Wednesday, February 9, 2022

အချိန်မှား နေရာမှား အပြောမှား


           ကျနော်တို့ တပ်မတော်ကို ချစ်ခင်လေးစားကြပေမယ့် နစက အပေါ် ​ဝေဖန်ထောက်ပြကြပါတယ် ။

 ဒီတော့ ဘာပြဿနာ တွေ့ရလဲ..?

      အချင်းချင်း စိတ်ဝမ်းကွဲသလိုမျိုး ဘောအလွန်မတွေနဲ့ ပြဿနာတက်ကြရပါတယ် ။ 

           လော်ဘီလုပ်ကြတယ်ပဲ ထားအုံး.....

- NUG ဆန့်ကျင်တာ​ခြင်း တူတယ် 

- တပ်မတော်ကြီးကို ထောက်ခံအားပေးကြတာခြင်း တူတယ်

- တချို့က ပြည်သူ နဲ့ တပ်မတော်ကို နောက်ခံပြုတယ် 

- တချို့က နစက နဲ့ တပ်မတော်ကို နောက်ခံပြုတယ် 

         နောက်ဆုံး နှစ်ချက်မှာ တပ်မတော်ကို ထောက်ခံကြတာခြင်း တူညီပေမယ့် ပြည်သူ နဲ့ နစက ဆိုတဲ့ ဘက်မှာ ရပ်တည်ပုံခြင်း ကွဲသွားပါတယ် ။ 

          ဒီတော့ နစက ဘာလုပ်လုပ် အကွက်လှတယ် ဆိုပြီး ထွက်​ပြီးသမျှ ချဲဂဏန်း ပြန်တွက်ပြသပြီး လမ်းဘေးတဲထိုးတောင်းစားနေရတဲ့ ချဲသမား အထာ နဲ့ ထောက်ခံသူတွေက တဖက် ။

           နစက လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရလာဒ်တွေ အပေါ် ပိုင်းဖြတ်ပြီး ရဲရဲတင်းတင်း ကောက်ချက်ချ ဝေဖန်ထောက်ပြပြီး ထောက်ခံသူတွေက တဖက်...

     ဆိုပြီး ကွဲပြားနေပါတယ် ။

        ဒီနေရာမှာ နစက အပေါ် မျက်စိမှိတ် ထောက်ခံသူတွေက နစကကို ဝေဖန်ထောက်ပြသူတွေကို သတင်းမှားတွေနဲ့ fb ပေါ်မှာ ဝေဖန်ခြောက်လှန့် နေတဲ့ နလပိန်းတုန်းတွေ အဖြစ်တောင် တန်ပြန်ဝေဖန်နေကြလေရဲ့ ။ 

          လက်ရှိမြေပြင် သတင်းတွေအရ ဝန်ထမ်းတွေရဲ့ ကြောက်လန့်တကြား အကူအညီတောင်းဆိုမှုတွေ ၊ ညည်းညူပြေးလွှားနေရပုံတွေကတော့ နေ့စဥ်နဲ့ အမျှ ကြားတွေ့နေရတာပါပဲ ။

         ဒီတော့ ဒီဖြစ်စဥ်တခုလုံးကို ပြန်ကြည့်လိုက်မယ် ဆိုရင် ပြည်သူကို နောက်ခံထား ပြည်သူအတွက် ဝေဖန်ထောက်ပြနေသူ တပ်ထောက်ခံရေး သမားတွေ နဲ့ နစက ထောက်ခံရေးသမားတွေကြား ပြည်သူအမြင်က ဘယ်လိုရှိမလဲ ၊ ပြည်သူ့ယုံကြည်မှု ရေချိန်က ဘယ်ဘက်မှာလည်း ဆိုတဲ့ စံ နဲ့ ပြန်တိုင်းကြည့်ပါ ။ 

        တပ်ချုပ်ကြီးရဲ့ ဘုန်းတော် ဘွဲ့ ကို သူ့အရည်အချင်းတွေ လုပ်ရပ်တွေ နဲ့ ရလာဒ်တွေကို ဖော်ကျူးပြီး ကျကျနနရေးခဲ့တဲ့ ပို့စ်တွေ ရှိပါတယ် ။ ပြည်သူတွေလည်း တခဲနက်အားပေးခဲ့ကြပါတယ် ။ အခု အဲသလို ပို့စ် ကို ပြန်ပြီး တင်ကြည့်ပါ ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ လက်ခံအားပေးမယ့် အရေအတွက် ဘယ်လောက်များမလဲ ဆိုတာ မှတ်ကျောက်ပါပဲ ။ 

        ကဲပါလေ နစက အပေါ် အရမ်းကြိုက်နေကြသေးတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ပြည်သူတွေ သိပ်သိချင်နေတဲ့ အကြောင်းအရာလေးတွေ မေးချင်ပါတယ် ။ အကျိုးအကြောင်း နဲ့ တကွ ဖြေရှင်းပြနိုင်ရင်တော့ အရမ်းဝမ်းသာကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ 

၁ ။ ဥပဒေ နဲ့ အညီဟု အမြဲပြောနေတဲ့ နစကအနေနဲ့ ဘဏ်ဒမြတိုက် PDF ထောက်ပံ့ထားတဲ့ မြောင်းမြဒေါ်ချို အမှုအား ဘာကြောင့် အရေးမယူပဲ ဆိုင်ဖွင့်ခွင့်ပင် ပေးအပ်လိုက်ရပါသလဲ.... ?

၂ ။ ဥပဒေနဲ့အညီဟု ဆိုထားပါလျှက် ဝန်ထမ်းဥပဒေအား တိတိကျကျ ဖောက်ဖျက်၍ ဗမာသူပုန် PDF အားထောက်ခံပြီး CDM လုပ်ထားသည့် ပညာရေး ဝန်ထမ်း ၂၀၀ ကျော်အား တနှစ်ကျော်လွန်မှ လက်ခံရပါသလဲ ။

၃ ။ UEC ရဲ့ လုပ်ပိုင်ခွင့် အပေါ် ကျော်လွန်ပြီး တရားဝင်သတင်းစာ ရှင်းလင်းပွဲမှာ အမတ်လောင်း အရည်အချင်းသတ်မှတ်ခြင်းအား ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ အာမခံပြောကြားသွားခြင်းသည် UEC ရဲ့ လုပ်ပိုင်ခွင့် ဥပဒေအပေါ် ပြန်ကြားရေးဒုဝန်ကြီး တက်ထိုင်နေတာ ဥပဒေနဲ့ ညီပါသလား ။

 ၄ ။ ၂၀၀၈ ခြေ / ဥ မှာ အတိအလင်းပြဌာန်းထားတဲ့ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်အား အစိုးရမှ ကာကွယ်ရမည် လို့ ဆိုထားပါလျှက် ပြည်သူတယောက်ခြင်းဆီကို မည်သည့်အစိုးရမှ အကာအကွယ်မပေးနိုင်ဟု လည်းကောင်း ၊ ပြည်သူတွေ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ရှိသည်ဟုလည်းကောင်း တာဝန်မဲ့ ပြောကြားခဲ့သော ပြန်ကြားရေးဒုဝန်ကြီး ရဲ့ အစိုးရတာဝန်အပေါ် ချမှတ်ထားသည့် ၂၀၀၈ ခြေ /ဥ အား ဆန့်ကျင် တာဝန်မဲ့စွာ ဖြေကြားခဲ့မှုသည် ဥပဒေနဲ့ ညီပါသလား ။ 

(တဦးခြင်း စောင့်ကြည့် ကာကွယ်မှု မပေးနိုင်ဆိုသည့် သဘောမှာ ပြည်သူအချင်းချင်း လတ်တလောဖြစ်လာသော ဒေါသ အလျှောက် ကျူးလွန်သည့် ပြစ်မှုအား အကာကွယ် မပေးနိုင်ခြင်းအပေါ် နားလည်ရမည် ဖြစ်သော်လည်း အစိုးရအား သူပုန်ထ ပုန်ကန်သတ်ဖြတ်နေခြင်းအပေါ် နှိမ်နင်းရမည့် တာဝန်နှင့် ပြည်သူအား ကာကွယ်ပေးရမည့်တာဝန်သည် အစိုးရတာဝန်သာ ဖြစ်ပါတယ် ။ မိမိမသိသော လူတစုက သေနတ်နဲ့ လာရောက် သတ်ဖြတ်တာကို လက်နက်မဲ့ပြည်သူအား ခုခံကာကွယ်ခွင့်ပြုထားပါတယ် ဆိုပြီး အစိုးရတာဝန်ကျေသယောင် အရူးစကားနဲ့ ဖြေကြားထားသူကို သူကိုယ်တိုင် လက်နက်မပါပဲ နမူနာ ခုခံပြဖို့ တောင်းဆိုပါတယ်)

        ကဲ အဲဒီ အချက် ၄ ချက်ပဲ ဖြေရှင်းကြည့်ပါအုံး ။ ဒေါ်စုကြည် ထောင်ထဲ မထည့်ရဲ့တာတို့ ၅၀၅ တွေ ပြန်လွှတ်တာတို့ ၊ သေဒဏ်တကယ်မပေးရဲတာတို့ ဆက်မေးနေရင် ငိုချင်စိတ် ပေါက်ကုန်ပါ့မယ် ။ 

        နစက သိဖို့ပြောရရင် ခင်ဗျားတို့ မူဝါဒတွေ ပြောင်းလဲရတော့မှာ ဖြစ်ပါတယ် ။ သူပုန်တွေ ပိုပြီး ဇောင်းထလာပြီ ။ ဒေါ်စုကြည် ထမင်းအစစ်စားချင်တယ် ဆိုပြီး သူ့ဘာသာ မြန်မာစကား မကျွမ်းကြင်ပဲ ပေါက်ကရပြောတာကို အပြင်က ပေါက်ကရ ဘာသာပြန်ပြီး လူသတ်အကြမ်းဖက် ကိစ္စတွေ အရှိန်ပြန်မြှင့်လာတာ ကြည့်ပါ ။ 

           အကြမ်းဖက်ကို မေတ္တာနဲ့ ထိမ်းလို့မရပါဘူး ။ ယခု ပြည်ထောင်စုနေ့မှာ NCA ထိုးသူကော မထိုးသူကော တွေ့ဆုံဆွေးနွေးမတဲ့ ။ တွေ့ကြပါ သို့သော် ဒါကို နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းလို သဘောထားပြီး ညှိနှိုင်းမရတဲ့ သူပုန်ကို ပြတ်သားစွာ ချေမှုံးပစ်ဖို့ တောင်းဆိုပါတယ် ။ 

      ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်လာတာ အစိုးရအဆက်ဆက် နှစ်ပေါင်း ၇၄ နှစ်ကျော်လာပါပြီ ။ မြန်မာပြည်နဲ့ စားပွဲဝိုင်း ငြိမ်းချမ်းရေး အလုပ်မဖြစ်ဖူးဆိုတာ သက်သေပြထားပါပြီ ။ 

         ကျနော့်အမြင်ကတော့ ဒါတွေ လုပ်နေတာ အချိန်ဖြုန်း ငွေဖြုန်း အလုပ်တွေပါပဲ ။ ဒီခေတ်ကြီးထဲမှာ တိုင်းပြည်တိုးတက်ဖို့ သူများနိုင်ငံတွေနဲ့ အပြိုင်အဆိုင် အားထုတ် လုပ်ရမှာကို ဒီ သူပုန်တွေနဲ့ အချိန်ကုန် စောက်လုပ်ရှုပ်ပြနေတာတွေ ရပ်တန့်သင့်ပါပြီ ။ 

       ဒီခေတ်မှာ ပြည်တွင်းသူပုန်ဆိုတာ ရှေးခေတ်က အင်္ကျီသန်း လိုပါပဲ ။ မရှိသင့်တော့ပါဘူး ။ ဒီခေတ်ထဲ အင်္ကျီသန်း ရှိနေသေးရင်တော့ အဲဒီ အင်္ကျီပိုင်ရှင်ဟာ အတော်လေး စောက်သုံးမကျလို့ပါပဲ ။ 

       ယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာ နှစ်ပေါင်း ၇၄ နှစ်လောက် ပန်းသေ​နေတဲ့ လပြွတ် ဖျံသိုသွေးလိမ်းသလိုပါပဲ ။ မထိရောက်ပါဘူး ဖျံသိုတင်မဟုတ်ဖူး ရှိသမျှသိုတွေ သွေးလိမ်းလည်း ငွေကုန် အချိန်ကုန်ဖြစ်ကြရုံပါပဲ ။ 

      အခု အုပ်ချပ်နေတဲ့ နစက ရဲ့ မူဝါဒတွေသည် အင်မတန်ငြိမ်းချမ်းတည်ငြိမ်နေပြီး လူ့အဖွဲ့အစည်းကြီး တခုလုံးဟာ အသိတရားတွေနဲ့ လေ့ကျင့်ပျိုးထောင် ပြည့်ဝနေတဲ့ ကာလဆိုရင်တော့ အင်မတန်ကောင်းမွန်လှတဲ့ မူဝါဒတွေ ဖြစ်မှာပါပဲ ။ 

     သို့သော် လက်ရှိအနေအထားအရ ယခုလို လုပ်နေတာကတော့ မီးလောင်နေတဲ့ ဖာတန်းနားသွားပြီး ငုံးမင်းပရိတ်ရွတ်ပြနေတာထက် မပိုတဲ့ မထိရောက်တဲ့ အချိန်မှား ၊ နေရာမှား ၊ အပြောမှား နေသော လုပ်ရပ်များဖြစ်နေပြီလို့ပဲ ဝေဖန်ထောက်ပြချင်ပါတယ် ။ 

      ကိုရွှေမျိုးဝင်း

(အကြည်ညိုလွန်ပြီး ဦးတိုက်တာတော့ ဟုတ်ပါရဲ့ ဘရိတ်မမိရင် တော့ ဘိုးတော်ပါ ဒုက္ခများနိုင်တာ ပေါ့လေ....)