ပဲ လိုတယ်ဆိုတဲ့ ပို့စ် မှာ ထွေအုပ်တွေ မခံမရပ်နိုင်စွာ လာမန့်ကြပါတယ် ။ မြို့ပြအုပ်ချုပ်ရေးမှာ ဒီလို အရေးပေါ်ကာလ အတွက် 100 % စိတ်ချရတဲ့ တပ်မတော်သား ဗိုလ်မှူးအဆင့်တွေကို လူချိန်းပစ်ဖို့ အကြံပြုတာကို နာနေကြတာပါ ။ တည်ငြိမ်သွားရင် တမျိုးပေါ့ ။ 

           ထွေအုပ် စာရေးဆိုတာ ရပ်ကျေးက သတင်းတွေ အတွက် အတွင်းကျကျ သိသူတွေချည်းပါပဲ ။ ကဲ ကျနော် မေးပါရစေ ရပ်ကျေး ဥက္ကဌတွေ နဲ့ ပြည်သူတွေ ဝန်ထမ်းတွေ အသတ်ခံကြရတာ ၃၀၀၀ ခန့် ရှိနေပြီ ။ ထွေအုပ်ဝန်ထမ်း ဘယ်နှစ်ယောက်ပါသလဲ ။ 

         တယောက်စ နှစ်ယောက်စ ပါပေမယ့် အများစုဟာ အကာအကွယ်မဲ့စွာ ပြည်သူကြား နေရပေမယ့် PDF ပစ်မှတ်တွေ ဖြစ်မနေတာ ထူးဆန်းတယ်မထင်ဘူးလား ။ 

         ကျောင်းဆရာ နဲ့ ဘုန်းကြီးတောင် သတ်နေတဲ့ PDF တွေက အုပ်ချုပ်ရေးပင်မ ဒေါက်တိုင် မြို့နယ်တခုချင်းဆီမှာ ရှိနေတဲ့ ထွေအုပ် ရပ်ကျေး အဆင့်ကနေ မြို့နယ် ခရိုင်အဆင့်ထိ ဘာလို့ အုံနဲ့ကျင်း နဲ့ မလုပ်ကြံကြတာလည်း တွေးစရာကောင်းမနေဘူးလား ။ 

          ဒေသ အသီးသီးက လုပ််ကြံသတ်ဖြတ်ခံရမှုအတွက် သံသယဖြစ်ဖွယ် ဒေသခံ NLD စည်းမှူး က အစ အမာခံတွေကို ထွေအုပ် ရပ်ကျေးစာရေးတွေ ဘယ်နှစ်ယောက် ထုတ်ဖော်ပြီး သတင်းပေးခဲ့သလဲ ။ ဘယ်သူ ဘာဆိုတာ ထွေအုပ်စာရေးတွေ အသိဆုံးပဲ ။ 

         ရပ်ရွာတွေထဲ PDF သတင်းမေးပြီဆိုရင် တရွာလုံးခေါ်ပြီး ဘယ်သူ PDF လည်း ပြောပါ မေးမှတော့ ဘယ်ရွာသားက လူအများရှေ့ ပြောရဲမလဲ ၊ စစ်တပ်ပြန်တာနဲ့ ပြောသူ အသတ်ခံရမှာလေ ။

       နောက် တချို့ရွာတွေမှာ တအိမ်ဆင်း တအိမ်တက် လိုက်မေးသတဲ့ ။ စစ်တပ်နဲ့ အတူ ပါလာတဲ့ ရပ်ကျေးတာဝန်ခံအုပ်စု နဲ့ စာရေးက PDF တွေနဲ့ တဖွဲ့တည်း ဘယ်မိသားစုက သူတို့ရှေ့ ဖော်ရဲမလဲ ။ အားလုံးမဟုတ်ပေမယ့် အများစုကိုယ်က အဲလို ဖြစ်နေတာပဲ ။ 

        PDF ဖော်ထုတ်ချင်ရင် ရပ်ကျေး နဲ့ ထွေအုပ် မခေါ်နဲ့ ။ စစ်တပ်ကချည်းပဲ မိသားစု တစုခြင်း ပုံစံ ၆၆ နဲ့ တိုက်စစ်ပြီး တရွာခြင်း မေးစစ်လိုက် ဘယ်သူ PDF ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်းနေလိမ့်မယ် ။ 

        ပြောချင်တဲ့ အဓိကအချက်ကတော့ တနှစ်ကျော် တာဝန်ကို အသက်စွန့် ထမ်းဆောင်ခဲ့ရတဲ့ သစ္စာရှိ Non CDM များရဲ့အသက်အန္တရာယ် လုံခြုံရေးအရ CDM ပြုလုပ်ရခြင်းအပေါ် ပင်စင်ခံစားခွင့်များ မဆုံးရှုံးစေရန်လည်းကောင်း ၊ လုပ်ငန်းခွင် လုပ်သက် လစာ ရိက္ခာ မဆုံးရှုံးစေရန် လည်းကောင်း နစက အနေနဲ့ ထည့်သွင်းစဥ်းစား၍ အမှန်ကန်ဆုံး ဆုံးဖြတ်ပေးနိုင်ပါရန် တင်ပြလိုက်ရပါတယ် ။ 

       ကိုရွှေမျိုးဝင်း

(ကျနော်တို့လည်း သြဇာအာဏာကင်းမဲ့သော အရပ်သားများသာ ဖြစ်ပါတယ် ၊ အားကိုးတကြီး တိုင်ပင် မေးမြန်း အကူညီတောင်းခံလာကြသော ယခင်က သစ္စာရှိ Non CDM ဝန်ထမ်းကောင်းများအတွက် ကျနော်တို့ အစွမ်းကုန် ကူညီနိုင်တာ ဒီအဆင့်ပဲ ရှိတာမို့ ကံကောင်းကြပါစေလို့သာ ဆုတောင်းလျှက်.....)

{ငိုတဲ့ ကလေး နို့စို့ရသလို ကာယကံရှင်တွေဖြစ်တဲ့ ဝန်ထမ်းတွေကိုယ်တိုင် ငိုပြရင်တော့ မသထာလည်း နို့စိုရမယ် ထင်ပါတယ် }