Wednesday, February 9, 2022

ရခိုင်မှာ တိုက်ပွဲခေါ်သံ ပြန်ကြားနေရပြီ ရဲဘော်တို့။ အစစ အရာရာ သတိရှိပါ။ စည်းလုံးညီညွတ်ပါ။ တစ်ဦးတစ်ယောက်တည်း မသွားပါနဲ့။


အပြင်ထွက်ရင် အုပ်စုဖွဲ့သွားပါ။ အမြဲ ကျည်ထိုးထား
ပါ။ စျေးသွားဝယ်တာကအစ စစ်ဆင်ရေးသွားသလို
သာ သွားပါ။ 

စစ်သားက စစ်သားသတိရှိရှိနေထိုင်တာ ရှက်စရာ
မဟုတ်ပါ။ ပြီးခဲ့တဲ့ ရခိုင်ပြည်နယ်ကတိုက်ပွဲတွေက
နေ အတွေ့အကြုံတွေ အများကြီးရခဲ့ပြီးပြီ။ 

သေနတ်တိုက်မပျင်းပါနဲ့။ မိမိလက်နက်ခဲယမ်း ကျည်
အိမ် အစရှိတဲ့စစ်လက်နက်ပစ္စည်းတွေကို ပုံမှန်တိုက်
ချွတ်ထားပါ။ 

ရန်သူ့စရိုက်၊ အလေ့အထ၊ ဒေသခံဖြစ်နေခြင်းရဲ့အား
သာချက် စတာတွေထဲကနေ မိမိတပ်အတွက်ဘာတွေ
ထုတ်ယူသုံးစွဲလို့ရမလဲ အမြဲကြံဆနေပါ။ 

မိမိအားနည်းချက်က ဘာဖြစ်မလဲ ကိုယ်တိုင်တွေးဆ
ကြည့်ပြီး ငါသာရန်သူဆိုရင်ဆိုတဲ့ စဉ်းစားနည်းနဲ့စဉ်း
စားကြည့်ပါ။ 

မမျှော်လင့်တဲ့နေရာမျိုးမှာ ထိတွေ့မှုဖြစ်ရင် မထိတ်လန့်
ပါနဲ့။ လက်သွက်ပါ။ ထောင်ကျရင် မိသားစုနဲ့ ပြန်တွေ့
နိုင်ပါသေးတယ်။ သေသွားရင် မတွေ့နိုင်တော့ပါ။ 

ဒါ့ကြောင့် မိမိညံ့ဖျင်းမှုကြောင့် ကျဆုံးရတာမျိုး မဖြစ်ပါ
စေနဲ့။ လက်သွက်ပါစေ။ 

အကျယ်မချဲ့ဘဲ လိုတိုရှင်းရေးထားတာပါ။ ချဲ့တွေးပါ။

YKTR