* မေတ္တာကို လက်ကိုင်သုံးပါလို့
စိတ်နှလုံး ဖြူစင်စွာ။
တစ်ဦးအပေါ် တစ်ဦးက
ဖေးမကြင်နာ။
အသုံးနှုန်း မင်္ဂလာ
မြန်မာတွင် ယဥ်ကျေးမှု။
မေတ္တာကို ပုံဖော်လွန်းတဲ့
နှုတ်ခွန်းဆက်ပြု။
* အစဥ်လာ ရှေးရိုးတုလို့
ကောင်းခြင်းဟု အဆိုတည်။
ကမ္ဘာတွင် ထိုစကား
ဖမ်းစားပါသည်။
မြန်မာအစွမ်း ခေတ်အညီ
ပြည်တစ်ခွင် သင်းကြိုင်လန်း
ကမ္ဘာ့အလယ် ထိုးကာဖောက်
ကျိုးရောက်စံမြန်း။
* မြန်မာ့မင်္ဂလာ ကမ္ဘာလွှမ်းပါလို့
တခမ်းတနား ရှိကာနေ။
ချစ်စဖွယ် ထိုစကား
ခွန်အားပါပေ။
အေးချမ်းခြင်း ပွင့်ခက်ဝေ
လွင့်ထွက်သလေ မေတ္တာတရား။
ပြောပြလို
လောကကို မင်္ဂလာအစွမ်းနဲ့
(လူသားတိုင်းကလေ. . .)
ကြိုးပမ်းစို့လား။ ။
စျာန်လေး(ပညာရေး)