Wednesday, February 9, 2022

#ဇာတ်မျောလား_ဇာတ်သိမ်းလား? အကြိမ်ကြိမ်သတိတွေ ပေးနေတဲ့ကြားကပေါက်ဆိန်နဲ့ပေါက်နေရပြီ။


EAOsတွေအားလုံး
PDFတွေနဲ့ပေါင်းစည်းသွားခဲ့ရင်
နှစ်ပေါင်း ၆၀-၇၀ တိုက်လာတာ
မနိုင်တာတွေ ဘာတွေ ပြောဖို့
မကျိန်းသေတော့ဘူး ။

တိုက်မှာက
စစ်တပ်နဲ့ pdf+EAOs
နှစ်ဖွဲ့ထဲ မဟုတ်တော့
မြို့ပြစစ်ပွဲတွေကို
ရှိသမျှလက်နက်ကောင်းတွေနဲ့ 
မိုးရွာသလို ရွာချရအောင်ကလည်း
ဘုရားစေတီပုထိုး ရဟန်းရှင်လူ
ပြည်သူအများက
ကြက်ငှက်ကလေးတွေမှမဟုတ်တာ။

ဒီစကားက အပိတ်တွေအတွက်တော့
ခါးမှာပါ၊
ဒါပေမဲ့ မရည်ရွယ်ပါဘူး။

မြို့ပြစစ်ပွဲတွေတိုင်းကို ကြည့်လိုက်-
    ကမ္ဘာမှာပြန့်နေတဲ့ပုံရိပ်တွေက
    PDFက လူသတ် မီးရှို့တာ
    မပါဘူး၊ မသိဘူး။
    ဘယ်ပါမလဲ ဟိုဘက်က
    သတင်းကွန်ယက်ဖြန့်ကျက်မှု
    မြန်ဆန်တယ်။

သတင်းကွန်ယက်ဖြန့်ကျက်မှု
အမြဲတမ်း နောက်ကျတဲ့ ကိုယ်တွေ
ဘက်ကြောင့် ကမ္ဘာမှာ
စစ်တပ်က ငပွကြီးဖြစ်နေတယ်။

ကျနော်တို့သိတာ တစ်ခုပဲ-
   "ကရင်ပြည်နယ်မှာ လေယာဉ်နဲ့
   ဘယ်လိုဆော်တာ,
   ကယားမှာ ဘယ်လိုဗျင်းတာ,
   စစ်ကိုင်းမှာ ဘယ်လိုတီးတာ,
   မကွေးမှာ ဘယ်လိုအုပ်တာ"-
ဒီလောက်ပဲ။
ဒါဆို ငါတို့နိုင်ပြီပဲ ထင်ထားတာ။

အခု မဟုတ်တော့ဘူး။
ခေတ်စနစ် အတွေးအမြင်တွေ
ဆန်းသစ်နေပြီ။

အဲဒီစစ်ပွဲရဲ့
'ပြယုဂ်တစ်ခုအဖြစ် ကျန်နေခဲ့တဲ့'-
- လူအသေအပျောက်,
- မြို့ရွာပျက်စီးကြေမွမှု,
- မီးလောင်ပြင်,
- သုသာန်တစ
အနိဋ္ဌာရုံတွေကို ကြည့်ပြီး ကမ္ဘာကြီးက
အနိုင်အရှုံး ဆုံးဖြတ်ကြတာ။
'ဘယ်သူလွန်တယ်, ဘယ်သူ မလွန်ဘူး'
ဆိုတာမျိုးပေါ့။

နှစ်ဖက်လုံးမှန်နေရင်လည်း ပေးချင်တဲ့
တစ်ဖက်ကိုပဲ အမှန်ပေးသလို,
နှစ်ဖက်လုံး မှားနေလည်း
သူတို့အလိုကျ-
မှားနေတဲ့တဖက်ကိုပဲ အမှန်ပေးတာ၊
ဘယ်တော့မှ နှစ်ဖက်လုံးအမှန်
နှစ်ဖက်လုံးအမှား မပေးဘူး။

အရှင်းဆုံးပြောရရင်..
ဘယ်နိုင်ငံဖြစ်ဖြစ် စစ်တပ်နဲ့ပြည်သူ
ထိပ်တိုက်တွေ့ကြတဲ့ပွဲတိုင်း
စစ်တပ်ဘက်က ဘယ်လောက်မှန်မှန်
ပြည်သူဘက်ကိုပဲ အလေးသာပေးခဲ့
ကြတာ မဟုတ်ဘူးလား။

ကမ္ဘာကြီးအား-
'ဂုဏ်ယူ အားကျ သနားကရုဏာ
သက်စေတာတွေက'..
    "တော်လှန်သူတွေအားလုံးဟာ
    ပညာ,ရာထူး,စည်းစိမ်,ဂုဏ်ရှိန်,
    မိသားစုတွေကို စွန့်လွှတ်ပြီး
    အသက်ပေးတိုက်ပွဲဝင်
    နေခြင်းဖြစ်တယ်" ဆိုတဲ့
အချက်ပဲ၊ အဲဒီအချက်က..
'တကယ့်အရင်းခံ ပြစ်ချက်အားလုံး'ကို
မှေးမှိန်ပျောက်ကွယ်စေခဲ့တယ်။

သတိမပြု သတိမထားခဲ့ပဲ
လျှော့တွက်ခဲ့မိတာက
အတိုက်အခံနဲ့ပတ်သက်ရင်
NLDဟာ ကမ္ဘာမှာ နံပါတ်တစ်
ဆိုတဲ့အချက်ပဲ။

နိုင်ငံတိုင်းက လေးစားအားကျ
အတုခိုးရေလာက္တဲ့အထိ
ကျော်ကြားခဲ့တယ်ဆိုတဲ့ အချက်ကို
ကျနော်တို့ ငြင်းမရဘူး။

အာဏာထိန်းးဖို့အော်ခဲ့တာလည်း
ကျနော်တို့ပါတယ်။
အာဏာထိန်းပြီးနောက်ပိုင်း
တပ်ချုပ်ကို တောက်လျှောက် ဝေဖန်ခဲ့ရ
တာကလည်း ဒီလိုဖြစ်လာနိုင်တဲ့
အခြေအနေတွေကြောင့်ပါ။

ကျနော်တို့ဟာ
မျက်စိပေါက် ကျဉ်းကျဉ်းလေးတွေနဲ့
ကိုယ့်ခြံဝိုင်းလောက်ပဲကြည့်ပြီး
အချင်းချင်း ပြသာနာရှာ,
ပတ်ဆဲနေရမယ့်အချိန်လည်း
မဟုတ်တော့ပါဘူး။
မြှောက်ပေးလို့ ဂျွမ်းပြန်ကျခဲ့ရတဲ့
ဘုရင်တွေ သမိုင်းထဲမှာ တစ်ပုံကြီး။

'DASSK'ကိုလည်း ဖက်တွယ်မထားနဲ့၊
ဦး'မအလ'ကိုလည်း ဖက်တွယ်မထားနဲ့၊
သူတို့နှစ်ယောက်မရှိလို့
ဘာမှဖြစ်မသွားဘူး။

ဒီနိုင်ငံကိုလည်း
သူတို့နှစ်ယောက်နဲ့ မလဲနိုင်ဘူး။

#တကယ်သတ္တိရှိတယ်ဆိုရင်..
    #တင်းမယ်ဆိုလည်း
    #ပြတ်အောင်တင်း။
    #လျော့မယ်ဆိုလည်း
    #လွတ်အောင်လျော့။

#အခုတော့..
    #မလျော့မတင်း
    #ပျော့ပျင်းပျင်းနဲ့
    #ကျော့ကွင်းထဲ
    #ခေါင်းဝင်တိုးနေပြီ။

ဇာတ်သိမ်းဖို့ပဲ ကျန်တော့တယ်။
    #တစ်ဖက်ထဲလည်း
    #ဇာတ်သိမ်းနိုင်သလို
    #နှစ်ဖက်စလုံးလည်း
    #ဇာတ်သိမ်းသွားနိုင်တယ်။

    #ဒုတိယအာဖဂန်လည်း
    #ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ။

ဝေးခွန်နောင်