Wednesday, February 9, 2022

👉 နစက(အိမ်စောင့်အစိုးရ)နှင့်အကြမ်းဖက်အဖွဲ့👈


နစကအကြောင်းခေါင်းစဉ်တပ်ပြီးရေးနေရတာ
သိတ်တော့မကောင်းပါဘူး?

ရေးမှဖြစ်မှာမို့လို့ပါ။

NLDအစိုးရ(၅)နှစ်တာအာဏာရအုပ်ချုပ်သွားတာ
အစစ အရာရာ နှစ်ခြမ်းကွဲ(စိတ်ဝမ်းကွဲခြင်း)သွား
ကြတာ နိုင်ငံတော်နှင့် အမျိုး ဘာသာ သာသနာ
တော်ကိုကာကွယ်စောင့်ရှောက်လိုသူတိုင်းသိကြပါ
တယ်။

အနီထောက်ခံကြသူများလည်းသိကြပါတယ်။
ကနေ့အထိ အဆဲခံရ အဝေဖန်ခံရဖြစ်နေတာက
တပ်မတော်ရဲ့ခေါင်းဆောင်ကြီးများဖြစ်ကြပါသည်။

တပ်မတော်ခေါင်းဆောင်များကို
ကမ္ဘာ့အလယ်မှာ တရားခံ ဖြစ်သွားအောင်
နိုင်ငံခြားသား အကြံပေးများ။ နိုင်ငံခြားသား
ကော်မရှင်အဖွဲ့များ။

ဘာပဲလုပ်လုပ်နိုင်ငံခြားသားများကိုသာအာကိုးပြီး
ပုံဖေါ်သွားခဲ့တဲ့ ဘွားတော်ကြီး ဒေါ်စုကြည်

လေးစားရမလား?
ကလော်ဆဲရမလား?

ဖြစ်ပြီးသည့်အကြောင်းအရာကိစ္စတွေကပြီးခဲ့ပေမဲ့?

တပ်မတော်ခေါင်းဆောင်ကြီးများမှာ
ပြည်ပဖိအားကြောင့် လုပ်သင့်သည်ထင်ပေမဲ့
မလုပ်ခဲ့နိုင်သည့်အကြောင်းအရာများလည်း
များစွာရှိခဲ့ပါသည်။

ဥပမာဆိုရလျင်
ရဲမှုခင်းနှင့်ပတ်သက်နေ၍
ခံဝန်လက်မှတ် ရဲစခန်းမှာသတ်မှတ်ရက်အတိုင်း
သွားထိုးနေရတဲ့လူတစ်ယောက်လိုဖြစ်နေပါသည်။

ကျနော်ကောင်းမွန်စွာနေထိုင်နေပါသည်
ဥပဒေမှခွင့်မပြုထားသောလုပ်ရပ်များလုပ်ဆောင်
ခြင်းမရှိပါ၊

အမြဲဖြေရှင်းပေးနေရပြီး
ခြေချုပ်မိထားတဲ့ဘဝလိုပါပဲ
နိုင်ငံတစ်ကာရဲ့ဖိအား
တရားခံအဖြစ်စွပ်စွဲခံထားရသည့်အဖြစ်
ICJ မှာတရားစွဲခံထားရသည့်အမှုများ
မဟုတ်မမှန်ကြောင်းသက်သေပြဘို့ ဖြေရှင်း
နိုင်ဘို့တပ်မတော်အကြီးအကဲများ ကြိုးစား
နေရသည်ဟုမှတ်ယူပါသည်။

ကမ္ဘာ့အလည်မှာ အထီးကျန်ဆန်စွာဖြင့်မရပ်တည်
လိုခြင်း
စွပ်စွဲခံထားရသည့် ပြစ်မှုများ မဟုတ်မမှန်ကြောင်း
သက်သေပြ၍ကမ္ဘာ့နိုင်ငံများမှ လက်ခံလာစေရန်
နိုင်ငံတော်ကိုထိန်းထိန်းသိမ်းသိမ်း တာဝန်ယူကိုင်
တွယ်နေကြောင်း သိသာပေါ်လွင်နေပါသည်။

တစ်ဘက်ကိုဇောင်းပေးလုပ်ကိုင်နေလျှင်
တစ်ဘက်ကတော့နစ်နာမှုတွေရှိလာနိုင်ပါသည်။

ယနေ့ဖြစ်စဉ်တွေမှာ အဘတို့လုပ်သင့်သလောက်
သာလုပ်နေကြပါသည်။
ပိုလုပ်ခဲ့သည့်အပိုင်းတွေလည်းရှိကောင်းရှိနိုင်
ပါသည်။

ပြည်သူဆိုသည်မှာ အစိုးရအား မိဘ သဖွယ်
အားကိုးအားထားပြုကြသည်မှာဓမ္မတာပင်ဖြစ်ပါ
သည်။

တပ်မတော်ရဲ့ဂုဏ်ကိုငြိုးနွမ်းအောင် ဖန်တီးနေကြ
သည့်အဖျက်သမားအား ဆန့်ကျင်သည့်အနေဖြင့်
ပြည်သူများအန္တရာယ်များသည့်ကြားမှ

မြို့နယ်ဒေသအသီးသီးတွေမှာ တပ်မတော်ထောက်
ခံပွဲများ.အကြမ်းဖက်ရှုတ်ချပွဲများ ပြုလုပ်ခဲ့ကြသည်
မှာအံ့မခမ်း လေးစားဖွယ်ရာဖြစ်ပါသည်။

တပ်မတော်အနေဖြင့်အကြောင်းအမျိုးမျိုးကြောင့်?

ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူပိုင်
ပုဂ္ဂလိကပိုင်ပစ္စည်းများကို လုံခြုံအောင် လုံးဝ ကာကွယ် မပေးနိုင်ခဲ့တာတော့ အမှန်ပါ။

အပြစ်မဆိုသာပါ။
အထက်မှာတင်ပြခဲ့သလိုပဲ
ကမ္ဘာ့အလယ်မှာ တပ်မတော်ကို တရားခံဖြစ်
အောင် ပုံဖေါ်သွားနိုင်တဲ့ မုဆိုးမကြီးကြောင့်ပါ။

ပြည်သူတွေစိတ်ထဲ တပ်မတော်အကြီးအကဲများကို
အားမလိုအားမရဖြစ်ကြမှာတော့ အမှန်ပါ။
အားလုံးကိုဖြေသိမ့်လိုက်ကြပါလို့ဒီပိုစ့် ဖြင့်တောင်း
ပန်အပ်ပါသည်။
***
နစကအစိုးရကြီးကို တစ်ခုတော့ထောက်ပြပါရစေ

ပြည်သူအများစုလိုလားတောင်းတနေတဲ့
အကြမ်းဖက်ချုပ်ငြိမ်းရေး
ငြိမ်းချမ်းရေးရရှိရေး

နစကအစိုးရအနေဖြင့် အစွမ်းကုန်ကြိုးစားနေတာ
တွေ့ရပါသည်။

တစ်ချို့နေရာများတွင်လိုက်လျောမှုတွေက များ
လွန်းနေသည်ဟုမြင်မိပါသည်။
( အပစ်အခတ်ရပ်စဲမှုများ သက်တမ်းခနခနတိုး
ပေးနေခြင်း)

ထိုသို့တိုးပေးနေမှုများကို သောက်းကျန်းသူများမှ
အခွင့်အရေးယူ၍
မိမိတပ်များအားအလစ်အငိုက်တိုက်ခိုက်ခြင်း
မြို့ပေါ်များသို့တက်ရောက်၍ဆက်ကြေးကောက်
နေကြခြင်း

PDF လူငယ်များအားအသုံးချအမည်ခံ၍တပ်မတော်
အားတိုက်ခိုက်စေပြီး ပွဲလှန့်ဖျာခင်း ဝင်သမနေကြတဲ့
NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များပါရှိနေ
ခြင်း

ခေါင်းဆောင်ခြင်းဖြစ်ရပ်များကိုညှိနှိုင်းဆွေးနွေး
၍NCA ချိုးဖောက်နေမှုများရှိကြောင်းထောက်ပြ
လျှင်

တစ်ဘက်ခေါင်းဆောင်များမှတာဝန်ယူမှုမရှိပဲ
ယနေ့ခေတ်စားနေတဲ့ အမွေပြတ်စွန့်လွတ်ခြင်း
သတင်းစာထဲထည့်ကြေညာသလိုပါပဲ

လွယ်လိုက်သည်ဖြစ်ခြင်း
ကျွန်ုပ်တို့အဖွဲ့၏အမိန့်ကိုနာခံခြင်းမရှိခြင်းကြောင့်
ကျွန်ုပ်တို့အဖွဲ့မှ ထုတ်ပယ်ထားပြီးဖြစ်ကြောင်း
ပြောလိုက်တာနှင့်ကိစ္စကပြီးမြောက်သွားပြီး
တပ်မတော်အနေဖြင့်ကြိုက်သလိုဆောင်ရွက်ပါ။

အရှေ့မှာကတော့ မိမိတပ်ဖွဲ့ဝင်တပ်မတော်သားတွ 
အဖမ်းခံလိုက်ရ၊ အသက်ပေးလိုက်ရနှင့် NCA ကို
လေးစားလိုက်နာသူတွေရဲ့ ရှုံးဆုံးမှု ရလာဒ်

တပ်မတော်အနေဖြင့် တဘက်သတ် အပစ်အခတ်
ရပ်စဲရေး သက်တမ်း ခနခန တိုးပေးနေပေမဲ့

သူပုန်ဆိုတဲ့အမျိုးက အစိုးရကိုမကြိုက်လို့ ခံစား
ချက်တွေနှင့်တော်လှန်နေကြတာ၊
အကြမ်းဖက်ဖျက်ဆီးနေကြတာ။

လိုက်လျောနားထောင်လိုက်နာကြမှာမဟုတ်သလို
အစိုးရရဲ့ကမ်းလှမ်းချက်ကိုလည်းလက်မခံကြသူ
များရှိလိမ့်မည်၊

သူပုန်ဆိုတာ ဘုရားတည် ကျောင်းဆောက်
အလှူအတန်းလုပ်နေတဲ့ သူတော်ကောင်းတွေ
မဟုတ်ဘူးဆိုတာတော့သိထားသင့်ပါသည်၊

ငြိမ်းချမ်းရေးကမ်းလှမ်းသော်လည်း ငြိမ်းချမ်းမှုကို
အတော်များများက မလိုခြင်ကြပါ။
မရနိုင်သည့်အခွင့်အရေး
မဖြစ်နိုင်သည့်အကြောင်းအရာတွေ
တောင်းနေကြရင်းဖြင့် ပြည်တွင်းစစ်ကာလ
သက်တမ်းရှည်ခဲ့ပါပြီ။
သေနတ်တစ်လက်လက်ထဲရှိနေခြင်းက အရာရာ
ကိုလုပ်ဆောင်နိုင်သည်ဟုထင်မြင်ထားကြသူများ
သာဖြစ်ပါသည်။
သူတို့ဘာလုပ်နေကြလည်း လူတိုင်းသိကြသည်။

ဖေါ်ပြနေစရာမလိုပါ။
လက်နက်ကိုင်သူပုန်နှင့် အစိုးရ စားပွဲဝိုင်းထိုင်ပြီး
ဆွေးနွေးလို့ ငြိမ်းချမ်းရေး ရသွားသည့်နိုင်ငံရှိပါ
သလား?
တွေးကြည့်ကြပါ။
သူတောင်းသမျှ သူလိုခြင်တာမှန်သမျှ ပေးလိုက်
နိုင်ရင်တော့ ဟုတ်ပေမပေါ့😁

မြန်မာနိုင်ငံဆိုတာအစိုးရအဆင့်ဆင့်ကိုတော်လှန်
ပုန်ကန်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအများ
ဆုံးနိုင်ငံတစ်ခုပါ။

လျော့သွားတာမရှိခဲ့ဘူး
ပို၍သာတိုးလာပါသည်။

နစကအစိုးရအနေဖြင့် ယခုကာလသည် သောင်း
ကျန်းသူများကို ကိုင်တွယ်ရအခက်ဆုံး အချိန်ကာ
လပါ၊
သောင်းကျန်းသူများကို ထောက်ပံ့ငွေတွေပေးပြီး
မြန်မာနိုင်ငံကြီးပျက်စီးသွားအောင်ကြံဖန်နေတဲ့
အလှူရှင် သူဋ္ဌေးကြီးတွေက အများသား

ကိုယ့်နိုင်ငံသားငပိန်းတွေကလည်း ငါးစာသာ
မြင်ပြီး ငါးချိပ် မမြင်ကြတဲ့ အတ္တစွဲ ပုဂ္ဂိုလ်စွဲတွေ
ရှိကြပြန်တော့?

အတော်ဖြေရှင်းရခက်နေပါလိမ့်မည်။
တပ်မတော်ကြီးအနေဖြင့် လိုက်လျှောမှုတွေရဲ့
နောက်ကွယ်မှာ အစီအစဉ်တစ်ခုခုကိုဖန်တီး
လိမ့်မည်ဟု ယုံကြည်ပါသည်။

တပ်မတော်ကြီး အောင်မြင်ပါစေ
ငြိမ်းချမ်းရေးလိုခြင်ရင်တော့?
စစ်တိုက်ရပါလိမ့်မည်( အမြစ်ပြတ်)
ဆွေးနွေးနေလို့မရဘူးဆိုတာ ပြည်တွင်းစစ်
သက်တမ်းကသက်သေ ပြနေပါပြီ။

စစ်တိုက်ရပါလိမ့်မည်။
အခုအချိန်မှာ
မလိုအပ်ပဲစစ်အင်အားကိုမဖြုန်းတီးပါနှင့်

ဖိုက်တင်း💪💪💪💪💪💪💪💪💪

မောင်ငြိမ်းချမ်း
7-2-2022

Related Posts: