Monday, November 22, 2021

စားပါကလေးရယ်


သွေးစွန်းတဲ့လက်နဲ့ကျွေးလို့မကြောက်ပါနဲ့နော်
ဦးဦးတို့ကျွေးတဲ့ထမင်းကဦးဦးတို့အသက်သွေး
ချွေးမြေခမှရတဲ့လုပ်အားခလေးတွေမို့သန့်ရှင်းစင်ကြယ်ပါတယ်
 
 ရုပ်ကြမ်းမျက်နာဆိုးကြီးမို့မကြောက်ပါနဲ့နော်
ရုပ်ကြမ်းပေမဲ့ချစ်တတ်တဲ့စိတ်သနားငှဲ့ညှာတတ်တဲ့စိတ်ကိုယ်ချင်းစာတရားအပြည့်ရှိပြီးသူတစ်ပါးအပေါ်ရိုင်းပင်ကူညီတတ်တဲ့စိတ်တော့အပြည့်ရှိပါ
တယ်ကွယ်

စကားကြမ်းကြမ်းပြောလို့မကြောက်နဲ့နော်
စစ်သားစကားကိုတိကျပြတ်သားစွာပြောတတ်လို့
တစ်ပါးသူနားမခံနိုင်တာသိပေမဲ့မုသာမပါလိမ်ညာမှုမရှိတဲ့ရိုးဖြောင့်တဲ့စကားမို့အဆိပ့်အတောက်မပါဘူးဆိုတာယုံပါ

မကြောက်ပါနဲ့ကလေးရယ်
ရုပ်ကြမ်းအပြောကြမ်းတဲ့လူကြမ်းကြီးပေမဲ့ချစ်တတ်တဲ့နုညံ့ပျော့ပြောင်းတဲ့စိတ်ထားလေးတွေပိုင်ဆိုင်ထားပါတယ်
နုညံ့သိမ်မွေ့တဲ့စိတ်ထားရှိတဲ့ဦးဦးကျွေးတဲ့ထမင်းကိုမကြောက်မလန့်ဘဲအဟာရဖြစ်အောင်စားလိုက်စမ်းပါကလေးရယ်

Credit