Saturday, November 6, 2021

လမ်းပေါ်နေကလေးများကို ကာကွယ်စောင့်ရှောက်ရေးစီမံချက်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အရပ် ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီးပြောဆို

……………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၆ (People Media)

မကြာမီကျင်းပရန်ရှိသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် လမ်းပေါ်နေကလေးများအား ကာကွယ်စောင့်ရှောက်ရေးစီမံချက်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှုများဆိုင်ရာ အစည်းအဝေး အား ယမန်နေ့မွန်းလွဲပိုင်းက ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက ပြော ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်၏ လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (Optional Protocol on the Involvement of Children in Armed Conflict-OPAC) ကို လက်မှတ်ရေးထိုးဆောင် ရွက်ခဲ့ပါကြောင်း၊ OPAC တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအား အသုံးပြုမှုအား အကာ အကွယ်ပေးရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် တားဆီးဆောင်ရွက်ရမည့် ကြီးလေးသော ချိုးဖောက်မှု (Six Grave Violations) ပါ သတ်မှတ်ချက်(၆)ချက်ရှိပါကြောင်း၊ အဆိုပါ တားမြစ်ချက်ပါအချက်များနှင့် ပတ် သက်၍ အသိပညာပေးခြင်း၊ ကာကွယ်တားဆီးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများအား ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုအောက်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအား ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ရေးဆွဲပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်း များကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ်အခွင့် အရေးများနှင့် ပတ်သက်၍ အဓိကဆောင်ရွက်နေသည့်အတွက် သတင်းထုတ်ပြန်ရာတွင် မှန်ကန်သော အချက်အလက်များရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် ဆက်သွယ်ရယူရမည်ဖြစ်ပါကြောင်း ပြည်ထောင်စု ဝန်ကြီးက ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့သည်။

#PeopleMedia #လူကယ်ပြန်

(unicode)

Related Posts:

  • မှတ်မိသလောက် သူတို့သမိုင်း             ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ဦးသန့် အရေးအခင်းမှာ ဦးတင်ဦးက စစ်ဦးစီးချုပ်ပဲ ။ အရေးအခင်း နှိမ်နင်းတော့ သူ့အမိန့်အရ ပစ်ခတ်ဖြိုခွဲခဲ့ကြတယ် ။ ကျောင်းသူ ကျောင်းသားတွေ သေကြတော့… Read More
  • Hot News        မနက်က ကြည့်မြင်တိုင် သပိတ်ကိစ္စမှာ အရမ်းလူသားဆန်ပြနေသူ ဘောမအချို့လည်း တွေ့ရပါတယ် ။         ကျနော်ကတော့ ရက်စက်တယ်ပဲ ဆိုချင်ဆိုပါစေ ၊ ဒီလို ဖမ်းဆီး နှိပ်ကွပ်တာ ကြိုက်တယ် ။ လု… Read More
  • တိုင်းပြည်ကိုဖျက် အရက်အဆင့်သို့           ကျနော်တို့ တိုင်းပြည်ဟာ အင်မတန် အံ့သြစရာတွေ များတဲ့တိုင်းပြည်ပါပဲ ။ ကျနော်တို့ငယ်စဥ် ကျနော်တို့မြို့မှာ ပွဲရုံလုပ်ငန်း ၊ ဆီစက်လုပ်ငန်း နဲ့ ဆေးလိပ်ခုံလုပ်ငန်းတွေ အလွန်များပြားခဲ့ပြီး အလ… Read More
  • ဥပဒေ နဲ့ ပရိယာယ်         နေ့ခင်ပိုင်းက ဒေါ်စုကြည် နဲ့ ဦးဝင်းမြင့် တို့ကို ဥပဒေအရ နှစ်မှုပေါင်း အမြင့်ဆုံး ပြစ်ဒဏ် ၅ နှစ်ချလို့ရပေမယ့် ၄ နှစ်စီ ချမှတ်ခဲ့တယ် ။          နီပိတ်အုပ်စုကလွဲရင… Read More
  • သံလျှက်ဒါးသွား နှစ်ဖက်သွေးဖို့        သံလျှက်ဒါး ဆိုတာ ဘုရင်တို့ရဲ့ မင်းမြှောက်တန်ဆာ ငါးပါးထဲက အရေးကြီးတဲ့ အသုံးအဆောင်ပါ ပဲ ။         သူ့ကို ပုံစံ နှစ်မျိုးနဲ့ တွေ့ရလေ့ရှိပါတယ် ။ အဖျားသွယ်တဲ့ သံလျှက်ဒါးကို မင်း… Read More