Saturday, November 20, 2021

မိနစ် ၉၀ သမ္မတ


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ
သူ့အသက် (၇၉) နှစ်နေ့မှာ အူမကြီးဆိုင်ရာ
ဆေးစစ်ဆေးမှုခံယူတယ်၊
ဆေးစစ်ဆေးမှုကာလအတွင်း 
သမ္မတ တာဝန်တွေကို ဒုသမ္မတ ကင်မလာဟဲရစ်ကို
လွှဲအပ်ထားတဲ့အတွက်...

အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား
ကင်မလာ ဟဲရစ်ဟာ (၈၇) မိနစ်တိတိ
အမေရိကန်သမ္မတ First Woman ဖြစ်ခဲ့လိုက်တယ်၊

Biden ရော၊ Kamala Harris ရောဟာ
အိုဘားမား တင်ပေးလိုက်တဲ့ သူတွေရယ်လို့
သတင်းထွက်နေပြီး၊ သမ္မတသက်တမ်း
(၂) နှစ်ပြည့်ရင် ဘိုင်ဒင်က ကျန်းမာရေး
အကြောင်းပြ အနားယူမယ်၊ 
ကင်မလာက သမ္မတတာဝန်ဆက်ယူသွားမယ်
ဆိုတဲ့ သတင်းတွေလဲ ဖြစ်ခဲ့ပါတယ်၊

#BaMaung