Tuesday, November 16, 2021

အပေးအယူ


          ဒီနေ့ ထောင် ၁၁ နှစ် ချမှတ်ထားတဲ့ အမေရိကန် နိုင်ငံသား လွတ်ပေးလိုက်တယ် ။ 

       ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို မြန်မာတွေ အကျိုးကျေးဇူးများစွာ ရနိုင်တာမို့ အမေရိကန်က တဖက်လှည့်နဲ့ ပိတ်ဆို့ထားတာ ပြန်ပွင့်သွားပြီ စီမံကိန်းပြန်စတော့မယ် ။ 

     နောက်သတင်းက UEC ကနေ မဲလိမ် မဲခိုးမှုနဲ့ 

ဦးဝင်းမြင့်
ဒေါ်အောင်ဆန်းစုကြည်
ဦးလှသိန်း
ဦးမင်းသူ
ဦးမြင့်နိုင်
ဦးသန်းဌေး
ဦးဇော်မြင့်မောင်
ဒေါက်တာမျိုးအောင်

အပါ ၁၆ ဦးအား
တရားစွဲဆို အရေးယူလိုက်ပြန်ပြီ ။

      ရုရှားက အကြီးစား လက်နက်စက်ရုံတွေပါ တည်ဖို့ စာချုပ်သွားတယ် ။ 

         သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို ဆိုင်းငံ့ထားတဲ့ တောင်ကိုရီးယား ပြန်စဖို့ ကပျာကယာ လာနေပြီ ။ 

            အိန္ဒိယက ရေတပ် ဦးစီးချုပ်ကို ဖိတ်ခေါ်တယ် ။

          တရုတ်ကိုယ်စားလှယ် ကပျာကရာ ပြေးလာရတယ် ၊ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တယ် ။

         ဂျပန်ကြီး ရောက်လာပြီး နစက သံဝန်ထမ်းတွေကို လက်ခံကြောင်း ထုတ်ပြန်တယ် ။ 

        ထိုင်း ဒုတိယ ဝန်ကြီးချုပ် နေ့ချင်ပြန် လာသွားတယ် ။

            ဒါတွေက နိုင်ငံရေး ကစားကွက်မှာ နစက အနေ နဲ့ အကွက်ကျကျ ကစားခဲ့လို့ ရယူနိုင်ခဲ့တဲ့ အလှုပ်အခတ်တွေပါပဲ ။ 

       နိုင်ငံတကာ အားကိုးနေရတဲ့ NUG တို့ အတွက် အရှေ့ရော အနောက်ကော နှစ်ဖက်လုံးကို ဝက်ဝံကြီးအား အခြေပြု ကစားပြလိုက်တဲ့ နစက ရဲ့ ကစားကွက်ထဲမှာ လေမုန်တိုင်းမိတဲ့ သစ်ရွက်ဆွေးလို ကြေမွသွားရပါပြီ ။ 

       ပြည်တွင်း သူပုန် PDF လေးတွေလည်း ခိုးဝှက် စုဆောင်းထားတာလေးတွေ လက်ကျန်ရှိတုန်း အဖျက်လုပ်ငန်း လုပ်ပြီးတာ နဲ့ အရှိန်ကုန်သွားပြီး ဆီကုန်သွားတဲ့ ကားလို ထိုးရပ်သွားမှာပါ ။ 

      ကိုရွှေမျိုးဝင်း

(ဥာဏ်ကောင်းတဲ့ သူတွေက ပစ္စည်းကို အခြေအနေအရ သူ့နေရာနဲ့သူ ထိရောက်အောင် သုံးတတ်တယ် ဗျ)


Related Posts: