Monday, November 22, 2021

ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်နိုင်ရန်အတွက် လျှပ်စစ်မီးချိန်ညှိခြင်းလုပ်ငန်းများ နိုဝင်ဘာလကုန်ပိုင်း၌ အပြီးသတ်ဆောင်ရွက်သွားမည်


ရန်ကုန် နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုနယ် သိင်္ဂုတ္တရကုန်းတော်၌ တည်ထားတော်မူသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်ရန်အတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအခါ နောက်ဆုံးအဆင့် လျှပ်စစ်မီး တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီး လျှပ်စစ်မီးချိန်ညှိခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိသောကြောင့် နိုဝင်ဘာလကုန်ပိုင်း၌ လျှပ်စစ်မီးချိန်ညှိခြင်းလုပ်ငန်းများ အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲမှ သိရသည်။

လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်နိုင်ဖိုအတွက် နောက်ဆုံးအဆင့် လျှပ်စစ်မီး တပ်ဆင်တာက ဆောင်ရွက်ပြီးစီးသွားပြီမို လျှပ်စစ်မီး ချိန်ညှိတာတွေကို လုပ်ဆောင်နေပါတယ်၊ ဒါလည်း ဒီနိုဝင်ဘာလကုန်လောက်ဆိုရင်တော့ ဆောင်ရွက်ပြီးစီးတော့မှာမို လာမယ့် ဒီဇင်ဘာ ၁၈ ရက် (၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်နေ့)မှာ ရေစက်ချအခမ်းအနားလုပ်ဖိုတော့ အကြမ်းဖျဉ်း စီစဉ်ထားပါတယ်၊ ဆက်လက်လှူဒါန်းကြမယ့် အလှူရှင်တွေရှိရင်လည်း လှူဒါန်းနိုင်ဖိုအတွက် ဆက်ပြီးလက်ခံသွားမှာဖြစ်ပြီး လောလောဆယ်တော့ အများလှူဒါန်းငွေနဲ့စိုက်ပြီး ကြိုလုပ်ဆောင်ရနေတာ ဖြစ်ပါတယ်ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲဝင် ဦးဘိုးသင်းက ပြောသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလပိုင်းက နိုင်ငံပိုင်သတင်းစာများမှ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲမှ ကြီးကြပ်မှုဖြင့် လျှပ်စစ်ဆိုင်ရာ နည်းပညာအကြံပေးအဖွဲကို ဖွဲစည်း၍ စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လျှပ်စစ်ဆိုင်ရာ နည်းပညာအကြံပေးအဖွဲအနေဖြင့် ၁၉၉၈ ခုနှစ် ထာဝရဘက်စုံပြုပြင်စဉ် မူလထွန်းညှိထားသော မီးတိုင်၊ မီးလုံး၊ မီးအလင်းရောင်အခြေအနေများမှ ပိုမိုကောင်းမွန်မည့် နည်းပညာသတ်မှတ်ချက်များနှင့် လျှပ်စစ်ပစ္စည်းများအသုံးပြုရန် အကြံပြုချက်ဖြင့် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နည်းပညာဆိုင်ရာအောင်မြင်ခဲ့သော Lighting Specialist Co.,Ltd (Krislite) မှ ၂၀၂၁ ခုနှစ် ဧပြီလတွင် လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စေတီတော်မြတ်ကြီး လုံးတော်ပြည့် အဆင့်မြှင့်လျှပ်စစ်မီး ထွန်းညှိပူဇော်ခြင်းလုပ်ငန်းကို အများပြည်သူတို၏ လှူဒါန်းငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အဆင့်မြင့် LED မီးလုံးများကြောင့် ပိုမိုထွန်းလင်းတောက်ပခြင်း၊ အသုံးပြုသော၀ပ်အား လျော့ကျစေခြင်း၊ လျှပ်စစ်အန္တရာယ်လုံခြုံမှု ပိုမိုတိုးမြှင့်လာခြင်းတို ရရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။

သတင်း(ပွင့်သစ္စာ) 
ဓာတ်ပုံ(စိုးမြင့်အောင်)

Related Posts:

  • လွမ်းလောက်တဲ့ လူ          နေ့လည်က ကိုရဲမိုးသတင်း ရေးတင်တော့ အဲဒီသတင်းမှားနေတယ်ပြောနေလို့ ကိုမျိုးရေ ဆိုပြီး လာမန့်ကြပါတယ် ။ SS ရိုက်ထားတဲ့ သက်သေတွေနဲ့ပေါ့ ။        ကျနော်အဲဒီ မန့် တွေကို like… Read More
  • Black Pig ကိုရဲမိုးအားလေးစားစွာ ဂုဏ်ပြုပါသည်...မထင်ရှားသောစစ်သည် နှင့် သူရဲကောင်းအပေါင်းတို့အား အလေးထားလျှက် ငါတို့သွေးသား ငါတို့နှလုံးသားများ ပြုတ်ကြွေသည်သို့ ရင်တနင့်နင့်နာ ဝမ်းနည်းစွာခံစားရင်း။ ငါတို့သေသော်လည်းမမေ့ အောက်မေ့လျှက်ရှိနေမည်... သွားနှင့်ပါ... လိုက်ခဲ့ပါမယ်.… Read More
  • ကိုရဲမိုး ကောင်းရာသုကတိလားပါစေ 🙏🙏🙏😭 ဗီဒီယိုခရက်ဒစ်ပါ… Read More
  • ကပ္ပတိန် ရဲမိုး မြင့်မြတ်သောဘုံဘဝမှာ စံမြန်းနိုင်ပါစေ ~စစ်သားဆိုတာ ဒီလိုစိတ်ဓါတ်မျိုးကွလို့ ဂျူနီယာတွေကို ပညာပေးရင်းတိုင်းပြည်အပေါ် နောက်ဆုံးထွက်သက်ထိ တာဝန်ကျေခဲ့သူ ~အစ်ကိုကြီး လွတ်လပ်စွာ ခရီးဆက်ပါတော့ ။  ခေတ်ဘုန်းခ ~ Khit Bone Kha. … Read More
  • 🍁 တကယ်စိတ်မကောင်းစရာပါစစ်သားစိတ်ဓါတ်ရှိသူနိုင်ငံချစ်စိတ်ဓါတ်ရှိသူတပ်မတော်ဖက်ကရပ်တည်သူ၊သူ့ကိုမမြင်ဘူးခင်ကထဲကအပြောင်းအလဲတခုလုပ်ပေးခဲ့ဘူးတယ်နောက်တော့ကျောင်းမှာ MPA လာတက်တယ်နဂို Talent ရှိထားသူဖြစ်လေတော့စာရေးရင်လဲ အောင်မြင်ခဲ့သလိုသတင်းလိုက်တဲ့အခါလဲ အေ… Read More