မိုရေး၊ နို၀င်ဘာ-၁၀-၂၀၂၁
မျိုးဆက်(VOM)
အိန္ဒိယ-မြန်မာနယ်စပ်ရှိ ထန်နျူပါခရိုင်မှာ ဖောက်ခွဲရေးပစ္စည်းအများအပြားကို အာသံရိုင်ဖယ်တပ်ဖွဲ့က နို၀င်ဘာ ၈ ရက်မှာဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။
ထန်နျူပါခရိုင်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်း (IEDs) တွေဟာ အလေးချိန် ၂၅၀ ကီလိုဂရမ်ရှိတယ်လို့ဆိုပါတယ်။ အဲဒီပစ္စည်းတွေကို ဘီတွတ်ကျေးရွာအနီးတောထဲကနေ ဖမ်းမိခဲ့တာဖြစ်ပြီး အခုရေ ၂၄၃ ခုလို့သတင်းရင်းမြစ်တွေကဆိုပါတယ်။
ဘီတွတ်ကျေးရွာဟာ အိန္ဒိယ-မြန်မာနယ်နိမိတ်မှတ်တိုင် အမှတ် ၇၅ အနီးမှာတည်ရှိပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ အဲဒီနေ့ ည ရှစ်နာရီမှာ နယ်စပ်အနီးစက်ဘီးစီးလာသူအဖွဲ့ကို တွေ့ရှိခဲ့ပြီး စစ်ဆေးဖို့ ရပ်တန့်ခိုင်းတဲ့အခါ ထွက်ပြေးသွားကြတယ်လို့သိရပါတယ်။
အဲဒီနောက်မှာ သေတ္တာအချို့ကျန်ရစ်ခဲ့ပြီး စစ်ဆေးတဲ့အခါ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖောက်ခွဲရေးပြုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်း ၂၄၃ ခုကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ သိမ်းဆည်းရမိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို မိုရေးရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
Ref: IFP
Photo: IFP
#voiceofmyanmar #VOM #မိုရေး